Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 25:32 - Common Language Bible

32 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဘေး အန္တ​ရာယ်​ဆိုး​သည် တစ်​နိုင်​ငံ​ပြီး​တစ်​နိုင်​ငံ သို့​ကူး​စက်​၍​လာ​လိမ့်​မည်။ လေ​မုန်​တိုင်း​ကြီး သည်​ကမ္ဘာ​မြေ​ကြီး​စွန်း​မှ​တိုက်​ခတ်​လာ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က ဘေး ဥ ပဒ် သည် လူ တစ် မျိုး မှ လူ တစ် မျိုး သို့ ကူး စက် သည့် ပြင်၊ ပြင်း ထန် သော မိုး သက် မုန် တိုင်း ကို လည်း၊ မြေ ကြီး စွန်း မှ ပင် ကျ စေ တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဘေး​သည် တစ်​ပြည်​မှ​တစ်​ပြည်​သို့ ကူး​သွား​လိမ့်​မည်။ မြေ​ကြီး​အ​စွန်း​အ​နား​တို့​မှ ပြင်း​စွာ​သော လေ​ပွေ​သည် ထ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဘေးအန္တရာယ်​သည် လူမျိုး​တစ်မျိုး​မှ​တစ်မျိုး​သို့ ရောက်သွား​မည်​။ ပြင်းထန်​သော​မုန်တိုင်း​သည် မြေကြီး​စွန်း​မှ တိုက်ခတ်​လာ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 25:32
12 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​တော်​မူ​သ​ဖြင့် တစ်​နိုင်​ငံ​က တစ်​နိုင်​ငံ​ကို​လည်း​ကောင်း၊ တစ်​မြို့​က​တစ် မြို့​ကို​လည်း​ကောင်း​ဖိ​နှိပ်​ကြ​လေ​သည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​လူ​အ​ပေါင်း​တို့​အား အာ​နု​ဘော်​တော်​နှင့်​ပြည့်​ဝ​သည့်​အ​သံ​တော် ကို​ကြား​စေ​တော်​မူ​၍ မိ​မိ​၏​အ​မျက်​တော် အ​ရှိန်​ကို​ခံ​စား​စေ​တော်​မူ​လိမ့်​မည်။ မီး တောက်​မီး​လျှံ​များ၊ မိုး​ထစ်​ချုန်း​မှု၊ မိုး​သီး များ​ကျ​မှု​နှင့်​သည်း​ထန်​စွာ​မိုး​ရွာ​သွန်း မှု​ကို​ဖြစ်​ပွား​စေ​တော်​မူ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​အား လည်း​ကောင်း၊ သူ​တို့​၏​စစ်​တပ်​အ​ပေါင်း​အား လည်း​ကောင်း၊ အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ပျက်​စီး​စေ​ရန်​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ လေ​ပြီ။-


သူ​တို့​၏​မြား​များ​သည်​ထက်​လျက်၊ လေး​တို့ သည်​လည်း​တင်​ရန်​အ​သင့်​ရှိ​ကြ​၏။ သူ​တို့ ၏​မြင်း​ခွာ​များ​သည်​မီး​ခတ်​ကျောက်​ကဲ့​သို့ မာ​၍​ရ​ထား​ဘီး​များ​သည်​လည်း​လေ​ဗွေ ကဲ့​သို့​လျင်​မြန်​စွာ​လည်​ကြ​၏။-


သူ​တို့​၏​အ​ပြု​အ​မူ​အ​ကျင့်​အ​ကြံ​များ​ကို ငါ​သိ​၏။ ငါ​သည်​နိုင်​ငံ​တ​ကာ​မှ​လူ​တို့​ကို စု​သိမ်း​ရန်​ကြွ​လာ​တော်​မူ​မည်။ ထို​သူ​တို့​သည် စု​ဝေး​မိ​သော​အ​ခါ​ငါ​၏​ဘုန်း​တန်​ခိုး​တော် မည်​မျှ​တတ်​စွမ်း​တော်​မူ​ကြောင်း​ကို​မြင်​ရ လိမ့်​မည်။ မိ​မိ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​သူ မှာ​ငါ​ပင်​ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ငါသည်​အ​ချို့​သော​သူ များ​ကို​ချမ်း​သာ​ပေး​မည်။-


ကိုယ်​တော်​၏​အမျက်​တော်​သည်​လူ​ယုတ်​မာ​တို့ ၏​ဦး​ခေါင်း​ထက်​တွင်​တိုက်​ခတ်​သည့်​လေ​ပြင်း မုန်​တိုင်း​နှင့်​တူ​၏။-


ကိုယ်​တော်​၏​အ​မျက်​တော်​သည်​သူ​ယုတ်​မာ တို့​၏​ဦး​ခေါင်း​ထက်​တွင် တိုက်​ခတ်​သည့်​လေ ပြင်း​မုန်​တိုင်း​နှင့်​တူ​၏။ ထို​အ​မျက်​တော်​သည် ကိုယ်​တော်​ကြံ​စည်​တော်​မူ​သ​မျှ​သော​အ​မှု များ​မ​ပြီး​မ​ချင်း​ပြေ​ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ ဤ​အ​ချက်​ကို​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် နောင်​လာ​လတ္တံ့​သော​နေ့​ရက်​များ​၌​သိ​ရှိ နား​လည်​လာ​ကြ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​က``မြောက်​အ​ရပ်​ရှိ​နိုင်​ငံ​တစ် ခု​မှ လူ​တို့​သည် ချီ​တက်​လာ​ကြ​လိမ့်​မည်။ ရပ် ဝေး​မှ​အင်​အား​ကြီး​မား​သည့်​လူ​မျိုး​သည် စစ်​တိုက်​ရန်​ပြင်​ဆင်​လျက်​နေ​၏။-


သူ​တို့​သည်​လေး​များ၊ လှံ​များ​ကို​စွဲ​ကိုင်​ကြ လေ​ပြီ။ သူ​တို့​သည်​ရက်​စက်​ကြမ်း​ကြုတ်​၍ သ​နား​က​ရု​ဏာ​ကင်း​မဲ့​သူ​များ​ဖြစ်​ကြ​၏။ မြင်း​များ​ကို​စီး​၍​လာ​ချိန်​၌​သူ​တို့​၏​အ​သံ သည်​ပင်​လယ်​မြည်​ဟည်း​သံ​နှင့်​တူ​၏။ သူ​တို့ သည်​ဇိ​အုန်​မြို့​ကို​တိုက်​ခိုက်​ရန်​အ​သင့်​ရှိ လေ​ပြီ။''


ထာ​ဝ​ရ​ဘု​ရား​က``စောင့်​မျှော်​၍​နေ​လော့။ လူ မျိုး​တ​ကာ​တို့​အား​ငါ​ထ​၍​ပြစ်​တင်​စွပ်​စွဲ မည့်​နေ့​ရက်​ကာ​လ​ကို​စောင့်​မျှော်​၍​နေ​လော့။ ငါ​၏​အ​မျက်​တော်​အ​ရှိန်​ကို​ခံ​စား​စိမ့် သော​ငှာ၊ လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ ကို​စု​သိမ်း​ရန်​ငါ​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ ပြီ။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​သည်​ငါ​၏ အ​မျက်​တော်​မီး​ဖြင့်​ကျွမ်း​လောင်​ပျက်​စီး ၍​သွား​လိမ့်​မည်။


ထို​နောက်​ကိုယ်​တော်​က ``လူ​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်ငံ​တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ​စစ်​ဖြစ်​ကြ​လိမ့်​မည်။-


``နေ​လ​ကြယ်​နက္ခတ်​များ​၌​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း လာ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​တွင်​လူ​မျိုး​အ​ပေါင်း​တို့​သည် ပင်​လယ်​လှိုင်း​တံ​ပိုး​မြည်​ဟီး​သံ​ကြောင့်​စိတ်​ပျက် အား​လျော့​ကြောက်​ရွံ့​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ