ယဟောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒသွန်သင်သည့်ကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
ယေရမိ 34:15 - မြန်မာ့စံမီသမ္မာကျမ်း ယခုတွင် သင်တို့သည် နောင်တရ၍ ငါ့မျက်မှောက်၌ မှန်သောအရာကို ပြုကြ၏။ အိမ်းနီးချင်းအချင်းချင်းအား လွတ်မြောက်ခွင့်ရပြီဟု ကြေညာကြ၏။ ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော ငါ့အိမ်တော်၊ ငါ့မျက်မှောက်တွင် ငါနှင့်ပဋိညာဉ်ဖွဲ့ကြ၏။ Common Language Bible လွန်ခဲ့သည့်ရက်အနည်းငယ်ကသင်တို့သည် စိတ်သဘောပြောင်းလဲ၍ ငါနှစ်သက်သည့် အမှုကိုပြုခဲ့ကြ၏။ သင်တို့အားလုံးပင် မိမိတို့ဟေဗြဲအမျိုးသားအချင်းချင်း တို့အား လွတ်လပ်ခွင့်ပေးရန်သဘောတူညီ ချက်ဖြင့် ငါ့နာမဖြင့်တည်ဆောက်ထား သောဗိမာန်တော်အတွင်းငါ၏ရှေ့မှောက် ၌ပဋိညာဉ်ပြုခဲ့ကြ၏။- Garrad Bible ယ ခု မှာ လည်း သင် တို့ သည် သ ဘော ပြောင်း၍ အ ချင်း ချင်း အား လွတ် ခွင့် ကြော် ငြာ သ ဖြင့် မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် လျက်၊ နာ မ တော် ဖြင့် သ မုတ် ခံ သော ဗိ မာန် တော့် အ တွင်း၊ ရှေ့ တော်၌ ပ ဋိ ညာဉ် ကို ဝန် ခံ ကြ သော် လည်း၊ Judson Bible သင်တို့သည် ယခုမှာပြောင်းလဲ၍၊ အသီးအသီး အိမ်နီးချင်းတို့အား လွတ်ရသောအခွင့်ကို ထင်ရှားစွာ စီရင်သဖြင့်၊ ငါ့ရှေ့၌ တရားသောအမှုကိုပြုလျက်၊ ငါ့နာမဖြင့် သမုတ်သော ဗိမာန်တော်၌ ငါ့ရှေ့မှာ ဝန်ခံခြင်း ပဋိညာဉ်ကို ပြုကြသော်လည်း၊ |
ယဟောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒသွန်သင်သည့်ကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မတ်စွာပြုကျင့်သော်လည်း ဘိုးဘေးဒါဝိဒ်မင်းကြီးကဲ့သို့မဟုတ်၊ ခမည်းတော်ယောရှမင်းကြီးပြုကျင့်သမျှအတိုင်း ပြုကျင့်၏။
ရှင်ဘုရင်သည် တိုင်နားတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြုလျှင် လူအပေါင်းတို့ကလည်း ကတိသစ္စာပြုကြ၏။
သူတို့၏ဆွေမျိုးသားချင်းခေါင်းဆောင်များနှင့်အတူ ဘုရားသခင်၏အစေအပါးမောရှေအားဖြင့်ပေးအပ်တော်မူသော ဘုရားသခင်၏ပညတ်တရားကို လိုက်နာပါမည်။ ဘုရားရှင်ထာဝရဘုရား၏ပညတ်တော်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပြဋ္ဌာန်းချက်အားလုံးတို့ကို လိုက်နာစောင့်ထိန်းပါမည်။
ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကျိန်ဆို၍ အတည်ပြုပါ၏။
သင်တို့၏ဘုရားသခင် ထာဝရဘုရားထံ ကတိသစ္စာပြု၍ ပြည့်စုံစေကြလော့။ ကိုယ်တော်၏ပတ်လည်၌ရှိသောသူအပေါင်းတို့သည် ကြောက်ရွံ့ရိုသေရသောအရှင်ထံသို့ လက်ဆောင်ပဏ္ဏာကိုယူဆောင်လာကြပါစေသော။
သို့သော် ဖြောင့်မတ်စွာပြုကျင့်၍ မိမိတို့ဘုရားသခင်၏စီရင်ထုံးဖွဲ့ချက်ကို မစွန့်ပယ်သောလူမျိုးကဲ့သို့ သူတို့သည် နေ့တိုင်း ငါ့ကိုရှာ၍ ငါ၏တရားလမ်းတို့ကို သိလိုကြ၏။ ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက်ကို မေးမြန်းကြ၏။ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ခြင်းကို နှစ်သက်ကြ၏။
ငါ့နာမဖြင့်ခေါ်ဝေါ်သော ငါ့အိမ်တော်၌ ရွံရှာဖွယ်ရာများကိုထားရှိခြင်းဖြင့် ငါ့အိမ်တော်ကို ညစ်ညူးစေကြပြီ။
ဇေဒကိမင်းကြီးက ဂျေရုဆလင်မြို့သားအပေါင်းတို့နှင့်ပဋိညာဉ်ဖွဲ့ပြီး ကျွန်ဘဝမှလွတ်မြောက်ပြီဟု ကြေညာပြီးနောက်မှ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံ ရောက်လာပြန်၏။
သင်တို့သည် ငါးဆယ်မြောက်နှစ်ကို သန့်ရှင်းစေ၍ ထိုပြည်၌နေထိုင်သောသူအပေါင်းတို့ လွတ်လပ်ခွင့်ရကြောင်း တစ်ပြည်လုံးကြေညာရမည်။ ထိုနှစ်သည် သင်တို့အဖို့ မင်္ဂလာရတုနှစ်ဖြစ်၍ သင်တို့အသီးသီး မိမိပိုင်ဆိုင်ရာမြေသို့လည်းကောင်း၊ မိမိမျိုးနွယ်စုထံသို့လည်းကောင်း ပြန်ရမည်။
‘ဤလူတို့သည် သူတို့၏နှုတ်ဖြင့် ငါ့ကိုရိုသေကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ငါနှင့်ဝေးလှ၏။