ယေရမိ 14:10 - Common Language Bible10 ထာဝရဘုရားသည်ထိုသူတို့အကြောင်း နှင့်ပတ်သက်၍``သူတို့သည်ငါ့ထံမှထွက် ပြေးရန်နှစ်သက်ကြ၏။ မိမိတို့ခြေကို မချုပ်တည်းလိုကြ။ ထို့ကြောင့်ငါသည်သူ တို့ကိုမနှစ်သက်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုအောက်မေ့သတိရ၍ သူတို့အား အပြစ်ဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ဤ လူ မျိုး အား ထာ ဝ ရ ဘု ရား က၊ ခြေ လှမ်း ခြင်း ကို မ ချုပ် တည်း ဘဲ၊ ထို နှင့် အ မျှ အ လေ အ လွင့် ခင် မင် သော သင် တို့ ကို၊ ငါ ထာ ဝ ရ ဘု ရား လက် ခံ မည် မ ဟုတ်။ ယ ခု ပင် ဒု စ ရိုက် ကို သ တိ မူ လျက်၊ အ ပြစ် ဒဏ် စီ ရင် မည် ဟု မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ဤလူမျိုးကိုရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤလူတို့သည် လှည့်လည်ခြင်းငှာ အလွန်အလိုရှိကြ၏။ မိမိတို့ခြေကို မချုပ်တည်းကြ။ ထိုကြောင့်၊ ထာဝရဘုရားနှစ်သက်တော်မမူ။ သူတို့ပြုသော ဒုစရိုက်ကိုအောက်မေ့၍၊ သူတို့အပြစ်များကြောင့် စစ်ကြောတော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ထာဝရဘုရားက ဤလူမျိုးအား “သူတို့သည် ဟိုဟိုသည်သည်သွားလာရသည်ကို နှစ်သက်အားရကြ၏။ ကိုယ့်ခြေကိုယ်မထိန်းချုပ်ကြ။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို နှစ်သက်တော်မမူ။ သူတို့၏ဒုစရိုက်များကို မှတ်တော်မူမည်။ သူတို့အပြစ်များကြောင့် သူတို့ကိုဒဏ်ခတ်တော်မူမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်သည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားကို ပုန်ကန်မိကြောင်းနှင့်အပြစ်ရှိ ကြောင်းကိုသာလျှင်ဝန်ခံလော့။ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင် သင်သည် လူမျိုးခြားတို့၏ဘုရားများအားမြတ်နိုး ခဲ့ကြောင်းကိုဝန်ခံလော့။ ငါ့စကားကိုနား မထောင်မိခဲ့ကြောင်းကိုလည်းဝန်ခံလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့သည်သူတို့ အား နောင်အဘယ်အခါ၌မျှမှီခိုအား ကိုးကြတော့မည်မဟုတ်။ ယင်းသို့အား ကိုးမိခဲ့သည့်အတွက်မိမိတို့အဘယ် မျှမှားကြောင်းကိုဣသရေလအမျိုး သားတို့အား အီဂျစ်ပြည်ကြုံတွေ့ရသည့် ကံကြမ္မာကပြန်လည်သတိရစေလိမ့် မည်။ ထိုအခါငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါသည်အမျက်ထွက်၍သင့်အားဒဏ်ခတ်တော် မမူ၊ ငါသည်ဣသရေလအားနောက်တစ်ဖန် သုတ်သင်ဖျက်ဆီးမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော်၊ငါသည်လူသားမဟုတ်၊ ဘုရားသခင်ဖြစ်တော်မူသောကြောင့်တည်း။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်၊ ငါဘုရားသခင်သည်သင်တို့နှင့်အတူရှိ တော်မူ၏။ ငါသည်အမျက်ထွက်လျက်သင်တို့ထံသို့ ကြွလာမည်မဟုတ်။