Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 13:19 - Common Language Bible

19 တောင်​ဘက်​ယု​ဒ​မြို့​တို့​သည်​အ​ဝိုင်း​ခံ​လျက် ရှိ​၏။ ယင်း​တို့​ထံ​သို့​အ​ဘယ်​သူ​မျှ​မ​သွား နိုင်။ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​သည်​အ​ဖမ်း ခံ​ရ​ကြ​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​ပြည်​နှင် ဒဏ်​သင့်​ကြ​လေ​ကုန်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 နေ ဂပ် ခ ရိုင် မြို့ ရွာ များ သည်၊ ဝင် ထွက် သူ မဲ့ ပိတ် ဆို့ လျက် ရှိ၏။ ယု ဒ တစ် ပြည် လုံး မ ကြွင်း မ ကျန်၊ သုံ့ ပန်း သိမ်း သွား ခံ ရ ကြ လေ စွ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 တောင်​ဘက်​မြို့​တို့​ကို ပိတ်​ထား၍ အ​ဘယ်​သူ​မျှ မ​ဖွင့်​ရ။ ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို သိမ်း​သွား​ကြ​ပြီ။ အ​ကုန်​အ​စင် သိမ်း​သွား​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 တောင်ဘက်​အရပ်​ရှိ​မြို့​များ ပိတ်​ထား​ခြင်း​ခံရ​ပြီ​။ ဖွင့်​မည့်​သူ​တစ်ယောက်​မျှ​မ​ရှိ​။ ယုဒ​ပြည်သား​အပေါင်း​တို့​သည် တစ်ယောက်မကျန်​ဖမ်းခေါ်​သွား​ခြင်း​ခံရ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 13:19
21 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​အား​အိမ် ထောင်​စု​များ​အ​လိုက်​စာ​ရင်း​ပြု​လုပ်​ထား ကြောင်း ဣ​သ​ရေ​လ​ဘု​ရင်​များ​ကျမ်း​တွင် မှတ်​တမ်း​တင်​၍​ထား​လေ​သည်။ ယု​ဒ​ပြည်​သား​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ် များ​ကြောင့် ဗာ​ဗု​လုန်​ပြည်​သို့​ပြည်​နှင်​ဒဏ် အ​ပေး​ခံ​ရ​ကြ​၏။-


ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။


လူ​တို့​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​ပတ်​ဝန်း​ကျင်​ကျေး​ရွာ​များ​မှ​လာ​ရောက် ကြ​လိမ့်​မည်။ သူ​တို့​သည်​ဗင်္ယာ​မိန်​နယ်​မြေ၊ တောင်​ခြေ​ဒေ​သ​များ၊ တောင်​တန်း​ဒေ​သ​များ နှင့်​ယု​ဒ​ပြည်​တောင်​ပိုင်း​နယ်​မြေ​မှ​လာ​ရောက် ကြ​လိမ့်​မည်။ သူ​တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ နှင့်​ယဇ်​များ​ကို​လည်း​ကောင်း၊ ဂျုံ​စ​ပါး​ပူ​ဇော် သကာ​များ၊ နံ့​သာ​ပေါင်း​နှင့်​ကျေး​ဇူး​တော်​ချီး မွမ်း​ရာ​ယဇ်​တို့​ကို​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား ၏​အိမ်​တော်​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။-


အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​ကိုယ် တော်​တိုင်​က`ငါ​သည်​သင့်​အား​ကိုယ်​အ​ဖို့​လည်း ကောင်း၊ မိတ်​ဆွေ​များ​အ​ဖို့​လည်း​ကောင်း၊ ထိတ် လန့်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သူ​ဖြစ်​စေ​မည်။ ထို သူ​အ​ပေါင်း​တို့​သည်​လည်း​ရန်​သူ​များ​၏​ဋ္ဌား ဖြင့်​ကျ​ဆုံး​ကြ​သည်​ကို​သင်​မြင်​ရ​လိမ့်​မည်။ ငါ​သည်​ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​အား ဗာ​ဗု​လုန်​မင်း​၏​လက်​သို့​အပ်​တော်​မူ​မည်။ သူ​သည်​ထို​သူ​အ​ချို့​ကို​မိ​မိ​၏​ပြည်​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​လျက်​အ​ချို့​တို့ ကို​မူ​ကွပ်​မျက်​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည် ဗိ​မာန်​တော်​ရှေ့​တွင်​ချ ထား​သည့်​သင်္ဘော​သ​ဖန်း​သီး​တောင်း​နှစ်​လုံး ကို​ငါ့​အား​ပြ​တော်​မူ​၏။ (ဤ​အ​ချိန်​အ​ခါ မှာ​ဗာ​ဗု​လုန်​ဘု​ရင်၊ နေ​ဗု​ခဒ်​နေ​ဇာ​သည် ယော​ယ​ကိမ်​၏​သား ယု​ဒ​ဘု​ရင်​ယေ​ခေါ​နိ အား​ယု​ဒ​ခေါင်း​ဆောင်​များ၊ လက်​မှု​ပညာ​သည် များ​နှင့်​ကျွမ်း​ကျင်​သူ​အ​လုပ်​သ​မား​များ နှင့်​အ​တူ​ဗာ​ဗု​လုန်​မြို့​သို့​ဖမ်း​ဆီး​ခေါ် ဆောင်​သွား​ပြီး​သော​အ​ခါ​ဖြစ်​၏။-)


ငါ​သည်​ယော​ယ​ကိမ်​၏​သား​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​ကို​လည်း ယု​ဒ​ပြည်​မှ​ဗာ​ဗု​လုန် မြို့​သို့​လိုက်​ပါ​သွား​ရ​ကြ​သည့်​သုံ့​ပန်း​များ နှင့်​အ​တူ​ပြန်​လည်​ခေါ်​ဆောင်​ခဲ့​မည်။ ဗာ​ဗု လုန်​မင်း​၏​အာ​ဏာ​တန်​ခိုး​ကို​အ​မှန်​ပင် ငါ​ချိုး​နှိမ်​တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​ကြောင်း​ပြော​ကြား​လေ​၏။


လူ​တို့​သည်​လယ်​ယာ​များ​ကို​ဝယ်​ယူ​ကာ စာ ချုပ်​များ​ကို​အ​သိ​သက်​သေ​တို့​ရှေ့​တွင်​လက် မှတ်​ရေး​ထိုး​၍​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကြ​လိမ့် မည်။ သူ​တို့​သည်​ဤ​အမှု​တို့​ကို​ဗင်္ယာ​မိန်​နယ် နှင့်​ယေ​ရု​ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ ကျေး​ရွာ​များ​၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ များ၊ တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့် တောင်​ဘက်​ယု​ဒ​ပြည်​၌​လည်း​ကောင်း​ပြု ကြ​လိမ့်​မည်။ ငါ​သည်​လူ​တို့​အား​မိ​မိ​တို့ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မိန့်​မြွက်​တော် မူ​၏။


တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့်​ယု​ဒ ပြည်​တောင်​ဘက်​ဒေ​သ​တို့​၌​ရှိ​သော​မြို့​များ နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​တွင်​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​မှ​ကျေး​ရွာ များ​နှင့်​ယု​ဒ​မြို့​များ​၌​လည်း​ကောင်း သိုး ထိန်း​တို့​သည်​မိ​မိ​တို့​သိုး​များ​ကို​တစ်​ဖန် ရေ​တွက်​လျက်​နေ​ကြ​လိမ့်​ဦး​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


နောက်​ဆုံး​၌​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည်​မြို့ တွင်း​၌​ကျန်​ရှိ​နေ​သူ​တို့​အား မိ​မိ​ထံ​သို့ ထွက်​ပြေး​လာ​ကြ​သူ​တို့​နှင့်​အ​တူ သုံ့​ပန်း များ​အ​ဖြစ်​ဖြင့်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ် ဆောင်​သွား​လေ​၏။-


မင်း​ကြီး​သည်​ဟာ​မတ်​နယ်​မြေ​ရိ​ဗ​လ​မြို့ ၌ သူ​တို့​အား​ရိုက်​နှက်​၍​ကွပ်​မျက်​စေ​တော် မူ​၏။ ဤ​သို့​လျှင်​ယု​ဒ​ပြည်​သား​တို့​သည်​သုံ့​ပန်း များ​အ​ဖြစ်​နှင့် မိ​မိ​တို့​ပြည်​မှ​သိမ်း​သွား ခြင်း​ကို​ခံ​ရ​ကြ​လေ​သည်။-


နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​သွား​သည့်​သုံ့​ပန်း​စာ​ရင်း မှာ သူ​၏​နန်း​စံ​သတ္တ​မ​နှစ်​၌​သုံး​ထောင်​နှစ် ဆယ့်​သုံး​ယောက်၊-


နန်း​စံ​နှစ်​ဆယ့်​သုံး​နှစ်​မြောက်​၌​နေ​ဗု​ဇာ​ရ​ဒန် ခေါ်​ဆောင်​သွား​သူ​ခု​နစ်​ရာ​လေး​ဆယ့်​ငါး​ယောက်၊ စု​စု​ပေါင်း​လေး​ထောင့်​ခြောက်​ရာ​ဖြစ်​သ​တည်း။


ယု​ဒ​ပြည်​သား​တို့​သည်​ပြည်​နှင်​ဒဏ်​သင့်​လျက် ခို​ကိုး​ရာ​မဲ့​ဖြစ်​ကာ​ကျွန်​ခံ​နေ​ရ​ကြ​၏။ သူ​တို့​သည်​အိမ်​ပိုင်​ယာ​ပိုင်​မ​ရှိ​ဘဲ​တိုင်း​တစ် ပါး​တွင် နေ​ထိုင်​ရ​ကြ​လေ​သည်။ ရန်​သူ​များ​ဝိုင်း​လျက်​လွတ်​မြောက်​ရန်​လမ်း​မ​ရှိ​ကြ။


ဤ​ကား​ယေ​ရု​ရှ​လင်​မြို့​ကောင်း​စား​စည်​ပင် လျက်​နေ​ချိန်​၌ ရှေး​ပ​ရော​ဖက်​များ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ် တော်​ဖြစ်​၏။ ထို​အ​ခါ​မြို့​ပတ်​ဝန်း​ကျင်​ကျေး ရွာ​များ​တွင်​သာ​လျှင်​လူ​အ​မြောက်​အ​မြား နေ​ထိုင်​ကြ​သည်​မ​ဟုတ်။ တောင်​ဘက်​ဒေ​သ နှင့်​အ​နောက်​ဘက်​ရှိ​တောင်​ခြေ​ဒေ​သ​များ တွင်​လည်း​နေ​ထိုင်​ကြ​လေ​သည်။


``ယ​နေ့​သင်​တို့​အား​ငါ​ဆင့်​ဆို​သော​ထာ​ဝ​ရ ဘု​ရား​၏ ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​မ​လိုက်​နာ​မ​စောင့်​ထိန်း​လျှင် သင်​တို့ အ​ပေါ်​၌​အောက်​ပါ​အ​မင်္ဂ​လာ​များ​သက် ရောက်​စေ​တော်​မူ​မည်။


သူ​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင်​မြို့ ရှိ​သ​မျှ​ကို​တိုက်​ခိုက်​သ​ဖြင့် သင်​တို့​လုံ​ခြုံ ပြီ​ဟု​စိတ်​ချ​ရ​သော​မြင့်​မား​ခိုင်​ခံ့​သည့် မြို့​ရိုး​တို့​သည်​ပြို​ကျ​ကုန်​လိမ့်​မည်။


ထို​ပြည်​ကို​ခု​နစ်​ပိုင်း​ပိုင်း​ခြား​ရ​မည်။ ယု​ဒ အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​၏​တောင်​ဘက်​နယ် မြေ​၌​လည်း​ကောင်း၊ ယော​သပ်​အ​နွယ်​ဝင်​တို့ သည်​မိ​မိ​တို့​၏​မြောက်​ဘက်​နယ်​မြေ​၌​လည်း ကောင်း​နေ​ထိုင်​ရ​ကြ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ