ဖြောင့်မတ်သောသူကိုကယ်တင်ခြင်းအကြောင်းသည် ထာဝရဘုရားထံတော်မှလာ၏။ ဆင်းရဲဒုက္ခရောက်သောအချိန်တွင် ကိုယ်တော်သည် သူတို့၏မှီခိုရာဖြစ်တော်မူ၏။
ယေရမိ 15:20 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဤလူတို့ရှေ့၌ သင့်ကို ခိုင်ခံ့သောကြေးနီမြို့ရိုးဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်ခိုက်သော်လည်း နိုင်မည်မဟုတ်။ အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုရွေးနုတ်ကယ်တင်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ထိုသူတို့အားခုခံတိုက်ခိုက်နိုင်ရန် ငါသည် သင့်အားကြေးဝါတံတိုင်းသဖွယ်ဖြစ်စေမည်။ သူတို့သည်သင့်ကိုတိုက်ခိုက်ကြမည်ဖြစ်သော် လည်းသင့်ကိုနှိမ်နင်းနိုင်လိမ့်မည်မဟုတ်။ သင့် ကိုကွယ်ကာစောင့်ရှောက်၍ဘေးမဲ့လုံခြုံစွာ ထားရှိနိုင်ရန်ငါသည်သင်နှင့်အတူရှိတော် မူမည်'' ဟုထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။- Garrad Bible သင့် ကို ကြေး ခံ မြို့ ရိုး သ ဖွယ်၊ ချင်း တို့ ရှေ့ ငါ ဖြစ် စေ သ ဖြင့်၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ သင့် ကို ကယ် တင် ၍ ဘေး လွတ် စေ ရန်၊ ငါ ပါ ရှိ သော ကြောင့်၊ ချင်း တို့ တိုက် ခိုက် သော် လည်း၊ အောင် မြင် ကြ ရ မည် မ ဟုတ်။ Judson Bible ငါသည်လည်း သင့်ကို ဤလူမျိုးတစ်ဖက်၌ ခိုင်ခံ့သောကြေးဝါမြို့ရိုး ဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်၍ မနိုင်ရကြ။ ငါသည် သင့်ကို နုတ်ယူကယ်တင်ခြင်းငှာ သင့်ဘက်၌နေမည်။ |
ဖြောင့်မတ်သောသူကိုကယ်တင်ခြင်းအကြောင်းသည် ထာဝရဘုရားထံတော်မှလာ၏။ ဆင်းရဲဒုက္ခရောက်သောအချိန်တွင် ကိုယ်တော်သည် သူတို့၏မှီခိုရာဖြစ်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။
ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
သူတို့ကို မကြောက်နှင့်။ ငါသည် သင့်ကိုကယ်နုတ်ရန် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူပြီးလျှင်
အို ငါ့မွေးသမိခင်၊ ငါ၌အမင်္ဂလာရှိ၏။ ငါသည် မြေတစ်ပြင်လုံးနှင့်ခိုက်ရန်ဖြစ်ပွားသောသူ၊ အငြင်းပွားသောသူ ဖြစ်ရပါပြီတကား။ ငါသည် သူတို့ကို မချေးငှားပေးဖူးပါ။ သူတို့ထံမှ မချေးယူဖူးပါ။ သို့ရာတွင် သူတို့အားလုံးက ငါ့ကိုကျိန်ဆဲကြပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ အကျွန်ုပ်ကိုအကြည့်အရှုကြွလာတော်မူပါ။ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသူတို့အား လက်တုံ့ပြန်ပေးတော်မူပါ။ ကိုယ်တော်သည် စိတ်ရှည်သည်းခံတော်မူသည်ဖြစ်၍ အကျွန်ုပ်ကို အဝေးသို့မနှင်လိုက်ပါနှင့်။ ကိုယ်တော်ကြောင့် အကျွန်ုပ်ကဲ့ရဲ့ပြစ်တင်ခြင်းခံရကြောင်းကို သိမှတ်တော်မူပါ။
ယေရမိသည် ဂျေရုဆလင်မြို့ သိမ်းပိုက်ခံရသည့်နေ့တိုင်အောင် ထောင်ဝင်းထဲတွင်နေရ၏။ ဂျေရုဆလင်မြို့ သိမ်းပိုက်ခံရသောအချိန်၌ သူသည် ထောင်ဝင်းထဲတွင်ရှိနေ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ယေရမိနှင့်ပတ်သက်၍ ကိုယ်ရံတော်မှူးနေဗုဇာရဒန်အား
ထာဝရဘုရားက ‘သင်တို့ကြောက်ရသော ဘေဘီလုံဘုရင်ကို သင်တို့မကြောက်ကြနှင့်။ သင်တို့နှင့်အတူ ငါရှိသည်ဖြစ်၍ ထိုဘုရင်လက်မှ သင်တို့ကို ငါရွေးနုတ်ကယ်တင်မည်။ သူ့ကို သင်တို့မကြောက်ကြနှင့်။
“သတ္တုစစ်သောသူကဲ့သို့ ငါ့လူမျိုးတော်ကို စစ်ဆေးသူအဖြစ်သင့်ကို ငါခန့်ထားပြီ။ ငါ့လူမျိုးတော်၏အကျင့်အကြံတို့ကို သိရှိဖို့ သူတို့ကို စစ်ဆေးရမည်။”
သူတို့မျက်နှာ မာကျောသကဲ့သို့ သင့်မျက်နှာကို မာကျောစေမည်။ သူတို့ခေါင်းမာသကဲ့သို့ သင့်ကိုခေါင်းမာစေမည်။
ကျောက်ချွန်ထက်မာသောစိန်ကဲ့သို့ သင့်ကို ခေါင်းမာစေမည်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သော်လည်း သူတို့ကို မကြောက်နှင့်။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နှင့်”ဟု ငါ့အား မိန့်ဆို၏။
အကျွန်ုပ်တို့ ကိုးကွယ်သောဘုရားသခင်သည် မီးတောက်လောင်နေသောမီးပြင်းဖိုထဲမှ အကျွန်ုပ်တို့ကို ကယ်တင်နိုင်ပါ၏။ အရှင်မင်းကြီးလက်မှလည်း အကျွန်ုပ်တို့ကို ကယ်တင်တော်မူလိမ့်မည်။
သခင်ဘုရားသည် သင်၏စိတ်ဝိညာဉ်နှင့်အတူရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။