Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 13:20 - Common Language Bible

20 ယေ​ရု​ရှ​လင်​မြို့၊ ကြည့်​လော့။ သင်​၏​ရန်​သူ များ​သည်​မြောက်​အ​ရပ်​မှ​လာ​လျက်​ရှိ​၏။ ကြည့်​ရှု​စောင့်​ရှောက်​ရန် သင့်​အား​ငါ​ပေး အပ်​ထား​သည့်​လူ​များ၊ သင်​တို့​ဂုဏ်​ယူ သည့်​လူ​မျိုး​တို့​ကား​အ​ဘယ်​မှာ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 မြောက် ပိုင်း မှ ချီ လာ သူ တို့ ကို မြော် ကြည့် လော့။ သင်၌ အပ် နှံ သော ရှု ချင် ဖွယ် သိုး အုပ် ကား၊ အ ဘယ် မှာ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 မြောက်​မျက်​နှာ​က​လာ​သော သူ​တို့​ကို​မျှော်၍​ကြည့်​လော့။ သင့်​အား ငါ​ပေး​သော​သိုး​စု၊ လှ​သော​သိုး​စု​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 မြောက်ဘက်​အရပ်​မှ​လာ​သော​သူ​တို့​ကို မျှော်ကြည့်​လော့​။ သင့်​အား ပေးအပ်​ထား​သော​သိုးစု​၊ သင်​ဂုဏ်ယူရာ​သိုး​ကား အဘယ်မှာ​နည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 13:20
14 ပူးပေါင်းရင်းမြစ်များ  

ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော် တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်း ခြင်းရှိ၏။


ကိုယ်​တော်​သည်​ငါ့​အား``ဤ​ပြည်​တွင် နေ​ထိုင် သူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ မြောက်​အ​ရပ်​မှ ဘေး​အန္တ​ရာယ်​ဆိုက်​ရောက်​လာ​လိမ့်​မည်။-


ငါ​သည်​မြောက်​အ​ရပ်​ရှိ​လူ​မျိုး​တ​ကာ​ကို ခေါ်​ယူ​လျက်​နေ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။ သူ​တို့​၏​ဘု​ရင်​များ​သည်​လာ​၍ မိ​မိ​တို့​ရာ​ဇ​ပလ္လင်​ကို ယေ​ရု​ရှ​လင်​မြို့​ပတ် လည်​နှင့်​မြို့​တံ​ခါး​များ​အ​နီး​၌​လည်း ကောင်း၊ ယု​ဒ​မြို့​တို့​၏​ပတ်​ဝန်း​ကျင်​၌​လည်း ကောင်း​တည်​ထား​ကြ​လိမ့်​မည်။-


နား​ထောင်​ကြ​လော့။ သ​တင်း​တစ်​ရပ်​ရောက်​ရှိ​လာ​လေ​ပြီ။ မြောက်​အ​ရပ်​တွင်​ထ​ကြွ​လှုပ်​ရှား​မှု​ဖြစ်​ပေါ် နေ​သည်။ သူ​တို့​သည်​ယု​ဒ​မြို့​တို့​ကို​ခွေး​အ​များ​ခို အောင်း​ရာ လူ​သူ​ကင်း​မဲ့​ရာ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​လိမ့် မည်'' ဟု​ဆို​၏။


အ​ကယ်​၍​သင်​တို့​နား​မ​ထောင်​ကြ​ပါ​မူ ငါ​သည်​သင်​တို့​၏​မာန်​မာ​န​ထောင်​လွှား​မှု အ​တွက် ကြိတ်​၍​ငို​ကြွေး​မည်။ ငါ​သည်​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​သိုး​စု​တော်​သည်​ဖမ်း​ဆီး ခေါ်​ဆောင် သွား​ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​၍​ငါ့​မျက်​ရည်​စီး ကျ​မည်။


ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​ကြည့်​ရှု​စောင့် ရှောက်​ရ​မည့်​မင်း​စိုး​ရာ​ဇာ​တို့​အား ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် အား​မ​ကြည့်​ရှု​ခဲ့၊ ငါ​၏​လူ​မျိုး​တော်​ကို နှင်​ထုတ်​ကွဲ​လွင့်​စေ​ခဲ့​ကြ​၏။ ယင်း​သို့​သင် တို့​ပြု​သည့်​မ​ကောင်း​မှု​များ​အ​တွက်​ငါ သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။''-


ထာ​ဝ​ရ​ဘု​ရား​က``မြောက်​အ​ရပ်​ရှိ​နိုင်​ငံ​တစ် ခု​မှ လူ​တို့​သည် ချီ​တက်​လာ​ကြ​လိမ့်​မည်။ ရပ် ဝေး​မှ​အင်​အား​ကြီး​မား​သည့်​လူ​မျိုး​သည် စစ်​တိုက်​ရန်​ပြင်​ဆင်​လျက်​နေ​၏။-


ငါ​သည်​ကြောက်​မက်​ဖွယ်​ကောင်း​၍​အ​ငြိမ်​မ​နေ​တတ်​သူ​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​တန်​ခိုး​ကြီး​မား​လာ​စေ​မည်။ သူ​တို့​သည်​အ​ခြား​နိုင်​ငံ​များ​ကို​နှိမ်​နင်း​ရန် ကမ္ဘာ​မြေ​ပြင်​ကို​ဖြတ်​၍​ချီ​တက်​လာ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ