ထာဝရဘုရားက “ဤပြည်ရှိ လူအယုတ်အမြတ်၊ အကြီးအငယ်မရွေး သေကြရမည်။ သို့သော် သင်္ဂြိုဟ်ခံရမည်မဟုတ်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူ၊ ကိုယ့်အသားကို ကိုယ်မွှမ်းမည့်သူ၊ ခေါင်းတုံးတုံးမည့်သူ ရှိမည်မဟုတ်။
ဆင်းရဲချမ်းသာမရွေးပြည်သူတို့သည်သေ ကြလိမ့်မည်။ သို့ရာတွင်အဘယ်သူမျှသူ တို့အားသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ သူတို့ အတွက်လည်းငိုကြွေးမြည်တမ်းကြလိမ့် မည်မဟုတ်။ ဝမ်းနည်းမှုကိုပြသည့်အနေ နှင့်မည်သူမျှမိမိကိုယ်ကိုအနာတရ ဖြစ်စေခြင်း၊ ခေါင်းရိတ်ခြင်းပြုကြမည် မဟုတ်။-
ဤ ပြည် တွင် လူ ကြီး လူ ငယ် တို့ ပါ၊ မြှုပ် နှံ မှု ကင်း လျက် သေ ရ ကြ မည့် အ လျောက်၊ မြည် တမ်း ခြင်း၊ ကိုယ် ကို ထိ ရှ ခြင်း၊ ဦး ဆံ ပယ် ခြင်း များ ကို လည်း ကောင်း၊
ပြည်သူပြည်သား အကြီးအငယ်တို့သည် သေရကြလိမ့်မည်။ သို့သော်လည်း၊ မသင်္ဂြိုဟ်ရ။ သူတို့အတွက် မြည်တမ်းခြင်းကို မပြုရ။ ကိုယ်ကိုကိုယ်ရှနခြင်း၊ ဆံပင်ရိတ်ခြင်းကိုလည်း မပြုရ။
ထို့ကြောင့် ဘုရားသခင်သည် ခါလဒဲဘုရင်ကို သူတို့ထံသို့ ချီလာစေတော်မူ၏။ ထိုဘုရင်သည် လူငယ်တို့ကို သူတို့၏သန့်ရှင်းရာဌာနတော်တွင်ပင် ဓားနှင့်ကွပ်မျက်၏။ လူပျိုအပျိုနှင့် သက်ကြီးလူအိုများပါမကျန် အားလုံးကို နှမြောခြင်းမရှိ၊ ထိုဘုရင်လက်သို့ အပ်လိုက်တော်မူ၏။
ထိုနေ့ရက်၌ ငိုကြွေးမြည်တမ်းကြရန်နှင့် ခေါင်းတုံးတုံးပြီး လျှော်တေအဝတ်ဝတ်ကြရန်အတွက် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား နှိုးဆော်တော်မူ၏။
ထိုအခါ ယဇ်ပုရောဟိတ်သည် လူကဲ့သို့၊ သခင်သည် ကျွန်ယောက်ျားကဲ့သို့၊ သခင်မသည် ကျွန်မိန်းမကဲ့သို့၊ ရောင်းသူသည် ဝယ်သူကဲ့သို့၊ မြီရှင်သည် မြီစားကဲ့သို့၊ အတိုးစားသူသည် အတိုးဆပ်သူကဲ့သို့ ဖြစ်လိမ့်မည်။
ထိုအခါ သင်က သူတို့အား “ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဤပြည်၌နေထိုင်သောသူအားလုံးအပါအဝင် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင်စိုးစံသောရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဂျေရုဆလင်မြို့သားအားလုံးတို့ကို ယစ်မူးသောသူဖြစ်စေမည်။
“သူတို့သည် ရောဂါဆိုးဖြင့် သေလိမ့်မည်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူမရှိ။ သူတို့ကို သင်္ဂြိုဟ်မည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်လိမ့်မည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ပျက်စီးလိမ့်မည်။ အလောင်းကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့တို့မှ လူအယောက်ရှစ်ဆယ်တို့ ရောက်လာကြ၏။ သူတို့သည် မုတ်ဆိတ်ရိတ်ထားကြ၏။ သူတို့၏အဝတ်လည်း စုတ်ပြဲနေ၏။ ကိုယ်ကိုလည်း မွှမ်းထားကြ၏။ လက်ထဲတွင်လည်း ထာဝရဘုရား၏အိမ်တော်အဖို့ ဘောဇဉ်ပူဇော်သက္ကာနှင့် လော်ဗန်တို့ကို ယူဆောင်လာကြ၏။
ဂါဇမြို့သည် ခေါင်းတုံးဖြစ်လေပြီ။ အာရှကေလုန်မြို့သည် ဆိတ်ညံလေပြီ။ အို ချိုင့်ဝှမ်း၌ ကြွင်းကျန်သောသူတို့၊ မည်သည့်အချိန်အထိ ကိုယ့်အသားကို ကိုယ်မွှမ်းကြမည်နည်း။
“သူတို့အားလုံး ခေါင်းတုံးတုံး၍ မုတ်ဆိတ်ရိတ်ကြ၏၊ လက်ကိုမွှမ်း၍ ခါး၌လျှော်တေအဝတ်ကိုဝတ်ပြီးလျှင်
သင်တို့၏ဆံပင်ကိုရိတ်၍ လွှင့်ပစ်လော့။ တောင်ကတုံးများပေါ်၌ မြည်တမ်းခြင်းပြုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် အမျက်တော်ခံထိုက်သောမျိုးဆက်ကို ပယ်တော်မူပြီ၊ စွန့်ပစ်တော်မူပြီ’ဟူ၍ ပြောကြားရမည်”ဟု မိန့်တော်မူ၏။
ထိုအရိုးတို့သည် သူတို့ချစ်၍အစေခံသော၊ သူတို့လိုက်စားသော၊ သူတို့ဆည်းကပ်ကိုးကွယ်သောအရာများဖြစ်သည့် နေ၊ လ စသော ကောင်းကင်တန်ဆာအားလုံးတို့အောက်၌ ဖြန့်ထားခြင်းခံရလိမ့်မည်။ စုသိမ်းသင်္ဂြိုဟ်ခြင်း ခံရမည်မဟုတ်။ မြေပြင်ပေါ်တွင် နောက်ချေးကဲ့သို့ဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့၏နားသယ်မွေးကို မရိတ်ရ။ သင်တို့၏မုတ်ဆိတ်မွေးအဖျားကို မညှပ်ရ။
သေသောသူအတွက် သင်တို့အသားကို မခုတ်မရှရ။ သင်တို့ကိုယ်ပေါ်၌ ဆေးမင်ကြောင် မထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ကြည့်ရှုလော့။ ထာဝရဘုရားအမိန့်တော်ရှိ၏။ အိမ်ကြီးအိမ်ကောင်းများ အပိုင်းပိုင်းပြတ်လိမ့်မည်။ အိမ်ငယ်များလည်း တစ်စစီဖြစ်လိမ့်မည်။
ထို့နောက် ယေရှုသည် ထိုအကြီးအကဲ၏အိမ်သို့ရောက်တော်မူ၍ ပလွေမှုတ်သူတို့နှင့် ရုတ်ရုတ်သဲသဲဖြစ်နေသောလူအစုအဝေးတို့ကိုမြင်လျှင်
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏သားသမီးများဖြစ်ကြ၏။ သေဆုံးသူအတွက် ကိုယ့်အသား ကိုယ်မမွှမ်းရ၊ သင်တို့၏ဦးစွန်းကိုမရိတ်ရ။
တစ်ဖန် သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ရပ်နေကြသည်ကို ငါမြင်ရ၏။ စာစောင်များကိုဖွင့်ထား၍ အသက်စာစောင်တည်းဟူသော အခြားသောစာစောင်ကိုလည်းဖွင့်ထား၏။ သေလွန်သောသူတို့သည် ထိုစာစောင်များတွင်ရေးထားသည့်အတိုင်း မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။
ထိုအခါ ကမ္ဘာမြေကြီး၏ရှင်ဘုရင်များ၊ မှူးကြီးမတ်ရာများ၊ တပ်မှူးကြီးများ၊ ချမ်းသာသောသူများ၊ ခွန်အားကြီးသောသူများမှစ၍ ကျွန်နှင့်လွတ်လပ်သူရှိသမျှတို့သည် လိုဏ်ဂူတို့၌လည်းကောင်း၊ တောင်များပေါ်ရှိ ကျောက်ဆောင်တို့ကြား၌လည်းကောင်း ပုန်းအောင်းကြပြီးလျှင်