အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 31:31 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် အစ္စရေး​အမျိုးအနွယ်​၊ ယုဒ​အမျိုးအနွယ်​တို့​နှင့် ပဋိညာဉ်​သစ်​ဖွဲ့​မည့်​နေ့ရက် ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဣ​သ​ရေ​လ​ပြည် သား​များ၊ ယု​ဒ​ပြည်​သား​များ​နှင့်​ပ​ဋိ​ညာဉ် သစ်​ဖွဲ့​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထာ ဝ ရ ဘု ရား က လည်း၊ ဣ သ ရေ လ၊ ယု ဒ အ မျိုး သား တို့ နှင့် ပ ဋိ ညာဉ် သစ် ကို ငါ ဖွဲ့ မည့် နေ့ ရက် ကာ လ ရောက် တော့ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 31:31
24 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​က “​ဤသည်ကား သူ​တို့​နှင့်​ပြု​သော ငါ​၏​ပဋိညာဉ်​ဖြစ်​၏​။ သင်​၌​တည်​နေ​သော​ငါ​၏​ဝိညာဉ်​တော်​၊ သင့်​နှုတ်​၌​ငါ​ထား​သော ငါ​၏​နှုတ်ကပတ်တော်​သည် သင့်​နှုတ်​မှ​လည်းကောင်း​၊ သင့်​သားစဉ်မြေးဆက်​၏​နှုတ်​မှ​လည်းကောင်း​၊ သင့်​သားစဉ်မြေးဆက်​အဆက်ဆက်​၏​နှုတ်​မှ​လည်းကောင်း ယခု​မှစ၍ ကာလ​အစဉ်အဆက် တည်ရှိ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အချိန်​ကျရောက်​ပြီ​။ ဖြောင့်မတ်​ခြင်း​အကိုင်း​ကို ဒါဝိဒ်​အမျိုး​မှ ငါ​ပေါ်ထွက်​စေ​မည်​။ သူ​သည် ဘုရင်​အဖြစ်​အုပ်စိုး​မည်​။ ပညာသတိ​ရှိ​လျက် ပြည်​တော်​၌ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ စီရင်​မည်​။


ထာဝရဘုရား​မိန့်​တော်မူ​သည်မှာ ‘ကြည့်ရှု​လော့​။ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော ငါ့​လူမျိုး​တော်​အစ္စရေး​နှင့်​ယုဒ​တို့​ကို ငါ​ပြန်လာ​စေ​သော​နေ့ ရောက်လာ​ပြီ​။ ဘိုးဘေး​တို့​အား ငါ​ပေး​ခဲ့​သော​ပြည်​သို့ သူ​တို့​ကို ပြန်လာ​စေ​သဖြင့် ထို​ပြည်​ကို သူ​တို့​ပြန်လည်​ပိုင်ဆိုင်​ရ​လိမ့်မည်’​ဟူ၍ ဖြစ်​၏”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အစ္စရေး​အမျိုးအနွယ်​နှင့်​ယုဒ​အမျိုးအနွယ်​တို့​တွင် လူသား​မျိုးစေ့​နှင့်​တိရစ္ဆာန်​မျိုးစေ့​တို့​ကို ငါ​ကြဲ​မည့်​အချိန် ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​ကို မ​စွန့်ပစ်​ဘဲ အစဉ်​ကောင်းစား​စေ​မည့်​အကြောင်း ငါ​သည် သူ​တို့​နှင့် ထာဝရ​ပဋိညာဉ်​ဖွဲ့​မည်​။ သူ​တို့​သည် ငါ့​ထံမှ မ​ထွက်သွား​မည့်​အကြောင်း ငါ့​ကို​ကြောက်ရွံ့ရိုသေ​ခြင်း​သဘော​ကို သူ​တို့​စိတ်နှလုံး​ထဲသို့ သွင်းပေး​မည်​။


ငါ​သည် သူ​တို့​နှင့် ငြိမ်သက်​ခြင်း​ပဋိညာဉ်​ကို​ဖွဲ့​၍ ထို​ပဋိညာဉ်​သည် ထာဝရ​ပဋိညာဉ်​ဖြစ်​မည်​။ သူ​တို့​ကို နေရာချ​ထား​မည်​။ သူ​တို့​ကို တိုးပွား​စေ​မည်​။ ငါ​၏​သန့်ရှင်းရာဌာန​ကို သူ​တို့​အလယ်​တွင် အစဉ်​တည်​စေ​မည်​။


ထာဝရဘုရား​က “ကြည့်ရှု​လော့​။ ထွန်ယက်​သော​သူ​သည် ရိတ်သိမ်း​သော​သူ​ကို​လည်းကောင်း​၊ စပျစ်သီး​နင်းနယ်​သော​သူ​သည် မျိုးစေ့​ကြဲ​သော​သူ​ကို​လည်းကောင်း ကျော်လွန်​သွား​မည့်​နေ့ရက်​ရောက်လာ​လိမ့်မည်​။ တောင်​များ​ပေါ်တွင် စပျစ်ဝိုင်​အသစ်​ယိုစီး​၍ တောင်ကုန်း​ရှိသမျှ​ကို ဖုံးလွှမ်း​မည့်​နေ့ရက်​ရောက်လာ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ဤသည်ကား အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။


ကိုယ်တော်​က​လည်း“ဤသည်ကား လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။


ထိုနည်းတူ ညစာ​စား​ပြီးနောက် ခွက်​ကို​လည်း​ယူ​၍“ဤ​ခွက်​ကား သင်​တို့​အတွက်​သွန်းလောင်း​သော ငါ​၏​သွေး​၌​တည်​သည့် ပဋိညာဉ်​သစ်​ဖြစ်​၏။


ထိုနည်းတူ ညစာ​စား​ပြီးမှ ခွက်​ကို​လည်း​ယူ​၍“ဤ​ခွက်​ကား ငါ​၏​သွေး​၌​တည်​သော ပဋိညာဉ်​သစ်​ဖြစ်​၏။ ဤ​ခွက်​ကို​သောက်​သောအခါ​တိုင်း ငါ့​ကို​အောက်မေ့​ဖို့​ရန် ဤသို့​ပြု​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ဘုရားသခင်​သည် ငါ​တို့​အား ပဋိညာဉ်​သစ်​၏​အမှု​ကို​ဆောင်ရွက်​နိုင်​သော​အစွမ်းအစ​ကို​ပေး​တော်မူ​၏။ ထို​ပဋိညာဉ်​သစ်​သည် အက္ခရာတင်​ထား​သော​တရား​နှင့်​မ​ဆိုင်၊ ဝိညာဉ်​တော်​နှင့်​သာ​ဆိုင်​၏။ အကြောင်းမူကား အက္ခရာတင်​ထား​သော​တရား​သည် အသက်​ကို​သေ​စေ​၍ ဝိညာဉ်​တော်​မူကား အသက်​ကို​ရရှိ​စေ​၏။


ဤ​နည်းဥပဒေသ​အတိုင်း လိုက်လျှောက်​သူ​ရှိသမျှ​တို့​အပေါ်​၌​လည်းကောင်း၊ ဘုရားသခင်​၏​အစ္စရေး​အမျိုး​တို့​အပေါ်​၌​လည်းကောင်း ငြိမ်သက်​ခြင်း​နှင့်​ကရုဏာ​တော် သက်ရောက်​ပါစေသော။


‘​ငါ​သည် ဤ​ပဋိညာဉ်​၊ ဤ​ကျိန်တွယ်​ခြင်း​ကို သင်​တို့​နှင့်​သာ​ပြု​သည်​မ​ဟုတ်​။​’


အကြောင်းမူကား ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့်​ဝတ်ပြု​၍ ခရစ်တော်​ယေရှု​၌​ဝါကြွား​လျက် အသွေး​အသား​၌​ကိုးစား​ခြင်း​မ​ရှိ​သော​ငါ​တို့​သည် အရေဖျား​လှီး​ထား​သော​သူ​အစစ်အမှန်​ဖြစ်​ကြ​၏။


ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏​သွေး​ထက် သာ၍​မြတ်​သော​အရာ​ကို​မြွက်ဆို​သည့် ပက်ဖျန်း​သော​သွေး​တော်​ထံသို့​လည်းကောင်း ချဉ်းကပ်​ကြ​၏။


ထာဝရ​ပဋိညာဉ်​နှင့်ဆိုင်သော​သွေး​တော်​အားဖြင့် သိုး​တို့​၏​သိုးထိန်း​ကြီး​ဖြစ်​တော်မူ​သော ငါ​တို့​သခင်​ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ခေါ်ထုတ်​တော်မူ​သည့် ငြိမ်သက်​ခြင်း​အရှင်​ဘုရားသခင်​သည်


ယဇ်ပုရောဟိတ်​အရိုက်အရာ​၌ ပြောင်းလဲ​ခြင်း​ရှိ​လျှင် ပညတ်​တရား​၌​လည်း ပြောင်းလဲ​ခြင်း​ရှိ​ရန်​လိုအပ်​၏။


ထို့ကြောင့် ခရစ်တော်​သည် ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ​ဖြစ်​တော်မူ​၏။ ဤသည်ကား ပထမ​ပဋိညာဉ်​လက်အောက်​၌ ဖောက်ဖျက်​ကျူးလွန်​သော​အပြစ်​များ​မှ လူ​တို့​ကို​ရွေးနုတ်​ရန် ကိုယ်တော်​သည် အသေခံ​တော်မူ​ခြင်း​အားဖြင့် ခေါ်ယူ​တော်မူ​သော​သူ​တို့​သည် ထာဝရ​အမွေ​နှင့်ဆိုင်သော​ကတိ​တော်​ကို ရရှိ​မည့်​အကြောင်း​တည်း။