သို့သော် သင်နှင့်သင့်သားမြေးတို့သည် ငါ့ထံမှကျောခိုင်းသွားပြီး သင်တို့အား ငါမိန့်မှာထားသောပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို မစောင့်ထိန်းဘဲ အခြားဘုရားများကို သွား၍ဝတ်ပြုကိုးကွယ်မည်ဆိုလျှင်
ယေရမိ 26:4 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် သူတို့အား “ထာဝရဘုရားက ‘ငါ့စကားကို သင်တို့နားမထောင်၊ သင်တို့ကို ငါချပေးထားသောပညတ်တရားအတိုင်း မလိုက်လျှောက်၊ Common Language Bible ထာဝရဘုရားသည်လူတို့အားဆင့်ဆိုရန် ငါ့အားမိန့်တော်မူသည်မှာ``ထာဝရဘုရား ကသင်တို့သည်ငါပေးအပ်ခဲ့သည့်သြဝါဒ များကိုလိုက်နာကျင့်သုံးကာငါ၏စကား ကိုနားထောင်ရကြမည်။- Garrad Bible သင် က လည်း၊ ငါ ပေး ထား သော ပ ညတ် တ ရား အ တိုင်း၊ လိုက် လျှောက် ခြင်း ငှာ လည်း ကောင်း၊ သင် တို့ မ နာ ခံ လျက် ပင်၊ ငါ ဝိ ရိ ယ စိုက် ၍ စေ လွှတ် သော ကျွန် တော် ရင်း ပ ရော ဖက် တို့ ၏ ဆင့် ဆို ချက် များ ကို နား ထောင် စေ ခြင်း ငှာ လည်း ကောင်း၊ ဗျာ ဒိတ် တော် ချက် ကို မ နာ ခံ ဘဲ နေ ကြ လျှင်၊ Judson Bible သို့ဖြစ်၍၊ သင်သည် ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်၊ သင်တို့၌ ငါထားသော ပညတ်တရားလမ်းသို့မလိုက်၊ |
သို့သော် သင်နှင့်သင့်သားမြေးတို့သည် ငါ့ထံမှကျောခိုင်းသွားပြီး သင်တို့အား ငါမိန့်မှာထားသောပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို မစောင့်ထိန်းဘဲ အခြားဘုရားများကို သွား၍ဝတ်ပြုကိုးကွယ်မည်ဆိုလျှင်
သို့သော် သင်တို့ ငြင်းဆန်ပုန်ကန်ကြလျှင် ဓားဖြင့်အသတ်ခံရမည်”ဟု မိန့်တော်မူ၏။ ဤသည်ကား ထာဝရဘုရား၏နှုတ်တော်ထွက်စကားဖြစ်၏။
သင်တို့သည် ဥပုသ်နေ့၌ ဂျေရုဆလင်မြို့တံခါးကိုဖြတ်၍ ဝန်ထုပ်ကိုမသယ်ဆောင်ရ။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရမည်ဟူသော ငါ့စကားကို နားမထောင်လျှင် ငါသည် မြို့တံခါးကိုမီးရှို့၍ ဂျေရုဆလင်မြို့၏ခံတပ်များကို လောင်ကျွမ်းစေမည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ဤစကားအတိုင်း သင်တို့မလိုက်နာလျှင် ဤနန်းတော်ကို ပြိုပျက်ရာအရပ်ဖြစ်စေမည်ဟု ငါထာဝရဘုရားသည် ကိုယ့်ကိုယ်ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟုမိန့်တော်မူပြီ’ဟူ၍ ပြောကြားလော့”ဟု မိန့်ဆို၏။
သူတို့သည် ထိုပြည်ကို ဝင်ရောက်သိမ်းပိုက်ကြသော်လည်း စကားတော်ကိုနားမထောင်ကြ။ တရားတော်အတိုင်း မလိုက်လျှောက်ကြ။ ကိုယ်တော်မိန့်မှာသောအမှုတို့ကိုလည်း တစ်စုံတစ်ခုမျှမလုပ်ဆောင်ကြ။ သို့ဖြစ်၍ ကိုယ်တော်သည် ဤဘေးအန္တရာယ်အပေါင်းတို့ကို သူတို့အပေါ်သို့ ကျရောက်စေတော်မူပြီ။
ယနေ့တိုင်အောင် သူတို့သည် နှိမ့်ချသောစိတ်၊ ကြောက်ရွံ့သောစိတ် မရှိကြ။ သင်တို့နှင့်သင်တို့၏ဘိုးဘေးတို့အား ငါချမှတ်ပေးထားသောပညတ်တရားနှင့် ပြဋ္ဌာန်းချက်များကို သူတို့မလိုက်လျှောက်ကြ’ဟု မိန့်တော်မူ၏။
သင်တို့သည် နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းဖြင့် ထာဝရဘုရားကိုပြစ်မှားကြ၏။ ထာဝရဘုရား၏စကားတော်ကို နားမထောင်ကြ။ ထာဝရဘုရား၏ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ သွန်သင်ချက်အတိုင်း မလိုက်လျှောက်ကြ။ ထို့ကြောင့် ယခုကဲ့သို့ ဤဘေးအန္တရာယ်သည် သင်တို့အပေါ် ကျရောက်လေပြီ”ဟု ဆို၏။
သို့ဖြစ်၍ သင်တို့ယုံကြည်ကိုးစားရာဖြစ်သည့် ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော အိမ်တော်ကိုလည်းကောင်း၊ သင်တို့နှင့်သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်ကိုလည်းကောင်း ရှိလောအရပ်၌ ပြုခဲ့သည့်နည်းတူ ငါပြုမည်။
ယနေ့ သင်တို့အဖို့ ငါချမှတ်ထားသောပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်ရှိသမျှကို သင်တို့လိုက်နာစောင့်ထိန်းရမည်။
အကြောင်းမူကား နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့၏ဘိုးဘေးတို့အား ပေးမည်ဟုငါကျိန်ဆိုခဲ့သည်နှင့်အညီ သူတို့ကို ထိုပြည်သို့ ငါပို့ဆောင်သဖြင့် သူတို့သည် ဝလင်စွာစားရ၍ ကြွယ်ဝပြည့်စုံသောအခါ အခြားဘုရားများထံသို့လှည့်သွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုမထီလေးစားပြုကြလိမ့်မည်။ ငါနှင့်ဖွဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။
ယနေ့ သင်တို့ရှေ့မှောက်၌ ငါထားသော ဤတရားအလုံးစုံတို့ကဲ့သို့ ဖြောင့်မှန်သော ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်မျိုး မည်သည့်လူမျိုးကြီး၌ရှိသနည်း။
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။