ဘုရားသခင်သည် သူတို့ကို ဘေးဒုက္ခအမျိုးမျိုးနှင့် ဆုံးမတော်မူသဖြင့် သူတို့သည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ မြို့တစ်မြို့နှင့်တစ်မြို့ ချေမှုန်းတိုက်ဖျက်ကြ၏။
ယေရမိ 25:32 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဘေးအန္တရာယ်သည် လူမျိုးတစ်မျိုးမှတစ်မျိုးသို့ ရောက်သွားမည်။ ပြင်းထန်သောမုန်တိုင်းသည် မြေကြီးစွန်းမှ တိုက်ခတ်လာမည်။ Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဘေး အန္တရာယ်ဆိုးသည် တစ်နိုင်ငံပြီးတစ်နိုင်ငံ သို့ကူးစက်၍လာလိမ့်မည်။ လေမုန်တိုင်းကြီး သည်ကမ္ဘာမြေကြီးစွန်းမှတိုက်ခတ်လာလိမ့် မည်'' ဟုမိန့်တော်မူ၏။- Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က ဘေး ဥ ပဒ် သည် လူ တစ် မျိုး မှ လူ တစ် မျိုး သို့ ကူး စက် သည့် ပြင်၊ ပြင်း ထန် သော မိုး သက် မုန် တိုင်း ကို လည်း၊ မြေ ကြီး စွန်း မှ ပင် ကျ စေ တော် မူ လိမ့် မည်။ Judson Bible ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘေးသည် တစ်ပြည်မှတစ်ပြည်သို့ ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့မှ ပြင်းစွာသော လေပွေသည် ထလိမ့်မည်။ |
ဘုရားသခင်သည် သူတို့ကို ဘေးဒုက္ခအမျိုးမျိုးနှင့် ဆုံးမတော်မူသဖြင့် သူတို့သည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ မြို့တစ်မြို့နှင့်တစ်မြို့ ချေမှုန်းတိုက်ဖျက်ကြ၏။
ထာဝရဘုရားသည် မိမိ၏ဘုန်းကြီးသောအသံကို ကြားစေတော်မူမည်။ ပြင်းထန်သောအမျက်တော်၊ တောက်လောင်နေသောမီးတောက်မီးလျှံနှင့်တကွ သည်းထန်သောမိုး၊ မုန်တိုင်း၊ မိုးသီးတို့ဖြင့် လက်ရုံးတော်ကြွဆင်းလာသည်ကို မြင်စေတော်မူမည်။
အကယ်စင်စစ် ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ကို အမျက်ထွက်တော်မူ၍ အမျက်တော်သည် သူတို့၏စစ်သည်ဗိုလ်ပါအားလုံးအပေါ် သက်ရောက်လေပြီ။ ကိုယ်တော်သည် သူတို့ကို အကုန်အစင်ဖျက်ဆီးတော်မူမည်။ သူတို့ကို သတ်ဖြတ်သူလက်သို့ အပ်တော်မူမည်။
သူတို့၏မြားတို့သည် ချွန်ထက်၍ သူတို့၏လေးရှိသမျှတို့သည်လည်း တင်ထားလျက်ရှိ၏။ မြင်းတို့၏ခွာသည် မီးခတ်ကျောက်နှင့်တူသည်ဟုထင်ရ၏။ စစ်ရထားဘီးတို့သည် လေပွေကဲ့သို့ဖြစ်၏။
ထာဝရဘုရားက “သူတို့ပြုသောအမှုများ၊ အကြံအစည်များကို ငါသိ၏။ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးတို့ကို စုစည်းမည့်အချိန်ရောက်လာမည်။ သူတို့သည်လာ၍ ငါ၏ဘုန်းအသရေကိုမြင်ရလိမ့်မည်။
ကြည့်ရှုလော့။ ထာဝရဘုရား၏ဒေါသမုန်တိုင်း တိုက်ခတ်လိမ့်မည်။ ပြင်းစွာသောမုန်တိုင်းသည် ဆိုးယုတ်သောသူတို့၏ခေါင်းပေါ်သို့ ကျရောက်လိမ့်မည်။
ကြည့်ရှုလော့။ ထာဝရဘုရား၏ဒေါသမုန်တိုင်း တိုက်ခတ်လိမ့်မည်။ မုန်တိုင်းသည် ဆိုးယုတ်သောသူတို့၏ခေါင်းပေါ်သို့ ကျရောက်လိမ့်မည်။
ထာဝရဘုရားက “မြောက်အရပ်မှ လူမျိုးတစ်မျိုးရောက်လာမည်။ မြေကြီးစွန်းမှ လူမျိုးကြီးတစ်မျိုး ထကြွမည်။
သူတို့သည် လေးနှင့်လှံကိုစွဲကိုင်သောလူမျိုး၊ ရက်စက်ကြမ်းကြုတ်သောလူမျိုး၊ ကရုဏာကင်းသောလူမျိုးဖြစ်၏။ သူတို့၏အသံသည် သမုဒ္ဒရာမြည်ဟိန်းသံကဲ့သို့ဖြစ်၏။ အို ဇိအုန်သမီးပျို၊ ထိုသူတို့သည် မြင်းကိုစီး၍ စစ်သူရဲကဲ့သို့စစ်ခင်းကျင်းပြီး သင့်ကိုလာတိုက်နေပြီ”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါထ၍ လုယက်တိုက်ခိုက်မည့်နေ့ကို စောင့်နေလော့။ အကယ်စင်စစ် ငါသည် တိုင်းနိုင်ငံအရပ်ရပ်မှ လူမျိုးတကာတို့ကို ခေါ်ယူစုစည်းပြီး တရားစီရင်မည်။ ပြင်းထန်သော ငါ့အမျက်၊ ငါ့ဒေါသမီးအလုံးအရင်းကို သူတို့အပေါ်သို့သွန်ချမည်။ ငါ့ဒေါသမီးအရှိန်ကြောင့် မြေတစ်ပြင်လုံးလောင်ကျွမ်းသွားလိမ့်မည်။
ထို့နောက် ကိုယ်တော်က“လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍
ထို့နောက် နေ၊ လ၊ ကြယ်တာရာများ၌ အတိတ်နိမိတ်များဖြစ်ပေါ်လာလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ပင်လယ်လှိုင်းတံပိုးသံကြောင့် စိတ်မငြိမ်မသက်ဖြစ်လျက် တုန်လှုပ်ချောက်ချားကြလိမ့်မည်။