ယေရမိ 13:13 - Common Language Bible13 ထိုအခါငါထာဝရဘုရားသည်ဒါဝိဒ် အနွယ်ဝင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ယေရုရှလင်မြို့သား များမှစ၍ ယေရုရှလင်မြို့ရှိပြည်သူ ပြည်သားအပေါင်းမူးယစ်စေရန် စပျစ် ရည်တိုက်မည်ဟုသူတို့အားပြောကြား လော့။- အခန်းကိုကြည့်ပါ။Garrad Bible13 သင် က၊ ဒါ ဝိဒ် မင်း ၏ နန်း ဆက် ဘု ရင် တို့ မှ စ၍၊ ပ ရော ဟိတ်၊ ပ ရော ဖက် တို့ နှင့် တ ကွ၊ ဤ ပြည် သူ ယေ ရု ရှ လင် မြို့ သား အ ပေါင်း တို့ ပါ။ အခန်းကိုကြည့်ပါ။Judson Bible13 သင်ကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်မှစ၍ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယေရုရှလင်မြို့သားရှိသမျှတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ယစ်မူးခြင်းနှင့် ငါပြည့်စေမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ထိုအခါ သင်က သူတို့အား “ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဤပြည်၌နေထိုင်သောသူအားလုံးအပါအဝင် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင်စိုးစံသောရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဂျေရုဆလင်မြို့သားအားလုံးတို့ကို ယစ်မူးသောသူဖြစ်စေမည်။ အခန်းကိုကြည့်ပါ။ |
ငါသည်သင့်ကိုနှိပ်စက်ညှဉ်းဆဲသူတို့အား အချင်းချင်းသတ်ဖြတ်စေမည်။ ထိုအခါငါသည်သင်တို့ကိုကယ်တင်ရွေးနုတ် တော်မူသောအရှင်၊ ထာဝရဘုရားဖြစ်တော်မူကြောင်းလူအပေါင်းတို့ သိရှိကြလိမ့်မည်။ ငါသည်ဣသရေလအမျိုးသားတို့၏တန်ခိုး တော်ရှင် ဘုရားသခင်ဖြစ်တော်မူသည်ကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ဣသရေလလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရားက``အချင်းယေရမိ၊ စပျစ် ရည်အိုးမှန်သမျှကိုစပျစ်ရည်ဖြည့်ရကြ မည်ဟု ဣသရေလပြည်သားတို့အားပြော ကြားရမည်။ သူတို့ကစပျစ်ရည်အိုးရှိ သမျှကိုစပျစ်ရည်ဖြည့်ရမည်ဖြစ်ကြောင်း မိမိတို့သိပါသည်ဟုပြန်ပြောကြလိမ့် မည်။-
ထိုနောက်ထာဝရဘုရားက ငါ့အား``ဣသရေလ အမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုး ရှင်ထာဝရဘုရားသည်ထိုသူတို့အားမူး ယစ်အော့အန်သည့်တိုင်အောင်၊ သူတို့ထံသို့ငါ စေလွှတ်သည့်စစ်မက်အန္တရာယ်ကြောင့်ပြိုလဲ၍ မထနိုင်သည့်တိုင်အောင်အမျက်တော်ရည် ကိုသောက်ကြရန်မိန့်တော်မူကြောင်းဆင့် ဆိုလော့။-
ငါသည်ဖျက်ဆီးရန်လုပ်ငန်းကိုငါ၏နာမ တော်ကိုဆောင်သောမြို့တော်မှအစပြုမည်။ ထိုမြို့သားတို့သည်အပြစ်ဒဏ်ခံရကြ တော့မည်မဟုတ်ဟုထင်မှတ်ကြသလော။ ငါသည်ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့ ထံသို့စစ်မက်အန္တရာယ်ကိုစေလွှတ်မည် ဖြစ်၍ သူတို့သည်အမှန်ပင်အပြစ်ဒဏ်ခံ ရကြလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
ထိုမြို့၏စီမံအုပ်ချုပ်သူများ၊ပညာရှိများ၊ ခေါင်းဆောင်များနှင့်စစ်သည်တပ်သားများ အား ငါမူးယစ်စေမည်။ သူတို့သည်အိပ်ပျော်သွားပြီးလျှင် နောင်အဘယ်အခါ၌မျှနိုးထကြလိမ့်မည် မဟုတ်။ ဤကားငါဘုရင်မြွက်ဟသည့်စကားဖြစ်၏။ ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ဖြစ်သတည်း။
သင်တို့သည်ဂုဏ်အသရေရှိမှုအစား၊ အရှက်% ရရန်အလှည့်ကြုံလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင်% မူးယစ်ကာအရှက်မဲ့၍နေလိမ့်မည်။ ထာဝရ% ဘုရားသည်သင်တို့အား အပြစ်ဒဏ်စပျစ်% ရည်ကိုပင်လျှင် ပြန်၍သောက်စေတော်မူလျက် % သင်တို့ဂုဏ်အသရေရှိမှုကိုအရှက်ရမှု% အဖြစ်သို့ပြောင်းလဲစေတော်မူလိမ့်မည်။-%