ယေရမိ 3:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထိုအမှုအလုံးစုံတို့ကိုပြုသော်လည်း သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ပြန်မလာ။ ပြန်လာဟန်ဆောင်သည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 ဤသို့သောအမှုတို့ကိုပြုပြီးနောက် ဣသ ရေလ၏ညီမသစ္စာဖောက်ယုဒသည်ငါ့ထံ သို့ပြန်၍လာ၏။ စိတ်လုံးဝပါ၍မဟုတ်။ ဟန်ဆောင်၍သာလျှင်လာခြင်းဖြစ်၏။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ထို သ စ္စာ မဲ့ သူ ညီ မ ယု ဒ ကား၊ စိတ် ပါ ကိုယ် ရောက် မ ဟုတ်၊ ဟန် ဆောင်၍ သာ ငါ့ ထံ ပြန် လာ ပြီ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုမျှလောက်အပြစ်ရှိသော်လည်း၊ သစ္စာပျက်သောညီမယုဒသည် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်၍မလာ။ ပြန်လာဟန်ဆောင်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ယောရှိမင်းကြီးသည် အစ္စရေးအမျိုးသားတို့ပိုင်သောနယ်မြေတစ်ဝန်းလုံးရှိ စက်ဆုပ်ရွံရှာဖွယ်ရုပ်တုအားလုံးကို ဖယ်ရှား၍ အစ္စရေးပြည်သားအားလုံးကို မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ဝတ်ပြုကိုးကွယ်စေ၏။ ယောရှိမင်းကြီးလက်ထက်တစ်လျှောက်လုံး သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံမှ လမ်းမလွဲဘဲ နောက်တော်သို့လိုက်ကြလေ၏။
သူတို့သည် ငါ့စကားကို နားမထောင်သော ရှေးဘိုးဘေးတို့၏ဒုစရိုက်ကို ပြန်ပြုကြပြီ။ အခြားဘုရားများနောက်သို့လိုက်၍ ထိုဘုရားတို့ကို ဝတ်ပြုကြပြီ။ အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် သူတို့၏ဘိုးဘေးများနှင့် ငါပြုသောပဋိညာဉ်ကို ချိုးဖောက်ကြပြီ”ဟု မိန့်တော်မူ၏။
ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။