ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို ကြမ်းတမ်းမှုများနှင့် ကြုံတွေ့စေခဲ့ပါ၏။ ဒယီးဒယိုင်ဖြစ်စေသောစပျစ်ဝိုင်ကို အကျွန်ုပ်တို့အားတိုက်ခဲ့ပါ၏။
ယေရမိ 13:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သင်က သူတို့အား “ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဤပြည်၌နေထိုင်သောသူအားလုံးအပါအဝင် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင်စိုးစံသောရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဂျေရုဆလင်မြို့သားအားလုံးတို့ကို ယစ်မူးသောသူဖြစ်စေမည်။ Common Language Bible ထိုအခါငါထာဝရဘုရားသည်ဒါဝိဒ် အနွယ်ဝင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ယေရုရှလင်မြို့သား များမှစ၍ ယေရုရှလင်မြို့ရှိပြည်သူ ပြည်သားအပေါင်းမူးယစ်စေရန် စပျစ် ရည်တိုက်မည်ဟုသူတို့အားပြောကြား လော့။- Garrad Bible သင် က၊ ဒါ ဝိဒ် မင်း ၏ နန်း ဆက် ဘု ရင် တို့ မှ စ၍၊ ပ ရော ဟိတ်၊ ပ ရော ဖက် တို့ နှင့် တ ကွ၊ ဤ ပြည် သူ ယေ ရု ရှ လင် မြို့ သား အ ပေါင်း တို့ ပါ။ Judson Bible သင်ကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်မှစ၍ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယေရုရှလင်မြို့သားရှိသမျှတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ယစ်မူးခြင်းနှင့် ငါပြည့်စေမည်။ |
ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို ကြမ်းတမ်းမှုများနှင့် ကြုံတွေ့စေခဲ့ပါ၏။ ဒယီးဒယိုင်ဖြစ်စေသောစပျစ်ဝိုင်ကို အကျွန်ုပ်တို့အားတိုက်ခဲ့ပါ၏။
အကြောင်းမူကား ထာဝရဘုရား၏လက်တော်၌ခွက်ဖလားရှိ၍ ၎င်းထဲတွင် သမအောင်ရောစပ်ထားသည့် အမြှုပ်ထနေသောစပျစ်ဝိုင်ရှိ၏။ ကိုယ်တော်သည် ထိုစပျစ်ဝိုင်ကိုသွန်ချတော်မူ၍ ကမ္ဘာမြေကြီးပေါ်ရှိဆိုးယုတ်သောသူအပေါင်းတို့သည် ၎င်း၏အနည်ကိုပင် အကုန်အစင် သောက်ကြရလိမ့်မည်။
မိန်းမောတွေဝေကြလော့။ အံ့အားသင့်ကြလော့။ ကိုယ့်မျက်စိကို ကိုယ်ကန်းစေ၍ မျက်မမြင်ဖြစ်ကြလော့။ သူတို့သည် စပျစ်ဝိုင်မသောက်ဘဲ ယစ်မူးကြ၏။ သေရည်သေရက်မသောက်ဘဲ ယိမ်းထိုးကြ၏။
သင့်ကို နိုင်ထက်စီးနင်းပြုသောသူတို့အား ကိုယ့်အသားကိုယ်ပြန်စားစေမည်။ စပျစ်ဝိုင်ကဲ့သို့ ကိုယ့်သွေးကိုယ်ပြန်သောက်စေမည်။ သို့ဖြစ်၍ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ဖြစ်ကြောင်း လူအပေါင်းတို့သိကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏လက်တော်မှ အမျက်တော်ဖလားကိုသောက်သော အသင်ဂျေရုဆလင်မြို့၊ နိုးလော့။ နိုးလော့။ ထလော့။ ဒယီးဒယိုင်ဖြစ်စေသောဖလားထဲမှအနည်အဖတ်ကို သင်အကုန်အစင်သောက်ပြီ။
ထို့ကြောင့် အဖိနှိပ်ခံရသောသူ၊ စပျစ်ဝိုင်မသောက်ဘဲ ယစ်မူးသောသူ၊ ယခု နားထောင်လော့။
လူတို့ကို ငါ့အမျက်ဖြင့်နင်းချေပြီ။ ငါ့ဒေါသဖြင့် ယစ်မူးစေပြီ။ သူတို့၏သွေးကို မြေပေါ်သို့ကျစေပြီ။
သင်သည်လည်း သူတို့အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘အိုးရှိသမျှသည် စပျစ်ဝိုင်နှင့်ပြည့်ရမည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောလော့။ ထိုအခါ သူတို့က “အိုးရှိသမျှသည် စပျစ်ဝိုင်နှင့်ပြည့်ရမည်ကို ငါတို့မသိသလော”ဟု ပြန်ပြောကြလိမ့်မည်။
ထို့နောက် ထိုသူတို့အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့ထံ ငါစေလွှတ်သောဓားကြောင့် သောက်၍ မူးကြ၊ အန်ကြ၊ လဲကြ။ သင်တို့ ပြန်ထနိုင်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု သင်ဆင့်ဆိုရမည်။
ကြည့်ရှုလော့။ ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သောမြို့ကိုပင် ဘေးဒုက္ခ စရောက်စေမည်ဖြစ်၍ သင်တို့သည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်လော။ ငါသည် မြေကြီးသားအပေါင်းတို့ထံ ဓားကို စေလွှတ်မည်ဖြစ်၍ သင်တို့သည် အပြစ်ဒဏ်မခံရဘဲနေမည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “ငါသည် ဘေဘီလုံမြို့၏မှူးမတ်များ၊ ပညာရှိများ၊ ဘုရင်ခံများ၊ အုပ်ချုပ်သူများ၊ စစ်သူရဲများကို ယစ်မူးစေ၍ မနိုးသောအိပ်ခြင်းဖြင့် ထာဝရအိပ်ပျော်စေမည်”ဟု မိန့်တော်မူ၏။
ဘေဘီလုံမြို့သည် ထာဝရဘုရား၏လက်တော်၌ကိုင်ထားသော ရွှေဖလားဖြစ်၏။ မြေတစ်ပြင်လုံးကို ယစ်မူးစေ၏။ လူမျိုးတကာတို့သည် ထိုဖလားမှစပျစ်ဝိုင်ကိုသောက်ကြသဖြင့် မူးရူးသောလူမျိုးများ ဖြစ်ကြလေပြီ။
သင်သည် ဂုဏ်သရေအစား အရှက်ကွဲခြင်းနှင့် ကြုံရလိမ့်မည်။ ထာဝရဘုရား၏လက်ယာလက်တော်ရှိဖလားတော်သည် သင့်ထံသို့လှည့်လာပြီဖြစ်၍ ထိုဖလားတော်ကို သောက်ပြီး အရေဖျားမလှီးထားသောသင့်အရှက် ပေါ်လိမ့်မည်။ သင့်ဂုဏ်သရေသည် အရှက်ကွဲခြင်းနှင့် ဖုံးလွှမ်းသွားလိမ့်မည်။