မြို့သားတို့သည် ညည်းတွားလျက်၊ ဒဏ်ရာရသူတို့သည်လည်း အကူအညီအော်ဟစ်တောင်းခံလျက် နေရပါ၏။ သို့သော် ထိုမတရားမှုကို ဘုရားသခင် အရေးစိုက်တော်မမူ။
ယေရမိ 12:2 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် သူတို့ကို စိုက်ပျိုးတော်မူသဖြင့် သူတို့သည် အမြစ်စွဲ၍ကြီးထွားလျက် အသီးသီးကြပါ၏။ သို့သော် သူတို့သည် ကိုယ်တော့်ကို နှုတ်ဖြင့်သာ ချဉ်းကပ်၏။ သူတို့၏အတွင်းသဘောမူကား ကိုယ်တော်နှင့် ဝေးကွာလျက်နေ၏။ Common Language Bible ကိုယ်တော်ရှင်သည်သူတို့အားစိုက်ပျိုးတော် မူသဖြင့် သူတို့သည်အမြစ်စွဲကာကြီးပွားလျက် အသီးအနှံများအောင်ကြပါ၏။ သူတို့သည်အစဉ်ပင်ကိုယ်တော်ရှင်ကောင်း မြတ် တော်မူကြောင်းကိုပြောဆိုကြသော်လည်း၊ အမှန်အားဖြင့်ကိုယ်တော်ရှင်ကိုပမာဏ မပြုကြပါ။ Garrad Bible ကိုယ် တော် ကို နှုတ် ဖြင့် ချဉ်း ကပ် လျက်၊ စိတ် နှ လုံး ဖြင့် ကွာ ဝေး သော သူ တို့ သည်၊ စိုက် ပျိုး တော် မူ ရာ ဖြစ် သည့် အ လျောက်၊ အ မြစ် စွဲ လျက်၊ ကြီး ပွား လျက်၊ အ သီး သီး လျက် နေ ကြ သည် တ ကား။ Judson Bible ကိုယ်တော်သည် သူတို့ကို စိုက်တော်မူသဖြင့်၊ သူတို့သည် အမြစ်ကျ၍ကြီးပွားလျက် အသီးကို သီးကြပါ၏။ ကိုယ်တော်သည် သူတို့နှုတ်နှင့် နီး၍ နှလုံးနှင့် ဝေးတော်မူ၏။ |
မြို့သားတို့သည် ညည်းတွားလျက်၊ ဒဏ်ရာရသူတို့သည်လည်း အကူအညီအော်ဟစ်တောင်းခံလျက် နေရပါ၏။ သို့သော် ထိုမတရားမှုကို ဘုရားသခင် အရေးစိုက်တော်မမူ။
ဆိုးမိုက်သောသူ အမြစ်တွယ်နေသည်ကို ငါမြင်လျှင် သူ့နေရာကို ငါ ချက်ချင်းကျိန်ဆဲမိ၏။
ဆိုးယုတ်၍ကြမ်းကြုတ်သောသူသည် မူရင်းဒေသပေါက် စိမ်းလန်းသောအပင်ကဲ့သို့ ပြန့်ကားကြီးထွားနေသည်ကို ငါမြင်ရ၏။
ဘုရားရှင်ကလည်း “ဤလူမျိုးသည် နှုတ်ဖြင့် ချဉ်းကပ်၍ နှုတ်ခမ်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့သွန်သင်သောပညတ်ချက်အရ ငါ့ကို ကြောက်ရွံ့ကြ၏။
အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် ငါ့အမျက်ကိုနှိုးဆော်၍ ဗာလရှေ့၌ နံ့သာပေါင်းကိုမီးရှို့ခြင်းဖြင့် မကောင်းမှုကိုပြုသောကြောင့် သင့်ကိုစိုက်ပျိုးတော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်အပေါ် ဘေးအန္တရာယ်ကျရောက်မည့်အကြောင်း မိန့်ဆိုပြီ”ဟု မိန့်တော်မူ၏။
ထိုအမှုအလုံးစုံတို့ကိုပြုသော်လည်း သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ပြန်မလာ။ ပြန်လာဟန်ဆောင်သည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထို့ကြောင့် ဗာရုတ်အား ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါတည်ထောင်ခဲ့သော၊ ငါစိုက်ပျိုးခဲ့သော ဤပြည်တစ်ပြည်လုံးကို ငါဖြိုဖျက်မည်၊ နုတ်ပစ်မည်’ဟု မိန့်တော်မူ၏။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
အိပ်ရာထက်တွင် ညည်းတွားမြည်တမ်းကြသော်လည်း စိတ်နှလုံးပါလျက် ငါ့ထံဆုမတောင်းကြ။ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ရရှိရန် စုရုံးကြပြီး ငါ့ကို ကျောခိုင်းသွားကြပြီ။
ကိုယ်တော်သည် မကောင်းမှုများကို မမြင်ထိုက်၊ ဆိုးညစ်မှုများကို မကြည့်ထိုက်အောင် သန့်ရှင်းစင်ကြယ်သောမျက်လုံးများ ရှိတော်မူပါ၏။ သို့သော် သစ္စာမရှိသောသူတို့ကို အဘယ်ကြောင့် ကြည့်နေနိုင်ပါသနည်း။ ဆိုးယုတ်သောသူတို့က မိမိထက်ဖြောင့်မတ်သောသူတို့အား ဝါးမျိုနေသည်ကို အဘယ်ကြောင့် ဆိတ်ဆိတ်နေတော်မူပါသနည်း။
‘ဤလူတို့သည် သူတို့၏နှုတ်ဖြင့် ငါ့ကိုရိုသေကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ငါနှင့်ဝေးလှ၏။
ကိုယ်တော်ကလည်း“ဟေရှာယသည် သူတော်ကောင်းယောင်ဆောင်သောသူများဖြစ်ကြသော သင်တို့နှင့်ပတ်သက်၍ ပရောဖက်ပြုဟောပြောခဲ့သည်မှာ မှန်လှပေ၏။ ‘ဤလူတို့သည် သူတို့၏နှုတ်ဖြင့် ငါ့ကိုရိုသေကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ငါနှင့်ဝေးလှ၏။
သူတို့သည် ဘုရားသခင်ကိုသိသည်ဟု ဝန်ခံကြသော်လည်း သူတို့ပြုသောအမှုများအားဖြင့် ဘုရားသခင်ကိုငြင်းပယ်၍ ရွံရှာဖွယ်ကောင်းသောသူ၊ နာခံခြင်းမရှိသောသူ၊ ကောင်းသောအမှုရှိသမျှနှင့်မထိုက်တန်သောသူများဖြစ်ကြ၏။