ယေရမိ 32:12 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ဘထွေး၏သား ဟာနမေလရှေ့၊ အဝယ်စာချုပ်၌ လက်မှတ်ရေးထိုးသောသက်သေများရှေ့၊ ထောင်ဝင်း၌ထိုင်နေကြသော ဂျူးလူမျိုးအားလုံးရှေ့တွင် မာသေယ၏မြေး၊ နေရိ၏သား ဗာရုတ်လက်သို့ အဝယ်စာချုပ်ကိုပေးအပ်၏။ Common Language Bible မာသေယ၏မြေး၊ နေရိ၏သားဗာရုတ်၏ လက်သို့ပေးအပ်လိုက်လေသည်။ ထိုစာချုပ် များကိုငါသည်သူ့အားယာနမေလ၏ ရှေ့၌လည်းကောင်း၊ အရောင်းအဝယ်ပြုရာ တွင်အသိသက်သေများအဖြစ်လက်မှတ် ရေးထိုးခဲ့သူများ၏ရှေ့၌လည်းကောင်း၊ အချုပ်ထောင်ဝင်းအတွင်းတွင်ထိုင်လျက် နေကြသောဟေဗြဲအမျိုးသား၏ရှေ့၌ လည်းကောင်းပေးအပ်ခြင်းဖြစ်သတည်း။- Garrad Bible နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း ရှိ ယု ဒ လူ မျိုး တို့ ရှေ့၊ ဘ ထွေး ၏ သား ဟာ န မေ လ နှင့် စာ ချုပ် သူ သက် သေ တို့ မျက် မှောက် ၌ မာ သေ ယ မြေး၊ နေ ရိ သား ဗာ ရုတ် သို့ အပ် ပေး ပြီး နောက်၊ Judson Bible ဘထွေးသား ဟာနမေလ အစရှိသော၊ စာချုပ်၌ အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေသော ယုဒလူများအပေါင်းတို့ရှေ့တွင်၊ မာသေယသားဖြစ်သော နေရိ၏သားဗာရုတ်၌ အပ်လျက်၊ |
ငါသည် အဝယ်စာချုပ်ကို နေရိ၏သား ဗာရုတ်ထံပေးအပ်ပြီးနောက် ထာဝရဘုရားထံ ဆုတောင်းလျက်
ရှင်ဘုရင်သည် သားတော်ယေရမေလ၊ အာဇရေလ၏သားစရာယနှင့် အာဗဒေလ၏သားရှေလမိတို့အား စာရေးတော်ကြီးဗာရုတ်နှင့်ပရောဖက်ယေရမိတို့ကို ဖမ်းဆီးရန် အမိန့်ပေး၏။ သို့သော် ထာဝရဘုရားသည် သူတို့ကို ဝှက်ထားတော်မူ၏။
ထို့နောက် ယေရမိသည် စာလိပ်နောက်တစ်လိပ်ကိုယူ၍ နေရိ၏သား စာရေးတော်ကြီးဗာရုတ်အား ပေးလေ၏။ ယုဒဘုရင်ယောယကိမ်မင်းကြီး မီးရှို့ပစ်သောစာလိပ်၌ပါသည့်စကားအတိုင်း ယေရမိသည် နှုတ်မှခေါ်ပေး၍ ဗာရုတ်ရေးမှတ်လေ၏။ ထိုသို့သော နှုတ်ထွက်စကားများစွာကိုလည်း ထပ်၍ဖြည့်စွက်ခေါ်ပေးသေး၏။
ပရောဖက်ယေရမိသည် ယုဒဘုရင်ဇေဒကိမင်းကြီး နန်းစံလေးနှစ်တွင် ဇေဒကိမင်းကြီးနှင့်အတူ ဘေဘီလုံမြို့သို့လိုက်ပါသွားသော မာသေယ၏မြေး၊ နေရိ၏သား အတွင်းဝန်စရာယအား စာပေးလိုက်၏။
အကြောင်းမူကား ငါတို့သည် သခင်ဘုရားရှေ့တော်၌သာမက လူတို့ရှေ့၌လည်း တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြ၏။