ယေဇကျေလ 7:15 - မြန်မာ့စံမီသမ္မာကျမ်း
မြို့ပြင်တွင် ဓားဘေးရှိ၏။ မြို့ထဲတွင် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး ရှိ၏။ ကွင်းပြင်သို့ ထွက်သွားသောသူသည် ဓားဖြင့် အသတ်ခံရလိမ့်မည်။ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါတို့သည် မြို့ထဲတွင်နေသောသူတို့ကို ဝါးမျိုလိမ့်မည်။
အခန်းကိုကြည့်ပါ။
လမ်းများပေါ်မှာတိုက်ခိုက်မှုများရှိ၏။ အိမ် များ၌အနာရောဂါနှင့်ငတ်မွတ်ခြင်းရှိ၏။ ကျေးတောတွင်ရှိနေသူတို့သည်ဋ္ဌားဘေးဖြင့် သေဆုံးရလျက်မြို့တွင်းရှိနေသူတို့မူကား အနာရောဂါဘေး၊ ငတ်မွတ်ခြင်းဘေးဖြင့် သေရကြလိမ့်မည်။-
အခန်းကိုကြည့်ပါ။
မြို့ ပြင် တွင် သ တ္တ န္တ ရ ကပ်၊ အ တွင်း တွင် ရော ဂ န္တ ရ ကပ် နှင့် ဒု ဗ္ဘိ က္ခ န္တ ရ ကပ် ရှိ သည့် အ လျောက်၊ လွင် ပြင်၌ ရှိ သူ သည်၊ သ တ္တ န္တ ရ ကပ် ကြောင့် သေ ဆုံး ခြင်း၊ မြို့၌ ရှိ သူ လည်း ဒု ဗ္ဘိ က္ခ န္တ ရ ကပ် နှင့် ရော ဂ န္တ ရ ကပ် မျို စား ခြင်း ခံ ရ လ တ္တံ့။
အခန်းကိုကြည့်ပါ။
ပြင်၌ကား ဓားရှိ၏။ အတွင်း၌ကား နာခြင်း၊ မွတ်သိပ်ခြင်းရှိ၏။ လယ်ပြင်တွင်ရှိသောသူသည် ဓားဖြင့်သေလိမ့်မည်။ မြို့ထဲတွင်ရှိသော သူသည်လည်း နာခြင်း၊ မွတ်သိပ်ခြင်းအားဖြင့် ဆုံးလိမ့်မည်။
အခန်းကိုကြည့်ပါ။