ထိုအခါ အာဟပ်မင်းကြီးက ဧလိယအား “အို ငါ့ရန်သူ၊ သင်သည် ငါ့ကိုတွေ့ပြီလော”ဟု ဆိုလျှင် ဧလိယက “သင်သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုပြုရန် သင့်ကိုယ်သင်ရောင်းစားသောကြောင့် သင့်ကိုငါတွေ့ပြီ။
ယေရမိ 15:10 - မြန်မာ့စံမီသမ္မာကျမ်း အို ငါ့မွေးသမိခင်၊ ငါ၌အမင်္ဂလာရှိ၏။ ငါသည် မြေတစ်ပြင်လုံးနှင့်ခိုက်ရန်ဖြစ်ပွားသောသူ၊ အငြင်းပွားသောသူ ဖြစ်ရပါပြီတကား။ ငါသည် သူတို့ကို မချေးငှားပေးဖူးပါ။ သူတို့ထံမှ မချေးယူဖူးပါ။ သို့ရာတွင် သူတို့အားလုံးက ငါ့ကိုကျိန်ဆဲကြပါ၏။ Common Language Bible ငါသည်ပျော်ရွှင်မှုကင်းမဲ့သူဖြစ်ပါသည် တကား။ ငါ၏အမိသည်အဘယ်ကြောင့်ငါ့အား ဤလောကထဲသို့မွေးထုတ်ပါသနည်း။ ဤပြည် တွင်ရှိသမျှသောသူတို့နှင့်ငါသည်စကား များရငြင်းခုံရပါ၏။ ငါသည်သူတစ်ပါး တို့အားလည်းကောင်း၊ သူတစ်ပါးတို့ထံမှ လည်းကောင်းငွေကြေးမချေးငှားခဲ့။ သို့ ပါလျက်လူအပေါင်းတို့သည်ငါ့အား ကျိန်ဆဲကြပါ၏။- Garrad Bible အို မိ ခင်၊ ပြည် သူ အ ပေါင်း တို့ နှင့် ဘက် ပြိုင် ရန် တွေ့ ရ သော သား ကို ဖွား မြင် သည့် အ တွက်၊ ကျွန် တော် အ ကျိုး နည်း လေ စွ။ ကျွန် တော် သည် အ တိုး မ ချ၊ အ ကြွေး မ ယူ သော် လည်း၊ ရှိ သ မျှ တို့ အ ဆဲ အ ရေး ခံ ရ ၏။ Judson Bible အို မိခင်၊ ငါ၌ အမင်္ဂလာရှိ၏။ မိခင်သည် တစ်ပြည်လုံးရန်တွေ့သောသူ၊ ငြင်းဆန်သောသူဖြစ်သော ငါ့ကို ဖွားမြင်ပါပြီ။ ငါသည် သူတစ်ပါးကို အတိုးနှင့် မချေး။ သူတစ်ပါးသည်လည်း ငါ့ကိုအတိုးနှင့်မချေး။ သို့သော်လည်း၊ လူခပ်သိမ်းတို့သည် ငါ့ကို ကျိန်ဆဲတတ်ကြ၏။ |
ထိုအခါ အာဟပ်မင်းကြီးက ဧလိယအား “အို ငါ့ရန်သူ၊ သင်သည် ငါ့ကိုတွေ့ပြီလော”ဟု ဆိုလျှင် ဧလိယက “သင်သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုပြုရန် သင့်ကိုယ်သင်ရောင်းစားသောကြောင့် သင့်ကိုငါတွေ့ပြီ။
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကိုငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် အကောင်းကိုမဟော။ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။
သူတို့သည် ကျိန်ဆဲသော်လည်း ကိုယ်တော်သည် ကောင်းချီးပေးတော်မူလိမ့်မည်။ သူတို့သည် ထကြွသော်လည်း အရှက်ကွဲကြရပါလိမ့်မည်။ ကိုယ်တော်၏အစေအပါးမူကား ဝမ်းမြောက်ရပါလိမ့်မည်။
မိမိငွေကို အတိုးဖြင့်ချေးငှားခြင်းမပြု၊ အပြစ်ကင်းသောသူကိုထိခိုက်စေသည့် တံစိုးလက်ဆောင်ကိုလက်မခံသောသူပင်တည်း။ ဤသို့ပြုသောသူသည် မည်သည့်အခါမျှတုန်လှုပ်မည်မဟုတ်။
အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည် အကျွန်ုပ်၏ဦးခေါင်းပေါ်ရှိဆံပင်များထက် ပို၍များပြားကြပါ၏။ အကျွန်ုပ်ကိုဖယ်ရှားသုတ်သင်လိုသည့် လှည့်ဖြားတတ်သော အကျွန်ုပ်၏ရန်သူတို့သည် အားကြီးကြပါ၏။ အကျွန်ုပ်မလုယူခဲ့သည့်အရာကို အကျွန်ုပ်ပြန်ပေးရပါမည်လော။
သင်တို့နှင့်အတူရှိသော ငါ၏လူမျိုးထဲမှဆင်းရဲသားကို ငွေချေးပေးလျှင် အတိုးစားသောသူကဲ့သို့ မပြုရ။ သူ့ထံမှ အတိုးမယူရ။
လူးလာပျံဝဲသည့် စာငှက်ကဲ့သို့လည်းကောင်း၊ ပျံသန်းသွားလာသည့် ပျံလွှားငှက်ကဲ့သို့လည်းကောင်း အကြောင်းမဲ့ကျိန်ဆဲခြင်းသည် လာရောက်ရပ်နားခြင်းမရှိတတ်။
ငါသည် ဤလူတို့ရှေ့၌ သင့်ကို ခိုင်ခံ့သောကြေးနီမြို့ရိုးဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်ခိုက်သော်လည်း နိုင်မည်မဟုတ်။ အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုရွေးနုတ်ကယ်တင်မည်”ဟု မိန့်တော်မူ၏။
သူ့ထံမှ အတိုးအမြတ် မယူရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ပြီး သင်၏ညီအစ်ကိုကို သင်နှင့်အတူနေထိုင်ခွင့်ပြုရမည်။
သင်၏ငွေကို သူ့အား အတိုးဖြင့် မချေးရ။ သင်၏အစားအစာကိုလည်း သူ့အား အမြတ်ဖြင့် မရောင်းရ။
အကျွန်ုပ်ကို အဘယ်ကြောင့် အပြစ်ဒုစရိုက်နှင့် ကြုံတွေ့စေသနည်း။ အဘယ်ကြောင့် အခက်အခဲပြဿနာများနှင့် တွေ့စေသနည်း။ ဖျက်ဆီးခြင်း၊ အကြမ်းဖက်ခြင်းသည် အကျွန်ုပ်ရှေ့တွင် ရှိနေပါ၏။ ခိုက်ရန်ဖြစ်ပွားမှု၊ အငြင်းပွားမှုများလည်း ဖြစ်ပွားနေပါ၏။
ထို့နောက် လူတို့သည် သင်တို့ကိုနှိပ်စက်ရန် အပ်နှံ၍ သင်တို့ကို သတ်ဖြတ်ကြလိမ့်မည်။ သင်တို့သည် ငါ့နာမကြောင့် လူမျိုးတကာတို့၏မုန်းတီးခြင်းကို ခံရကြလိမ့်မည်။
သို့သော် သင်တို့အား ငါဆိုမည်။ သင်တို့၏ရန်သူများကိုချစ်၍ သင်တို့ကိုညှဉ်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့။
ထို့နောက် ရှိမောင်သည် သူတို့ကိုကောင်းချီးပေး၍ မယ်တော်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာတို့ကို လဲစေသည့်အကြောင်းနှင့် ထစေသည့်အကြောင်းဖြစ်ပြီး ဆန့်ကျင်ပြောဆိုခြင်းခံရမည့်အမှတ်လက္ခဏာဖြစ်ရန် ခန့်အပ်ထားခြင်းခံရ၏။
လူ့သားကြောင့် လူတို့သည် သင်တို့ကိုမုန်းတီးသောအခါ၌လည်းကောင်း၊ သင်တို့ကိုဝိုင်းပယ်၍ ကဲ့ရဲ့ပြစ်တင်ကာ သင်တို့၏နာမည်ကိုဖျက်သောအခါ၌လည်းကောင်း သင်တို့သည် မင်္ဂလာရှိကြ၏။
သို့သော် ဤဂိုဏ်းနှင့်ပတ်သက်၍ အရပ်ရပ်တို့၌ ဆန့်ကျင်ပြောဆိုနေကြောင်း ငါတို့သိထားသည်ဖြစ်၍ သင်မည်သို့စိတ်သဘောရှိသည်ကို သင့်ထံမှ ငါတို့ကြားလိုသည်”ဟု ဆိုကြ၏။