နေဝင်သောအခါ အာဗြံသည် အိပ်မောကျ၍ ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအမှောင်ထုကြီးသည် သူ့အပေါ်သို့ကျရောက်လေ၏။
ယေဇကျေလ 7:18 - မြန်မာ့စံမီသမ္မာကျမ်း လျှော်တေအဝတ်ကိုဝတ်လျက် ခေါင်းတုံးတုံးကြရလိမ့်မည်။ ကြောက်ရွံ့စိတ်တို့ကြီးစိုးလျက် အရှက်ကွဲရလိမ့်မည်။ Common Language Bible သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ တစ် ကိုယ်လုံးတုန်လှုပ်လျက်နေကြလိမ့်မည်။ ဦး ဆံပယ်၍ရှက်ကြောက်နေသောမျက်နှာများ တွေ့ရကြလိမ့်မည်။- Garrad Bible တစ် ကိုယ် လုံး တုန် လှုပ် လျက်၊ မျက် နှာ ရှက် လျက်၊ လျှော် တေ ဝတ်၍၊ ဦး ဆံ ပယ် ကြ လိမ့် မည်။ Judson Bible သူတို့သည်လည်း လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ပြင်းစွာသော ထိတ်လန့်ခြင်းနှင့် ကိုယ်ကိုခြုံလျက်၊ တစ်ယောက်မျှ မကြွင်း၊ မျက်နှာရှက်ကြောက်လျက်၊ ဆံပင်ဖြတ်လျက် ရှိကြလိမ့်မည်။ |
နေဝင်သောအခါ အာဗြံသည် အိပ်မောကျ၍ ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအမှောင်ထုကြီးသည် သူ့အပေါ်သို့ကျရောက်လေ၏။
အကျွန်ုပ်ဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူတို့သည် အတူတကွအရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။ အကျွန်ုပ်နှင့်ယှဉ်၍ မိမိကိုယ်ကိုချီးမြှောက်သောသူတို့သည် အရှက်ကွဲခြင်းနှင့် အသရေပျက်ခြင်းကို ဝတ်ဆင်ကြရပါစေသော။
အမွှေးနံ့သာအစား အပုပ်နံ့၊ ခါးစည်းအစား ကြိုး၊ ဆံထုံးအစား ခေါင်းတုံး၊ ဝတ်ကောင်းစားလှအစား လျှော်တေအဝတ်၊ လှပတင့်တယ်ခြင်းအစား အမာရွတ် ဖြစ်စေမည်။
အကျွန်ုပ်တို့သည် အရှက်ကွဲခြင်း၌ လဲလျောင်းရပါစေ။ အသရေပျက်ခြင်းသည် အကျွန်ုပ်တို့ကို ဖုံးလွှမ်းပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ငယ်စဉ်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ဘိုးဘေးများသည် ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို နားမထောင်ကြပါ”ဟု ဆိုကြ၏။
“သူတို့အားလုံး ခေါင်းတုံးတုံး၍ မုတ်ဆိတ်ရိတ်ကြ၏၊ လက်ကိုမွှမ်း၍ ခါး၌လျှော်တေအဝတ်ကိုဝတ်ပြီးလျှင်
ရန်သူ၌ ဓားပါ၍ ပတ်ပတ်လည်၌ အန္တရာယ်ရှိသောကြောင့် ကွင်းပြင်သို့မသွားနှင့်။ လမ်းမပေါ် မထွက်နှင့်။
အို ငါ့လူမျိုးသမီးပျို၊ ပျက်စီးခြင်းသည် ငါတို့ထံ ရုတ်တရက်ရောက်လာမည်ဖြစ်၍ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာ၌လူးလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းသကဲ့သို့ ခါးသီးစွာငိုကြွေးလော့။
ခေါင်းတုံးတုံး၍ လျှော်တေအဝတ်ကို ဝတ်ကြလေပြီ။ ခါးခါးသီးသီးငိုကြွေးမြည်တမ်းကြလေပြီ။
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းကြလော့။ ယဇ်ပလ္လင်၏အမှုထမ်းတို့၊ ညည်းတွားကြလော့။ ငါ၏ဘုရားသခင်အမှုတော်ကိုထမ်းဆောင်သောသူတို့၊ လာကြ။ တစ်ညလုံး လျှော်တေအဝတ်ကိုဝတ်အိပ်ကြလော့။ အကြောင်းမူကား သင်တို့ဘုရားသခင်၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ကုန်ခန်းလေပြီ။
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။