ရှင်ဘုရင်က ဇာဒုတ်အား “ဘုရားသခင်၏သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့။ ထာဝရဘုရားသည် ငါ့ကိုမျက်နှာသာပေး၍ ငါပြန်လာရလျှင် သေတ္တာတော်ကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာအရပ်ကိုလည်းကောင်း ဖူးမြင်ခွင့်ရပါလိမ့်မည်။
ယေရမိ 25:30 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် သူတို့အား ဤစကားအလုံးစုံကို ပရောဖက်ပြုဟောပြောရမည်။ သူတို့အား “ထာဝရဘုရား၏အသံတော်သည် အထက်ကောင်းကင်မှ မြည်ဟိန်းထွက်ပေါ်လာမည်။ သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ အသံကိုလွှင့်တော်မူမည်။ မိမိသိုးစုကို ကျယ်လောင်စွာဟိန်းဟောက်တော်မူမည်။ စပျစ်သီးနင်းနယ်သောသူတို့ အော်ဟစ်သကဲ့သို့ မြေကြီးသားတို့ကို အော်ဟစ်တော်မူမည်။ Common Language Bible ``အသင်ယေရမိ၊ သင်သည်ငါ၏ဗျာဒိတ်တော် မှန်သမျှကို ဤသူတို့အားပြောကြားကြေ ညာရမည်မှာ၊ `ထာဝရဘုရားသည်သန့်ရှင်းတော်မူသော အိမ်တော်မှ နေ၍မိုးချုန်းသံပြုတော်မူလိမ့်မည်။ အထက်ဘဝဂ်မှနေ၍မြည်ဟိန်းသံပြုတော် မူလိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ဟိန်းဟောက်တော်မူလိမ့်မည်။ ကိုယ်တော်သည်စပျစ်သီးနယ်သောသူကဲ့သို့ အော်ဟစ်တော်မူလိမ့်မည်။ ကမ္ဘာပေါ်ရှိလူအပေါင်းတို့ကိုလည်းအော်ဟစ် လိမ့်မည်။ Garrad Bible ဆို ခဲ့ သည့် အ ချက် ဟူ သ မျှ ကို ထို သူ တို့ အား ဟော ပြော လျက်၊ သင် ဆင့် ဆို ရ ဦး မည် မှာ၊ ထာ ဝ ရ ဘု ရား သည်၊ သန့် ရှင်း သော စံ ရာ တော် ကောင်း ကင် ဘ ဝဂ် မှ တ ဟုန်း ဟုန်း ချုန်း ခြင်း၊ သိုး ခြံ တော် တစ် ဘက်၊ တ ခြိမ်း ခြိမ်း ဟုန်း ခြင်း၊ မြေ ပေါ် ရှိ လူ အ ပေါင်း တို့ တစ် ဘက်၊ ဖိ နင်း သူ တို့ ကဲ့ သို့ အောင် သံ ကြွေး ကြော် ခြင်း များ ကို ပြု တော် မူ လိမ့် မည်။ Judson Bible ထိုကြောင့်၊ သင်သည် ပရောဖက်ပြုလျက် သူတို့အား ဟောပြောရသောစကားများ ဟူမူကား၊ ထာဝရဘုရားသည် မြင့်သောအရပ်က ကြွေးကြော်တော်မူမည်။ သန့်ရှင်းသော ဘုံဗိမာန်တော်က အသံကို လွှင့်တော်မူမည်။ ကျိန်းဝပ်တော်မူရာ အရပ်ဌာန တစ်ဖက်၌ ပြင်းစွာ ကြွေးကြော်တော်မူမည်။ စပျစ်သီးကို နင်းနယ်သောသူများ အော်ဟစ်သကဲ့သို့၊ မြေကြီးသားများ တစ်ဖက်၌ အော်ဟစ်တော်မူမည်။ |
ရှင်ဘုရင်က ဇာဒုတ်အား “ဘုရားသခင်၏သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့။ ထာဝရဘုရားသည် ငါ့ကိုမျက်နှာသာပေး၍ ငါပြန်လာရလျှင် သေတ္တာတော်ကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာအရပ်ကိုလည်းကောင်း ဖူးမြင်ခွင့်ရပါလိမ့်မည်။
ထာဝရဘုရားက သူ့အား “ငါ့ရှေ့မှောက်တွင် သင်ဆုတောင်းအသနားခံသည်ကို ငါနားညောင်းပြီ။ သင်တည်ဆောက်သောဤအိမ်တော်ကို ငါသန့်ရှင်းစေမည်။ ငါ့နာမအဖို့ အစဉ်တည်စေမည်။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့သည် ထ၍ လူတို့အား ကောင်းချီးပေးကြ၏။ သူတို့၏အသံများကို ကိုယ်တော်ကြားတော်မူ၏။ သူတို့၏ဆုတောင်းသံများသည် သန့်ရှင်းသောကိန်းဝပ်တော်မူရာကောင်းကင်ဘုံသို့တိုင် ရောက်လေ၏။
ထာဝရဘုရားသည် မိမိ၏သန့်ရှင်းသောဗိမာန်တော်၌ စံနေတော်မူ၏။ ထာဝရဘုရား၏ပလ္လင်တော်သည် ကောင်းကင်ဘုံ၌ရှိ၏။ ကိုယ်တော်သည် မျက်စိတော်ဖြင့်ကြည့်ရှု၍ မျက်ခမ်းတော်ဖြင့် လူသားတို့ကို စစ်ဆေးတော်မူ၏။
“ထိုအရပ်သည် ငါ၏ငြိမ်ဝပ်ရာအရပ် အစဉ်ဖြစ်၏။ ထိုအရပ်ကို ငါနှစ်သက်သည်ဖြစ်၍ ထိုအရပ်၌ ငါကိန်းဝပ်မည်။
လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။
ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ရာမှနိုးလာသောသူကဲ့သို့လည်းကောင်း၊ စပျစ်ဝိုင်အရှိန်ပြေသွားသော စစ်သူရဲကဲ့သို့လည်းကောင်း နိုးထတော်မူ၍
ထို့ကြောင့် ယာဇာမြို့အတွက် ငိုကြွေးသကဲ့သို့ စိဗမာစပျစ်ပင်အတွက်လည်း ငါငိုကြွေး၏။ အို ဟေရှဘုန်မြို့၊ အို ဧလာလေမြို့၊ သင့်ကို ငါ့မျက်ရည်ဖြင့် ရွှဲရွှဲစိုစေမည်။ အကြောင်းမူကား သင်၏နွေရာသီသီးနှံအတွက်၊ သင်၏သီးနှံရိတ်သိမ်းခြင်းအတွက် ကြွေးကြော်သံ ငြိမ်းလေပြီ။
မြည်ဟိန်းသောအသံတော်ကြောင့် လူတို့ထွက်ပြေးကြ၏။ ကိုယ်တော်ထတော်မူသောအခါ လူမျိုးတို့သည် ကွဲလွင့်သွားကြ၏။
ထာဝရဘုရားသည် သူရဲကောင်းကဲ့သို့ကြွတော်မူမည်။ စိတ်အားထက်သန်မှုကို စစ်သူရဲကဲ့သို့ လှုံ့ဆော်တော်မူမည်။ ကိုယ်တော်သည် ကြွေးကြော်တော်မူမည်။ ဟစ်အော်တော်မူမည်။ မိမိရန်သူတို့ကို အောင်နိုင်တော်မူမည်။
အစအဦးကပင် မြင့်မြတ်၍ ဘုန်းကြီးသောပလ္လင်တော်သည် ငါတို့၏သန့်ရှင်းရာဌာနဖြစ်၏။
ခြင်္သေ့ပျိုသည် ပုန်းအောင်းရာနေရာကိုစွန့်ခွာသကဲ့သို့ ထာဝရဘုရားသည် သူတို့၏ပြည်ကိုစွန့်ခွာတော်မူပြီ။ သူတို့၏ပြည်သည် နိုင်ထက်စီးနင်းပြုသောသူနှင့် ပြင်းထန်သောအမျက်တော်ဒဏ်ကြောင့် လူသူကင်းမဲ့ရာအရပ်ဖြစ်လေပြီ”ဟု မိန့်တော်မူ၏။
သီးနှံဖြစ်ထွန်းသောမြေနှင့် မောဘပြည်၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ဝိုင်ပြတ်လေပြီ။ ဝမ်းမြောက်စွာကြွေးကြော်လျက် စပျစ်သီးကိုနင်းနယ်ကြတော့မည်မဟုတ်။ ကြွေးကြော်သောအသံသည်လည်း ဝမ်းမြောက်သောကြွေးကြော်သံမဟုတ်။
သူတို့သည် ထာဝရဘုရားနောက်တော်သို့ လိုက်ကြလိမ့်မည်။ ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ဟိန်းတော်မူမည်။ ဟိန်းတော်မူသောအခါ ကိုယ်တော်၏သားသမီးတို့သည် အနောက်အရပ်မှကြောက်ရွံ့တုန်လှုပ်လျက် ထွက်လာကြမည်။
ငါသည် ဧဖရိမ်အဖို့ ခြင်္သေ့ကြီးကဲ့သို့လည်းကောင်း၊ ယုဒအမျိုးအနွယ်အဖို့ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း ဖြစ်၏။ ငါကိုယ်တော်တိုင် သူတို့ကို ကိုက်ဖြဲပြီး ချီယူသွားမည်။ သူတို့ကို မည်သူမျှ ကယ်တင်နိုင်မည်မဟုတ်။
ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ ကောင်းကင်နှင့်မြေကြီး တုန်ခါလိမ့်မည်။ သို့သော် ထာဝရဘုရားသည် လူမျိုးတော်အဖို့ခိုလှုံရာ၊ အစ္စရေးအမျိုးသားတို့အဖို့ ရဲတိုက်ဖြစ်တော်မူ၏။
အာမုတ်က “ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ သိုးကျောင်းရာစားကျက်မြေများ ခြောက်သွေ့၍ ကရမေလတောင်ထိပ်သည် ညှိုးနွမ်းသွားပြီ”ဟု ဆို၏။
ခြင်္သေ့ဟိန်းဟောက်သောအခါ မကြောက်သောသူ ရှိသလော။ ဘုရားရှင်ထာဝရဘုရားမိန့်ဆိုသောအခါ ပရောဖက်မပြုဘဲ နေဝံ့သူ ရှိသလော။
အို လူသားအပေါင်းတို့၊ ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။ ထာဝရဘုရားသည် သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ ကြွလာတော်မူပြီ။
ကိုယ်တော်၏သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်ဖြစ်သော ကောင်းကင်ဘုံမှ ငုံ့ကြည့်တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်အစ္စရေးကိုလည်းကောင်း၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း အကျွန်ုပ်တို့အား ပေးတော်မူသည့် နို့နှင့်ပျားရည်စီးသောပြည်ကိုလည်းကောင်း ကောင်းချီးပေးတော်မူပါ’ဟု လျှောက်ဆိုရမည်။
လူမျိုးတကာတို့ကိုဒဏ်ခတ်ရန် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှထွက်နေ၏။ သူသည် ထိုသူတို့ကို သံလှံတံဖြင့်အုပ်ထိန်းလိမ့်မည်။ သူသည် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏အမျက်တော်ဆိုင်ရာ ပြင်းစွာသောဒေါသစပျစ်ဝိုင်၏စပျစ်သီးနယ်ရာကျင်းကို နင်းနယ်လိမ့်မည်။