ကြွင်းကျန်သောငါ့အမွေခံတို့ကို ငါစွန့်ပစ်မည်။ ရန်သူများလက်သို့ အပ်လိုက်မည်။ သူတို့သည် ရန်သူတို့အဖို့ တိုက်ခိုက်လုယူစရာပစ္စည်းများ ဖြစ်ရလိမ့်မည်။
ယေရမိ 12:7 - မြန်မာ့စံမီသမ္မာကျမ်း ငါ့အိမ်ကို ငါစွန့်ပစ်ပြီ။ ငါ့အမွေကိုလည်း ငါပစ်ထားပြီ။ ငါ့အသက်တမျှချစ်ရသောသူကို ရန်သူလက်သို့ ငါအပ်လိုက်ပြီ။ Common Language Bible ထာဝရဘုရားက၊ ``ငါသည်ငါ၏အိမ်ကိုစွန့်ပစ်လိုက်လေပြီ။ ငါရွေးချယ်ထားသည့်ငါ၏အမွေခံကိုပစ်ပယ် လိုက်လေပြီ။ ငါချစ်မြတ်နိုးသည့်လူတို့အားရန်သူများ၏ လက်သို့ အပ်နှံလိုက်လေပြီ။ Garrad Bible ငါ သည် အိမ် ထောင် တော် ကို စွန့် ပစ်၍၊ ပိုင် တော် မူ ရာ ကို ပယ် ထား လျက်၊ ရင် နှစ် ဖြစ် သော လူ မျိုး ကို ရန် သူ တို့ လက် တွင်း သို့ အပ် နှင်း လေ ပြီ။ Judson Bible ငါသည် ကိုယ်အိမ်ကိုစွန့်၍၊ ကိုယ်အမွေကိုပစ်ထားပြီ။ ငါအလွန်ချစ်သောအစ်မကို သူ၏ရန်သူလက်သို့ အပ်နှံပြီ။ |
ကြွင်းကျန်သောငါ့အမွေခံတို့ကို ငါစွန့်ပစ်မည်။ ရန်သူများလက်သို့ အပ်လိုက်မည်။ သူတို့သည် ရန်သူတို့အဖို့ တိုက်ခိုက်လုယူစရာပစ္စည်းများ ဖြစ်ရလိမ့်မည်။
ထို့ကြောင့် ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အပေါ်အမျက်ထွက်၍ မိမိ၏အမွေတော်ကို စက်ဆုပ်ရွံရှာတော်မူ၏။
မိမိ၏လူမျိုးတော်ကိုလည်း ဓားဘေးသို့အပ်နှံ၍ မိမိ၏အမွေတော်ကို အမျက်ထွက်တော်မူ၏။
အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုးအနွယ်ဖြစ်သော ကိုယ်တော်၏လူမျိုးတော်ကို ပစ်ပယ်တော်မူပြီ။ အကြောင်းမူကား သူတို့သည် အရှေ့ပြည်၏ဓလေ့ကိုကျင့်သုံးသူနှင့်ပြည့်၍ ဖိလိတ္တိလူမျိုးများကဲ့သို့ ဗေဒင်အတတ်ကို ကျင့်သုံးကြ၏။ တစ်ပါးအမျိုးသားတို့၏သားသမီးများနှင့်လည်း လက်ဝါးချင်းရိုက်ကြ၏။
ဆိုးယုတ်မှုများစွာပြုကျင့်သော ငါ့ချစ်သူသည် ငါ့အိမ်တော်နှင့် မည်သို့ဆိုင်သနည်း။ သန့်ရှင်းသောအသားသည် သင့်ကို ကျော်လွန်သွားပြီ။ မကောင်းမှုကိုပြုစဉ်ပင် သင်ဝမ်းမြောက်နေပါသည်တကား။
ကိုယ်တော်သည် ယုဒပြည်ကို လုံးလုံးစွန့်ပစ်တော်မူပြီလော။ ကိုယ်တော်၏စိတ်ဝိညာဉ်သည် ဇိအုန်မြို့ကို ရွံရှာတော်မူပြီလော။ အကျွန်ုပ်တို့ကို ကုသ၍မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ ငြိမ်းချမ်းမှုကိုစောင့်မျှော်သော်လည်း အကျိုးမခံစားရပါ။ ကုသရာကာလကိုစောင့်မျှော်သော်လည်း ကြောက်လန့်စရာနှင့်သာကြုံရပါ၏။
သင့်အား ငါပေးသောအမွေကို သင်လက်လွတ်ရမည်။ သင်မသိသောပြည်တွင် သင်၏ရန်သူတို့အား သင်အစေခံရမည်။ အစဉ်အမြဲတောက်လောင်နေမည့် ငါ့အမျက်မီးကို သင်မွှေးလေပြီ။
ဤစကားအတိုင်း သင်တို့မလိုက်နာလျှင် ဤနန်းတော်ကို ပြိုပျက်ရာအရပ်ဖြစ်စေမည်ဟု ငါထာဝရဘုရားသည် ကိုယ့်ကိုယ်ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟုမိန့်တော်မူပြီ’ဟူ၍ ပြောကြားလော့”ဟု မိန့်ဆို၏။
“ဤလူမျိုးထဲမှ တစ်ယောက်ယောက်ဖြစ်စေ၊ ပရောဖက်ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ ‘ထာဝရဘုရား၏ဗျာဒိတ်တော်ကား အဘယ်သို့နည်း’ဟု သင့်ကိုမေးလာလျှင် ‘အဘယ်ဗျာဒိတ်နည်း။ သင်တို့ကို ငါပစ်ပယ်ပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု သူတို့အား ပြန်ပြောရမည်။
ကြည့်ရှုလော့။ ငါသည် သင်တို့ကို လုံးဝမေ့ပစ်မည်။ သင်တို့နှင့်တကွ သင်တို့နှင့်သင်တို့ဘိုးဘေးတို့အား ငါပေးသောမြို့ကို ငါ၏ရှေ့မှောက်မှ ဖယ်ရှားပစ်မည်။
အကြောင်းမူကား အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကို သူတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စွန့်ပစ်တော်မမူ။ ခါလဒဲပြည်ကား သန့်ရှင်းသောအရှင်ကို ပြစ်မှားသောအပြစ်နှင့်ပြည့်နှက်၏။
သို့ဖြစ်၍ သင်တို့ယုံကြည်ကိုးစားရာဖြစ်သည့် ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော အိမ်တော်ကိုလည်းကောင်း၊ သင်တို့နှင့်သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်ကိုလည်းကောင်း ရှိလောအရပ်၌ ပြုခဲ့သည့်နည်းတူ ငါပြုမည်။
သင်တို့၏ဆံပင်ကိုရိတ်၍ လွှင့်ပစ်လော့။ တောင်ကတုံးများပေါ်၌ မြည်တမ်းခြင်းပြုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် အမျက်တော်ခံထိုက်သောမျိုးဆက်ကို ပယ်တော်မူပြီ၊ စွန့်ပစ်တော်မူပြီ’ဟူ၍ ပြောကြားရမည်”ဟု မိန့်တော်မူ၏။
‘အစ္စရေးအမျိုးအနွယ်အား ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သင်တို့ဂုဏ်ယူအားထားရာ၊ သင်တို့နှစ်သက်မြတ်နိုးရာ၊ အလေးအမြတ်ထားရာ ငါ၏သန့်ရှင်းရာဌာနကို ငါညစ်ညူးစေမည်။ သင်တို့စွန့်ထားခဲ့သော သင်တို့၏သားသမီးတို့သည် ဓားဖြင့်သေရမည်။
“အစ္စရေးငယ်စဉ်က သူ့ကိုငါချစ်၏။ ငါ့သားကို အီဂျစ်ပြည်မှ ငါခေါ်ခဲ့ပြီ။
“ဂိလဂါလမြို့၌ မကောင်းမှုမှန်သမျှကို ပြုကြသောကြောင့် သူတို့ကို ငါမုန်း၏။ သူတို့ပြုသောမကောင်းမှုများကြောင့် သူတို့ကို မချစ်တော့ဘဲ ငါ့အိမ်တော်မှနှင်ထုတ်မည်။ သူတို့၏အကြီးအကဲတို့သည် ခေါင်းမာသောအမျိုး ဖြစ်၏။
ဇိအုန်တောင်ပေါ်တွင် တံပိုးကိုမှုတ်ကြလော့။ အစာရှောင်ရန် အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။
လူမျိုးတကာတို့ကို စုရုံးပြီး ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်သို့ ငါခေါ်ဆောင်လာမည်။ သူတို့သည် ငါ့လူမျိုးတော်ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်စေပြီး ငါ့ပြည်ကို ကွဲပြားစေခဲ့သောကြောင့် ငါ့လူမျိုးတော်ဖြစ်သည့် ငါ့အမွေတော်အစ္စရေးတို့အတွက် သူတို့ကို ထိုအရပ်၌ ငါတရားစီရင်မည်။
သူတို့သည် ဓားဘေးဖြင့်ကျဆုံး၍ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ လူမျိုးခြားတို့သည်လည်း မိမိတို့အချိန်အခါများပြည့်စုံသည်အထိ ဂျေရုဆလင်မြို့ကို နင်းချေကြလိမ့်မည်။
ဗင်္ယာမိန်အမျိုးကိုကား၊ ထာဝရဘုရားချစ်တော်မူသောဗင်္ယာမိန်သည် အထံတော်၌ လုံခြုံစွာနေရပါစေသော။ ကိုယ်တော်သည် သူ့ကိုအစဉ်အမြဲကွယ်ကာတော်မူ၍ သူ၏ပခုံးပေါ်တွင် ကိန်းဝပ်တော်မူပါစေသော။