Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 34:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 နွားသငယ်​ထက်ခြမ်း​အလယ်​၌ လျှောက်သွား​သော ယုဒ​လူမျိုး​အကြီးအကဲ​များ​နှင့်တကွ ဂျေရုဆလင်​မြို့​အကြီးအကဲ​များ​၊ နန်းတွင်း​အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​နှင့် ပြည်သူပြည်သား​အားလုံး​တို့​ကို

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ထို နွား ခြမ်း ကြား တွင် လျှောက် သွား သူ ယု ဒ ပြည် ယေ ရု ရှ လင် မြို့ မှူး မတ် များ မှ စ၍၊ မိန်း မ စိုး များ၊ ပ ရော ဟိတ် များ နှင့် ပြည် သူ ပြည် သား များ ကို၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ယု​ဒ​မင်း၊ ယေ​ရု​ရှ​လင်​မင်း၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​စ​ရှိ​သော၊ နွား​သ​ငယ် ထက်​ခြမ်း​အ​လယ်​သို့ လျှောက်​သွား​သော ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 34:19
14 ပူးပေါင်းရင်းမြစ်များ  

နေဝင်​၍ မှောင်​လာ​သောအခါ မီးခိုး​ထွက်​နေ​သော​မီးဖို​နှင့် မီးတောက်​နေ​သော​မီးတိုင်​သည် ထို​ပိုင်း​ထား​သော​အသေကောင်​တို့​အလယ်​၌ ဖြတ်သွား​၏​။


အာဗြံ​က​လည်း “​ဘုရားရှင်​ထာဝရဘုရား​၊ ဤ​ပြည်​ကို အကျွန်ုပ်​ပိုင်ဆိုင်​ရ​မည်​ကို မည်သို့​သိ​နိုင်​ပါ​မည်နည်း​”​ဟု မေးလျှောက်​လေ​၏​။


ထိုအခါ ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး​သည် မယ်တော်​မှစ၍ မင်းမှုထမ်း​များ​၊ မှူးမတ်​များ​နှင့် မိန်းမစိုး​များ​ပါ​လျက် ဘေဘီလုံ​ဘုရင်​ထံ အညံ့ခံ​လေ​၏​။ ထို့ကြောင့် ဘေဘီလုံ​ဘုရင်​သည် နန်းစံ​ရှစ်​နှစ်​တွင် ယောယခိမ်​မင်းကြီး​ကို ဖမ်းခေါ်​သွား​၏​။


ဤသို့ဖြင့် ဘေဘီလုံ​ဘုရင်​သည် ယောယခိမ်​မင်းကြီး​ကို ဘေဘီလုံ​မြို့​သို့​ဖမ်းခေါ်​သွား​၏​။ ရှင်ဘုရင်​၏​မယ်တော်​၊ ရှင်ဘုရင်​၏​မိဖုရား​များ​၊ မှူးမတ်​များ​နှင့် တိုင်းပြည်​အကြီးအကဲ​အားလုံး​တို့​ကို​လည်း ဂျေရုဆလင်​မြို့​မှ ဘေဘီလုံ​မြို့​သို့ သုံ့ပန်း​အဖြစ် ဖမ်းခေါ်​သွား​လေ​၏​။


ယေခေါနိ​မင်းကြီး​၊ မယ်တော်​၊ နန်းတွင်း​အကြီးအကဲ​များ​၊ ယုဒ​ပြည်​ဂျေရုဆလင်​မြို့​၏​မှူးမတ်​များ​မှစ၍ လက်မှုပညာသည်​နှင့် ပန်းပဲသမား​တို့ ဂျေရုဆလင်​မြို့​မှ ထွက်သွား​ပြီးနောက်​တွင် ရေးသား​၍


ပဋိညာဉ်​ဖွဲ့​ရာ​တွင် ပါဝင်​သော​အကြီးအကဲ​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​က ကိုယ့်​ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​ကို လွတ်မြောက်​ခွင့်​ပေး​ရ​မည်​။ ဘယ်သောအခါမှ ကျွန်​ပြန်​မ​ပြု​ရ​ဟူသော​ပဋိညာဉ်​ပါ​အချက်​ကို သဘောတူ​နာခံ​၍ ကျွန်​တို့​ကို လွှတ်ပေး​ကြ​၏​။


ယေရမိ​အား ရေတွင်း​ထဲသို့ ပစ်ချ​ကြောင်း​ကို ဘုရင့်​နန်းတော်​ရှိ အီသီယိုးပီးယား​အမျိုးသား မိန်းမစိုး ဧဗဒမေလက်​ကြားသိ​လျှင် ဗင်္ယာမိန်​တံခါး​၌ ရှင်ဘုရင်​ထိုင်​နေ​စဉ်


ဘေဘီလုံ​ဘုရင်​သည် ရိဗလ​မြို့​၌ ဇေဒကိ​မင်းကြီး​၏​သား​တို့​ကို ဇေဒကိ​မင်းကြီး​၏​ရှေ့မှောက်​တွင်​ပင် သတ်​၏​။ ယုဒ​မှူးမတ်​အပေါင်း​တို့​ကို​လည်း သတ်​လေ​၏​။


အကျွန်ုပ်​တို့​အပေါ် ဘေးဆိုး​ကြီး ကျရောက်​စေ​ခြင်း​ဖြင့် အကျွန်ုပ်​တို့​နှင့်တကွ အကျွန်ုပ်​တို့​ကို အုပ်စိုး​သော​အုပ်စိုးရှင်​တို့​အား ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သည့်​စကား​တော်​ကို ပြည့်စုံ​စေ​တော်မူ​ပြီ​။ အကြောင်းမူကား ကောင်းကင်​တစ်ခွင်​အောက်​၌ တစ်ခါ​မျှ​မ​ဖြစ်​ဖူး​သော​အရာ​သည် ဂျေရုဆလင်​မြို့​တွင် ဖြစ်​လေ​ပြီ​။


ကိုယ်တော်​၏​အစေအပါး ပရောဖက်​တို့​က နာမ​တော်​ကို​အမှီပြု​၍ အကျွန်ုပ်​တို့​၏​ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ဘိုးဘေး​များ​မှစ၍ ပြည်သူပြည်သား​တို့​အား ဟောပြော​ခဲ့​သည်​ကို အကျွန်ုပ်​တို့ နား​မ​ထောင်​ခဲ့​ပါ​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ဘိုးဘေး​များ​မှစ၍ အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​မိ​ကြ​သောကြောင့် အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ရ​ပါ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ