ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
ယေရမိ 14:10 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ဤလူမျိုးအား “သူတို့သည် ဟိုဟိုသည်သည်သွားလာရသည်ကို နှစ်သက်အားရကြ၏။ ကိုယ့်ခြေကိုယ်မထိန်းချုပ်ကြ။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို နှစ်သက်တော်မမူ။ သူတို့၏ဒုစရိုက်များကို မှတ်တော်မူမည်။ သူတို့အပြစ်များကြောင့် သူတို့ကိုဒဏ်ခတ်တော်မူမည်”ဟု မိန့်တော်မူ၏။ Common Language Bible ထာဝရဘုရားသည်ထိုသူတို့အကြောင်း နှင့်ပတ်သက်၍``သူတို့သည်ငါ့ထံမှထွက် ပြေးရန်နှစ်သက်ကြ၏။ မိမိတို့ခြေကို မချုပ်တည်းလိုကြ။ ထို့ကြောင့်ငါသည်သူ တို့ကိုမနှစ်သက်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုအောက်မေ့သတိရ၍ သူတို့အား အပြစ်ဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ဤ လူ မျိုး အား ထာ ဝ ရ ဘု ရား က၊ ခြေ လှမ်း ခြင်း ကို မ ချုပ် တည်း ဘဲ၊ ထို နှင့် အ မျှ အ လေ အ လွင့် ခင် မင် သော သင် တို့ ကို၊ ငါ ထာ ဝ ရ ဘု ရား လက် ခံ မည် မ ဟုတ်။ ယ ခု ပင် ဒု စ ရိုက် ကို သ တိ မူ လျက်၊ အ ပြစ် ဒဏ် စီ ရင် မည် ဟု မိန့် တော် မူ၏။ Judson Bible ဤလူမျိုးကိုရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤလူတို့သည် လှည့်လည်ခြင်းငှာ အလွန်အလိုရှိကြ၏။ မိမိတို့ခြေကို မချုပ်တည်းကြ။ ထိုကြောင့်၊ ထာဝရဘုရားနှစ်သက်တော်မမူ။ သူတို့ပြုသော ဒုစရိုက်ကိုအောက်မေ့၍၊ သူတို့အပြစ်များကြောင့် စစ်ကြောတော်မူမည်။ |
ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
ကိုယ်တော်၏နှုတ်ကပတ်တော်ကို စောင့်ထိန်းနိုင်ရန် အကျွန်ုပ်၏ခြေကို မကောင်းသောလမ်းရှိသမျှတို့မှ ကင်းဝေးစေပါ၏။
ငါသည် အနှစ်လေးဆယ်အတွင်း ထိုမျိုးဆက်ကိုစက်ဆုပ်၍ “သူတို့သည် စိတ်သဘောမှားယွင်းသောလူမျိုးဖြစ်ကြ၏။ ငါ၏လမ်းတို့ကိုလည်း မသိကြ”ဟု ဆို၏။
ယခု သွား၍ သင့်အား ငါမိန့်ဆိုသောနေရာသို့ ထိုလူတို့ကို ပို့ဆောင်လော့။ ကြည့်ရှုလော့။ ငါ၏ကောင်းကင်တမန်သည် သင့်ရှေ့မှ သွားလိမ့်မည်။ သို့သော် ငါအပြစ်ဒဏ်ပေးမည့်နေ့ရက်၌ သူတို့၏အပြစ်အတွက် သူတို့ကိုဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။
သင်သည် အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သွားလာ၍ သင်၏အပြုအမူကို ပြောင်းလဲရသနည်း။ အဆီးရီးယားပြည်အားဖြင့် အရှက်ကွဲရသကဲ့သို့ အီဂျစ်ပြည်အားဖြင့် အရှက်ကွဲရလိမ့်မည်။
သင်၏ဒုစရိုက်တို့ကို ဝန်ခံလော့။ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုပုန်ကန်၍ စိမ်းလန်းသောသစ်ပင်ရှိသမျှအောက်၌ တစ်ပါးအမျိုးသားတို့နှင့် မွေ့လျော်၏။ ငါ့စကားကိုလည်း သင်နားမထောင်’ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားက “သူတို့သည် အိမ်နီးချင်း၊ ညီအစ်ကိုချင်းတို့အား ‘ထာဝရဘုရားနှင့် သိကျွမ်းခြင်းရှိလော့’ဟု သင်ကြားပေးစရာမလို။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူတိုင်း ငါ့ကို သိကျွမ်းကြလိမ့်မည်။ သူတို့၏ဒုစရိုက်များကို ခွင့်လွှတ်မည်။ သူတို့၏အပြစ်များကို အောက်မေ့တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
ငါ့ထံ သင်တို့ယူလာသော ရှေဘပြည်မှလော်ဗန်၊ ဝေးသောပြည်မှမွှေးကြိုင်သောခါနဲကို ငါဘာလုပ်ရမည်နည်း။ သင်တို့၏မီးရှို့ရာယဇ်ကို ငါလက်မခံ။ သင်တို့၏ပူဇော်သက္ကာကို ငါမနှစ်သက်”ဟု မိန့်တော်မူ၏။
ဤဂျေရုဆလင်မြို့သူမြို့သားတို့သည် အဘယ်ကြောင့် ထွက်သွား၍ ဖောက်ပြန်မြဲဖောက်ပြန်ကြသနည်း။ သူတို့သည် လှည့်စားမှုကိုဆုပ်ကိုင်ထားကြ၏။ ပြန်လှည့်လာရန် ငြင်းဆန်ကြ၏။
အီဂျစ်ပြည်သည် အစ္စရေးအမျိုးအနွယ်တို့အတွက် အားကိုးစရာဖြစ်တော့မည်မဟုတ်။ သူတို့သည် အီဂျစ်ပြည်ကို အားကိုးမိခြင်းအတွက် မိမိတို့မှားကြောင်းကို သိရကြလိမ့်မည်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ငါ့လူမျိုးတော်သည် ငါ့ထံမှလမ်းလွဲဖောက်ပြန်လိုစိတ်အားကြီးကြပြီ။ သူတို့သည် ကောင်းကင်ဘုံရှင်ကိုခေါ်သော်လည်း သူတို့တစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကို မချီးမြှောက်ကြ။
ငါသည် အမျက်ထွက်သည့်အလျောက် မပြု။ ဧဖရိမ်ကို နောက်တစ်ဖန် မဖျက်ဆီး။ အကြောင်းမှာ ငါသည် လူမဟုတ်၊ ဘုရားသခင်ဖြစ်၏။ သင်တို့နှင့်အတူရှိသည့်သန့်ရှင်းသောအရှင် ဖြစ်၏။ သင့်ထံ အမျက်ဖြင့်လာမည်မဟုတ်။
သူတို့သည် ငါ့ထံမှ လမ်းလွဲသွားသောကြောင့် သူတို့၌ အမင်္ဂလာရှိ၏။ ငါ့ကိုပုန်ကန်သောကြောင့် သူတို့ပျက်စီးရလိမ့်မည်။ သူတို့ကို ငါရွေးနုတ်လိုသော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်လိမ်လည်ကြ၏။
သူတို့ပြုသောမကောင်းမှုအားလုံးကို ငါမှတ်ထားကြောင်း သူတို့၏စိတ်ထဲ၌ မတွေးမိကြ။ ယခုမှာ သူတို့ပြုသောအမှုသည် သူတို့ကိုဝိုင်းထားလေပြီ။ သူတို့လုပ်သမျှကို ငါမြင်လေပြီ။
သူတို့သည် ငါ့ထံ လှူဖွယ်ဝတ္ထုများကို ပူဇော်သောအခါ ယဇ်ကောင်များကိုပူဇော်၍ အသားကို စားကြ၏။ ထိုပူဇော်သက္ကာတို့ကို ထာဝရဘုရား လက်ခံတော်မမူ။ သူတို့၏ဒုစရိုက်ကို မှတ်ထားပြီး သူတို့၏အပြစ်ကို ဒဏ်ခတ်မည်။ သူတို့ကို အီဂျစ်ပြည်သို့ ပြန်သွားစေမည်။
သူတို့သည် ဂိဗာမြို့သားတို့လက်ထက်ကကဲ့သို့ အလွန်အကျင့်ပျက်ပြားကြ၏။ ကိုယ်တော်သည် သူတို့၏ဒုစရိုက်များကို မှတ်ထားပြီး သူတို့၏အပြစ်များကို ဒဏ်ခတ်တော်မူမည်။
“မြေကြီးပေါ်ရှိလူသားမျိုးနွယ်တို့တွင် သင်တို့တစ်မျိုးနွယ်တည်းကိုသာ ငါသိမှတ်သည်ဖြစ်၍ သင်တို့အပြစ်ရှိသမျှကို ငါစစ်ကြောမည်”ဟု မိန့်တော်မူ၏။
သင်တို့ပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာတို့ကို ငါလက်ခံမည်မဟုတ်။ ဆူဖြိုးသောယဇ်ကောင်တို့ကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လျှင်လည်း ငါအရေးစိုက်မည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့၏မတရားမှုများအပေါ်ကရုဏာထား၍ သူတို့၏အပြစ်များကို လုံးဝသတိရတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှထွက်လာစဉ် လမ်းခရီးတွင် သူတို့အား အာမလက်လူမျိုးတို့ ဆီးတားခဲ့သည့်အမှုကို ငါမှတ်ထား၏။