အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 16:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​က “​ငါ​သည် ဤ​လူမျိုး​တို့​ထံ​မှ ငါ​၏​ငြိမ်သက်​ခြင်း​၊ မေတ္တာကရုဏာ​၊ သနားစုံမက်​ခြင်း​တို့​ကို ရုပ်သိမ်း​ပြီ​။ သို့ဖြစ်၍ အသုဘ​အိမ်​ကို မ​ဝင်​နှင့်​။ သွား​၍​ငိုကြွေးမြည်တမ်း​ခြင်း​၊ နှစ်သိမ့်​ခြင်း မ​ပြု​နှင့်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​ငို​ကြွေး​မြည် တမ်း​လျက်​နေ​သည့် အိမ်​သို့​မ​ဝင်​ရ။ မည်​သူ အ​တွက်​မျှ​လည်း​ဝမ်း​နည်း​ပူ​ဆွေး​မှု​မ​ဖြစ် နှင့်၊ မ​သ​နား​နှင့်။ ငါ​သည်​သူ​တို့​အား​ငြိမ်း ချမ်း​သာ​ယာ​မှု​ကို​ပေး​တော့​မည်​မ​ဟုတ်။ မေတ္တာ​က​ရု​ဏာ​ကို​လည်း​ပြ​တော့​မည် မ​ဟုတ်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ငြိမ် သက် ချမ်း သာ တည်း ဟူ သော မေ တ္တာ ကျေး ဇူး နှင့် က ရု ဏာ တော် ကို၊ ဤ လူ မျိုး မှ ငါ ရုတ် သိမ်း ပြီ ဖြစ် သော ကြောင့်၊ အ သု ဘ အိမ် သို့ မ ဝင် ရ။ စာ နာ၍ မြည် တမ်း ခြင်း ကို လည်း၊ သင် မ ပြု ရ မည့် အ ကြောင်း၊ ငါ ထာ ဝ ရ ဘုရား မိန့် ဆို ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မ​သာ​အိမ်​သို့​မ​ဝင်​နှင့်။ သေ​သော​သူ​တို့​အ​တွက် ငို​ကြွေး​မြည်​တမ်း​ခြင်း​ငှာ မ​သွား​နှင့်။ ငါ၏ ငြိမ်​သက်​ခြင်း​တည်း​ဟူ​သော မေ​တ္တာ​က​ရု​ဏာ​ကို ဤ​လူ​မျိုး​မှ ငါ​ပယ်​ရှင်း​ပြီ​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 16:5
13 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​များ​နှင့် ကိုယ်တော်​၏​မေတ္တာကရုဏာ​များ​ကို အောက်မေ့​တော်မူ​ပါ​။ အကြောင်းမူကား ၎င်း​တို့​သည် ရှေးကာလ​မှစ၍ တည်​ခဲ့​ကြ​ပါ​၏​။


အကိုင်းအခက်​တို့​သည် ခြောက်သွေ့​လျှင် ချိုး​ပစ်​ခြင်း​ခံရ​လိမ့်မည်​။ မိန်းမ​တို့​သည် လာ​၍ ချိုးယူ​မီးဆိုက်​ကြ​လိမ့်မည်​။ ဤ​လူမျိုး​သည် အသိဉာဏ်​မ​ရှိ​သောကြောင့် သူ့​ကို​ဖန်ဆင်း​သော​အရှင်​သည် သူ့​ကို​သနား​တော်မူ​မည်​မ​ဟုတ်​။ သူ့​ကို​ပုံဖော်ဖန်ဆင်း​သော​အရှင်​သည် သူ့​ကို​မျက်နှာသာပေး​တော်မူ​မည်​မ​ဟုတ်​။


အဖျက်သမား​တို့​သည် တောကန္တာရ​ရှိ​တောင်ကတုံး​များ​ပေါ်သို့ တက်လာ​ကြ​ပြီ​။ ထာဝရဘုရား​၏​ဓား​တော်​သည် မြေကြီး​စွန်းတစ်ဘက်​မှ အခြား​မြေကြီး​စွန်းတစ်ဘက်​တိုင်အောင် ဝါးမျို​လိမ့်မည်​။ မည်သူမျှ ငြိမ်းချမ်း​စွာ​နေ​ရ​မည်​မ​ဟုတ်​။


သူ​တို့​အချင်းချင်း​ကို​သာမက သား​အဖ​ချင်း​ကို​ပင် ကွဲပြား​စေ​မည်​။ မ​သနား​၊ မ​ညှာတာ​၊ မ​စာနာ​ဘဲ သူ​တို့​ကို​ဖျက်ဆီး​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု ဆင့်ဆို​လော့​။


ထို့ကြောင့် ဤ​ပြည်​မှ သင်​တို့​နှင့်​သင်​တို့​ဘိုးဘေး​တို့​မ​သိ​သော​ပြည်​သို့ သင်​တို့​ကို ငါ​နှင်ထုတ်​မည်​။ ထို​ပြည်​၌ အခြား​ဘုရား​များ​ကို နေ့နေ့ညည​အစေခံ​ရ​မည်​။ ငါ​သည် သင်​တို့​ကို မျက်နှာသာပေး​မည်​မ​ဟုတ်ဟူ၍ မိန့်​တော်မူ​သည်’​ဟု ဆင့်ဆို​ရ​မည်​။


ငါ့​စိတ်ဝိညာဉ်​သည် ငြိမ်သက်​ခြင်း​ကင်း​လျက် ကောင်းစား​ခြင်း​ကို​လည်း မေ့လျော့​လေ​ပြီ​။


ထို​ကာလ​မတိုင်မီ လူ​တို့​သည် လုပ်အားခ မ​ရ​။ တိရစ္ဆာန်​ငှားရမ်းခ​လည်း မ​ရ​။ ငါ​သည် လူ​အပေါင်း​တို့​အား အိမ်နီးချင်း​အချင်းချင်း ရန်သူ​ဖြစ်​စေ​သဖြင့် သွား​လာ​သော​သူ​တို့​သည် ရန်သူ​ရှိ​သောကြောင့် လုံခြုံမှု​မ​ရှိ​ခဲ့’​ဟု မိန့်​တော်မူ​၏​။


ထို​နေ့ရက်​၌ ငါ​သည် သူ​တို့​ကို​အမျက်ထွက်​၍ စွန့်ပစ်​မည်​။ သူ​တို့​ထံမှ မျက်နှာ​လွှဲ​မည်​။ သူ​တို့​သည် ဝါးမျို​ခြင်း​ခံရ​မည်​။ ဘေးအန္တရာယ်​နှင့်​ဆင်းရဲဒုက္ခ​များစွာ​တို့​နှင့် ကြုံတွေ့​ရ​မည်​။ သို့ဖြစ်၍ ထို​နေ့ရက်​၌ သူ​တို့​က ‘​ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​မ​ရှိ​သောကြောင့် ဤ​ဘေးအန္တရာယ်​များ​နှင့် ငါ​တို့​ကြုံတွေ့​ရ​သည်​မ​ဟုတ်​လော​’​ဟု ဆို​ကြ​လိမ့်မည်​။


ထိုအခါ နီရဲ​သော​အခြား​မြင်း​တစ်​ကောင်​ထွက်လာ​၏။ ထို​မြင်း​ပေါ်တွင်​စီး​သော​သူ​သည် လူ​တို့​အား အချင်းချင်း​သတ်ဖြတ်​ကြ​စေရန် မြေကြီး​ပေါ်မှ ငြိမ်းချမ်း​မှု​ကို​ရုပ်သိမ်း​ရ​သော​အခွင့်​ကို​ရရှိ​၏။ ကြီးမား​သော​ဓား​တစ်​လက်​ကို​လည်း သူ့​အား​ပေး​လေ​၏။