ယေရမိ 15:15 - မြန်မာ့စံမီသမ္မာကျမ်း15 အို ထာဝရဘုရား၊ ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ အကျွန်ုပ်ကိုအကြည့်အရှုကြွလာတော်မူပါ။ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသူတို့အား လက်တုံ့ပြန်ပေးတော်မူပါ။ ကိုယ်တော်သည် စိတ်ရှည်သည်းခံတော်မူသည်ဖြစ်၍ အကျွန်ုပ်ကို အဝေးသို့မနှင်လိုက်ပါနှင့်။ ကိုယ်တော်ကြောင့် အကျွန်ုပ်ကဲ့ရဲ့ပြစ်တင်ခြင်းခံရကြောင်းကို သိမှတ်တော်မူပါ။ အခန်းကိုကြည့်ပါ။Common Language Bible15 ထိုအခါငါက``ကိုယ်တော်ရှင်သိရှိနားလည် တော်မူပါ၏။ ကျွန်တော်မျိုးတို့ကိုအောက်မေ့ သတိရ၍ကူမတော်မူပါ။ ကျွန်တော်မျိုးကို ညှင်းဆဲနှိပ်စက်သူတို့အားလက်စားချေရ သောအခွင့်ကိုပေးတော်မူပါ။ သူတို့သည် ကျွန်တော်မျိုးအားသတ်ဖြတ်ကြသည့်တိုင် အောင်သည်းခံလျက်နေတော်မမူပါနှင့်။ ကျွန်တော်မျိုးအစော်ကားခံရသည်မှာ ကိုယ်တော်ရှင်၏အတွက်ကြောင့်ဖြစ်သည် ကိုအောက်မေ့သတိရတော်မူပါ။- အခန်းကိုကြည့်ပါ။Garrad Bible15 အ ကျွန်ုပ် ကို သိ ကျွမ်း တော် မူ သော အို ထာ ဝ ရ ဘု ရား၊ သ တိ ရ လျက် ကြွ လာ၍၊ ညှင်း ပန်း သူ တို့ အား စိတ် ရှည် သော သ ဘော တော် ကြောင့်၊ အ ကျွန်ုပ် ကို မ ပယ် ရှား ဘဲ၊ ချင်း တို့ အား လက် စား ချေ တော် မူ ပါ။ အ ကျွန်ုပ် သည် ကိုယ် တော့် အ တွက် ကဲ့ ရဲ့ ခံ ခဲ့ ကြောင်း ကို၊ သိ မှတ် တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible15 အို ထာဝရဘုရား၊ ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်ကိုအောက်မေ့လျက် အကြည့်အရှုကြွလာ၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့ကို တရားသဖြင့် ပေးတော်မူပါ။ သူတို့ကိုသည်းခံ၍၊ အကျွန်ုပ်ကို သုတ်သင်ပယ်ရှင်းတော် မမူပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော်အတွက် ကဲ့ရဲ့ခြင်းခံရကြောင်းကို အောက်မေ့တော်မူပါ။ အခန်းကိုကြည့်ပါ။ |
လေဝိအမျိုးတို့ကိုလည်း ဥပုသ်နေ့သန့်ရှင်းအောင် ကိုယ့်ကိုယ်ကိုယ် စင်ကြယ်စေပြီး မြို့တံခါးတို့တွင် သွား၍စောင့်ကြပ်ကြလော့ဟု ငါမှာကြား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ပြုခဲ့သောအမှုအတွက် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ မေတ္တာကရုဏာကြွယ်ဝသည့်အတိုင်း အကျွန်ုပ်ကို သနားတော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ရွေးကောက်သောသူတို့၏ ကောင်းကျိုးချမ်းသာကို မြင်နိုင်စေရန်လည်းကောင်း၊ ကိုယ်တော့်လူမျိုးတော်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဝမ်းမြောက်နိုင်စေရန်လည်းကောင်း၊ ကိုယ်တော်၏အမွေတော်၌ ဂုဏ်ယူဝါကြွားနိုင်စေရန်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်ကို ကျေးဇူးပြုတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ။ သူတို့ကို ကယ်တင်တော်မူသောအခါ အကျွန်ုပ်ကိုလည်း စာရင်းဝင်စေတော်မူပါ။
ရှံဆုန်ကလည်း ထာဝရဘုရားထံ “အို အကျွန်ုပ်၏ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်ကို ဤတစ်ကြိမ်သာ ခွန်အားပေးတော်မူပါ။ အကျွန်ုပ်မျက်စိနှစ်ဖက်ကိုဖောက်ထုတ်ပစ်သော ဤဖိလိတ္တိလူမျိုးကို တစ်ခါတည်း အပြီးလက်တုံ့ပြန်ခွင့်ပြုတော်မူပါ ဘုရားသခင်”ဟု ဆုတောင်း၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသတ်မည့်သူတို့၏အကြံဉာဏ်အားလုံးကို ကိုယ်တော်သိတော်မူပါ၏။ သူတို့၏ဒုစရိုက်ကို ဖြေလွှတ်တော်မမူပါနှင့်။ သူတို့၏အပြစ်ကို ရှေ့တော်မှပယ်ဖျက်တော်မမူပါနှင့်။ ကိုယ်တော်ရှေ့တော်၌ သူတို့လဲကျကြပါစေ။ အမျက်တော်သင့်ရာကာလ၌ သူတို့ကိုစီရင်တော်မူပါ။