ဝတ်ပြု 25:36 - မြန်မာ့စံမီသမ္မာကျမ်း36 သူ့ထံမှ အတိုးအမြတ် မယူရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ပြီး သင်၏ညီအစ်ကိုကို သင်နှင့်အတူနေထိုင်ခွင့်ပြုရမည်။ အခန်းကိုကြည့်ပါ။Common Language Bible36 ထိုသူအားငွေချေးရာ၌အတိုးမယူရ။ ဘုရားသခင်ကိုကြောက်ရွံ့၍ သူ့အားသင် ၏အိမ်နီးချင်းအဖြစ်အသက်ရှင်နေထိုင် စေလော့။- အခန်းကိုကြည့်ပါ။Garrad Bible36 နေ နိုင် ခွင့် ရ စေ ရန် ကိုယ် ဘု ရား သ ခင့် ကြောင့် ကြောက် ရွံ့ လျက် အ တိုး အ မြတ် ကို မ ယူ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible36 သူ၌ အတိုးအပွားကိုမယူရ။ သင်၏အမျိုးသားချင်းသည် သင့်ထံမှာနေစေခြင်းငှာ၊ သင်၏ဘုရားသခင်ကို ကြောက်ရွံ့လော့။ အခန်းကိုကြည့်ပါ။ |
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။