ပြည်သူပြည်သားများပြားခြင်းသည် ရှင်ဘုရင်အတွက် အသရေဖြစ်၏။ တိုင်းသူပြည်သားမရှိခြင်းမူကား အုပ်ချုပ်သူအတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။
ယေရမိ 13:20 - မြန်မာ့စံမီသမ္မာကျမ်း မြောက်ဘက်အရပ်မှလာသောသူတို့ကို မျှော်ကြည့်လော့။ သင့်အား ပေးအပ်ထားသောသိုးစု၊ သင်ဂုဏ်ယူရာသိုးကား အဘယ်မှာနည်း။ Common Language Bible ယေရုရှလင်မြို့၊ ကြည့်လော့။ သင်၏ရန်သူ များသည်မြောက်အရပ်မှလာလျက်ရှိ၏။ ကြည့်ရှုစောင့်ရှောက်ရန် သင့်အားငါပေး အပ်ထားသည့်လူများ၊ သင်တို့ဂုဏ်ယူ သည့်လူမျိုးတို့ကားအဘယ်မှာနည်း။- Garrad Bible မြောက် ပိုင်း မှ ချီ လာ သူ တို့ ကို မြော် ကြည့် လော့။ သင်၌ အပ် နှံ သော ရှု ချင် ဖွယ် သိုး အုပ် ကား၊ အ ဘယ် မှာ နည်း။ Judson Bible မြောက်မျက်နှာကလာသော သူတို့ကိုမျှော်၍ကြည့်လော့။ သင့်အား ငါပေးသောသိုးစု၊ လှသောသိုးစုသည် အဘယ်မှာရှိသနည်း။ |
ပြည်သူပြည်သားများပြားခြင်းသည် ရှင်ဘုရင်အတွက် အသရေဖြစ်၏။ တိုင်းသူပြည်သားမရှိခြင်းမူကား အုပ်ချုပ်သူအတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။
ထိုအခါ ထာဝရဘုရားက “မြောက်ဘက်မှဘေးအန္တရာယ်သည် ဤပြည်သူပြည်သားရှိသမျှတို့အပေါ် ကျရောက်လိမ့်မည်။
အကြောင်းမူကား ငါသည် မြောက်ဘက်တိုင်းနိုင်ငံများရှိ လူမျိုးအပေါင်းတို့ကို ဆင့်ခေါ်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “သူတို့သည် ရောက်လာ၍ ဂျေရုဆလင်မြို့တံခါးဝများတွင် ရာဇပလ္လင်ကို အသီးသီးတည်ကြမည်။ မြို့ရိုးအားလုံးကိုဝိုင်းရံထား၍ ယုဒမြို့အားလုံးကို တိုက်ခိုက်ကြမည်။
သတင်းတစ်ခုရောက်လာ၏။ ကြည့်ရှုလော့။ တုန်ဟည်းသံကြီးသည် မြောက်အရပ်မှလာ၍ ယုဒမြို့ရွာများကို လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်၊ ခွေးအတို့ခိုအောင်းရာဖြစ်စေမည်။
သင်တို့နားမထောင်လျှင် သင်တို့၏မာန်မာနကြောင့် ငါ့စိတ်ဝိညာဉ်သည် ကွယ်ရာ၌ ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောကြောင့် ငါသည် ဝမ်းနည်းပက်လက်ငိုကြွေးမည်၊ မျက်ရည်ဖြိုင်ဖြိုင်စီးကျမည်။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက မိမိလူမျိုးတော်ကိုထိန်းကျောင်းသော သိုးထိန်းတို့အား “သင်တို့သည် ငါ၏သိုးစုကိုကွဲလွင့်စေ၏။ နှင်ထုတ်၏။ သူတို့ကို ဂရုမစိုက်။ ကြည့်ရှုလော့။ သင်တို့ပြုသောဆိုးညစ်မှုကြောင့် သင်တို့ကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။
ငြိမ်းချမ်းသာယာသောနေထိုင်ရာအရပ်တို့သည် ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်ဒဏ်ကြောင့် ပျက်စီးလေပြီ။
ထာဝရဘုရားက “မြောက်အရပ်မှ လူမျိုးတစ်မျိုးရောက်လာမည်။ မြေကြီးစွန်းမှ လူမျိုးကြီးတစ်မျိုး ထကြွမည်။
ကြည့်ရှုလော့။ ရက်စက်ကြမ်းကြုတ်၍ စိတ်လိုက်မာန်ပါလုပ်တတ်သောခါလဒဲလူမျိုးတို့ကို ငါထကြွစေမည်။ သူတို့သည် သူတို့ပိုင်နက်မဟုတ်သောမြေတစ်ပြင်လုံးသို့ စစ်ချီ၍ သိမ်းပိုက်လိမ့်မည်။