သို့မှ သူတို့သည် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ အမွှေးနံ့သာကို ပူဇော်၍ ရှင်ဘုရင်နှင့် သူ၏သားသမီးများကောင်းစားဖို့ ဆုတောင်းပေးနိုင်မည်ဖြစ်၏။
ယေရမိ 29:7 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကို ဖမ်းခေါ်သွား၍ သင်တို့ရောက်သောမြို့၌ အေးအေးချမ်းချမ်းနေထိုင်လျက် ထိုမြို့အတွက် ထာဝရဘုရားထံ ဆုတောင်းပေးကြလော့။ အကြောင်းမူကား ထိုမြို့အေးချမ်းလျှင် သင်တို့လည်း အေးအေးချမ်းချမ်းနေရမည်ဟူ၍ မိန့်တော်မူ၏။ Common Language Bible သင်တို့အားသုံ့ပန်းများအဖြစ်ငါပို့ဆောင် လိုက်သည့်မြို့ကိုကောင်းကျိုးပြုကြလော့။ ထို မြို့ကောင်းစားလျှင်သင်တို့လည်းကောင်းစား မည်ဖြစ်၍ ထိုမြို့အတွက်ငါ၏ထံသို့ဆု တောင်းပတ္ထနာပြုကြလော့။- Garrad Bible ငါ သုံ့ ပန်း သိမ်း သွား စေ ရာ မြို့ ၏ စည်း စိမ် ချမ်း သာ၌ သာ သင် တို့ ခံ စား ကြ ရ မည် ဖြစ်၍၊ ထို မြို့၏ စည်း စိမ် ချမ်း သာ ကို ရှာ ကြံ လျက်၊ ငါ ထာ ဝ ရ ဘု ရား ထံ မေ တ္တာ ခံ ကြ လော့ ဟု မိန့် တော် မူ ကြောင်း၊ Judson Bible ငါသည် သင်တို့ကို သိမ်းသွားစေသော မြို့သည်လည်း၊ ငြိမ်သက်ခြင်းရှိမည်အကြောင်းကို ပြုစု၍၊ ထိုမြို့အဖို့အလိုငှာ၊ ထာဝရဘုရားအား မေတ္တာပို့ကြလော့။ ထိုမြို့၏ငြိမ်သက်ခြင်းအားဖြင့်၊ သင်တို့သည်လည်း ငြိမ်သက်ခြင်း ရှိကြလိမ့်မည်။ |
သို့မှ သူတို့သည် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ အမွှေးနံ့သာကို ပူဇော်၍ ရှင်ဘုရင်နှင့် သူ၏သားသမီးများကောင်းစားဖို့ ဆုတောင်းပေးနိုင်မည်ဖြစ်၏။
ကောင်းကင်ဘုံရှင်ဘုရားသခင်၏အိမ်တော်အဖို့ ကောင်းကင်ဘုံရှင်ဘုရားသခင်မိန့်မှာသည့်အတိုင်း ကြိုးစားလုပ်ဆောင်ကြလော့။ ရှင်ဘုရင်၏နိုင်ငံနှင့် သားမြေးအပေါ် အဘယ်ကြောင့် အမျက်တော်ကျရောက်စေရမည်နည်း။
“သင့်ကိုမြတ်နိုးသောသူတို့သည် ကောင်းစားကြပါစေသော။ သင်၏တံတိုင်းအတွင်း၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေသော။ သင်၏ခံတပ်များအတွင်း၌ လုံခြုံစိတ်ချမှုရှိပါစေသော”ဟု ဂျေရုဆလင်မြို့၏ငြိမ်းချမ်းသာယာခြင်းအတွက် ဆုတောင်းကြလော့။
ထိုအခါ မှူးမတ်တို့က ရှင်ဘုရင်အား “ဤသူ သေသင့်ပါ၏။ သူပြောသောစကားအားဖြင့် ဤမြို့၌ကျန်ခဲ့သော စစ်သည်တို့နှင့်လူအပေါင်းတို့ကို စိတ်အားလျော့စေပါပြီ။ သူသည် ဤလူမျိုးငြိမ်းချမ်းဖို့ထက် ဘေးအန္တရာယ်ပြုဖို့ကိုသာ ရှာကြံပါပြီ”ဟု လျှောက်ကြ၏။
ထို့ကြောင့် ‘ဘုရားရှင်ထာဝရဘုရားက ငါသည် သူတို့ကို လူမျိုးခြားတို့နေရာ ရပ်ဝေးသို့ပို့၍ အရပ်ရပ်သို့ကွဲလွင့်စေသော်လည်း သူတို့ရောက်ရှိရာအရပ်ရပ်တွင် ငါသည် သူတို့အဖို့ ယာယီသန့်ရှင်းရာဌာနဖြစ်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။
ဗေလတရှာဇာ ခေါ် ဒံယေလလည်း အနည်းငယ်မျှတွေဝေနေ၏။ တွေးပြီး ထိတ်လန့်နေ၏။ ရှင်ဘုရင်ကလည်း “ဗေလတရှာဇာ၊ အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ် ဖော်ပြရမည်ကို မစိုးရိမ်ပါနှင့်”ဟု မိန့်ဆိုလျှင် ဗေလတရှာဇာက “အရှင်မင်းကြီး၊ ဤအိပ်မက်သည် မင်းကြီးကိုမုန်းသောသူများအတွက်သာ ဖြစ်ပါစေသော၊ အိပ်မက်အနက်အဓိပ္ပာယ်သည်လည်း မင်းကြီး၏ရန်သူများအတွက်သာ ဖြစ်ပါစေသော။
သို့ဖြစ်၍ အို အရှင်မင်းကြီး၊ အကျွန်ုပ်အကြံပေးသည်ကို လက်ခံပါ။ ဖြောင့်မတ်စွာပြု၍ အပြစ်ကိုရှောင်ကြဉ်ပါ။ ဆင်းရဲသားတို့ကို သနား၍ မတရားမှုများကို စွန့်ပစ်ပါ။ သို့ပြုလျှင် မင်းကြီး၏နန်းစည်းစိမ်သည် တာရှည်တည်ပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
အထက်အာဏာပိုင်များကို လူတိုင်းနာခံစေ။ အကြောင်းမူကား ဘုရားသခင်ထံမှမဟုတ်သောအာဏာဟူ၍မရှိ။ တည်လျက်ရှိသောအာဏာများသည် ဘုရားသခင်ခန့်အပ်တော်မူရာဖြစ်၏။