ယေရမိ 15:20 - Common Language Bible20 ထိုသူတို့အားခုခံတိုက်ခိုက်နိုင်ရန် ငါသည် သင့်အားကြေးဝါတံတိုင်းသဖွယ်ဖြစ်စေမည်။ သူတို့သည်သင့်ကိုတိုက်ခိုက်ကြမည်ဖြစ်သော် လည်းသင့်ကိုနှိမ်နင်းနိုင်လိမ့်မည်မဟုတ်။ သင့် ကိုကွယ်ကာစောင့်ရှောက်၍ဘေးမဲ့လုံခြုံစွာ ထားရှိနိုင်ရန်ငါသည်သင်နှင့်အတူရှိတော် မူမည်'' ဟုထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible20 သင့် ကို ကြေး ခံ မြို့ ရိုး သ ဖွယ်၊ ချင်း တို့ ရှေ့ ငါ ဖြစ် စေ သ ဖြင့်၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ သင့် ကို ကယ် တင် ၍ ဘေး လွတ် စေ ရန်၊ ငါ ပါ ရှိ သော ကြောင့်၊ ချင်း တို့ တိုက် ခိုက် သော် လည်း၊ အောင် မြင် ကြ ရ မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible20 ငါသည်လည်း သင့်ကို ဤလူမျိုးတစ်ဖက်၌ ခိုင်ခံ့သောကြေးဝါမြို့ရိုး ဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်၍ မနိုင်ရကြ။ ငါသည် သင့်ကို နုတ်ယူကယ်တင်ခြင်းငှာ သင့်ဘက်၌နေမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ငါသည် ဤလူတို့ရှေ့၌ သင့်ကို ခိုင်ခံ့သောကြေးနီမြို့ရိုးဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်ခိုက်သော်လည်း နိုင်မည်မဟုတ်။ အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုရွေးနုတ်ကယ်တင်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ပျော်ရွှင်မှုကင်းမဲ့သူဖြစ်ပါသည် တကား။ ငါ၏အမိသည်အဘယ်ကြောင့်ငါ့အား ဤလောကထဲသို့မွေးထုတ်ပါသနည်း။ ဤပြည် တွင်ရှိသမျှသောသူတို့နှင့်ငါသည်စကား များရငြင်းခုံရပါ၏။ ငါသည်သူတစ်ပါး တို့အားလည်းကောင်း၊ သူတစ်ပါးတို့ထံမှ လည်းကောင်းငွေကြေးမချေးငှားခဲ့။ သို့ ပါလျက်လူအပေါင်းတို့သည်ငါ့အား ကျိန်ဆဲကြပါ၏။-
ထိုအခါငါက``ကိုယ်တော်ရှင်သိရှိနားလည် တော်မူပါ၏။ ကျွန်တော်မျိုးတို့ကိုအောက်မေ့ သတိရ၍ကူမတော်မူပါ။ ကျွန်တော်မျိုးကို ညှင်းဆဲနှိပ်စက်သူတို့အားလက်စားချေရ သောအခွင့်ကိုပေးတော်မူပါ။ သူတို့သည် ကျွန်တော်မျိုးအားသတ်ဖြတ်ကြသည့်တိုင် အောင်သည်းခံလျက်နေတော်မမူပါနှင့်။ ကျွန်တော်မျိုးအစော်ကားခံရသည်မှာ ကိုယ်တော်ရှင်၏အတွက်ကြောင့်ဖြစ်သည် ကိုအောက်မေ့သတိရတော်မူပါ။-