Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 7:15 - Common Language Bible

15 လမ်း​များ​ပေါ်​မှာ​တိုက်​ခိုက်​မှု​များ​ရှိ​၏။ အိမ် များ​၌​အ​နာ​ရော​ဂါ​နှင့်​ငတ်​မွတ်​ခြင်း​ရှိ​၏။ ကျေး​တော​တွင်​ရှိ​နေ​သူ​တို့​သည်​ဋ္ဌား​ဘေး​ဖြင့် သေ​ဆုံး​ရ​လျက်​မြို့​တွင်း​ရှိ​နေ​သူ​တို့​မူ​ကား အ​နာ​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခြင်း​ဘေး​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 မြို့ ပြင် တွင် သ တ္တ န္တ ရ ကပ်၊ အ တွင်း တွင် ရော ဂ န္တ ရ ကပ် နှင့် ဒု ဗ္ဘိ က္ခ န္တ ရ ကပ် ရှိ သည့် အ လျောက်၊ လွင် ပြင်၌ ရှိ သူ သည်၊ သ တ္တ န္တ ရ ကပ် ကြောင့် သေ ဆုံး ခြင်း၊ မြို့၌ ရှိ သူ လည်း ဒု ဗ္ဘိ က္ခ န္တ ရ ကပ် နှင့် ရော ဂ န္တ ရ ကပ် မျို စား ခြင်း ခံ ရ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ပြင်၌​ကား ဓား​ရှိ၏။ အ​တွင်း၌​ကား နာ​ခြင်း၊ မွတ်​သိပ်​ခြင်း​ရှိ၏။ လယ်​ပြင်​တွင်​ရှိ​သော​သူ​သည် ဓား​ဖြင့်​သေ​လိမ့်​မည်။ မြို့​ထဲ​တွင်​ရှိ​သော သူ​သည်​လည်း နာ​ခြင်း၊ မွတ်​သိပ်​ခြင်း​အား​ဖြင့် ဆုံး​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 မြို့ပြင်​တွင် ဓားဘေး​ရှိ​၏​။ မြို့​ထဲတွင် ကပ်ရောဂါ​ဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ရှိ​၏​။ ကွင်းပြင်​သို့ ထွက်သွား​သော​သူ​သည် ဓား​ဖြင့် အသတ်​ခံရ​လိမ့်မည်​။ ငတ်မွတ်ခေါင်းပါး​ခြင်း​နှင့် ကပ်ရောဂါ​တို့​သည် မြို့​ထဲတွင်​နေ​သော​သူ​တို့​ကို ဝါးမျို​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 7:15
9 ပူးပေါင်းရင်းမြစ်များ  

လယ်​ပြင်​များ​သို့​သွား​သော​အ​ခါ​စစ်​ပွဲ​တွင် ကျ​ဆုံး​သူ​များ​ကို​ငါ​မြင်​ရ​၏။ မြို့​များ​သို့​ဝင်​သော​အ​ခါ​လူ​တို့​အ​စာ​ငတ်​၍ သေ​ကြ​သည်​ကို​မြင်​ရ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​သည် မိ​မိ​တို့​အ​ဘယ်​သို့​သော​အ​မှု​ကို​ပြု​လျက် နေ​မှန်း​မ​သိ​ဘဲ၊ အ​လုပ်​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​နေ​ကြ​၏။''


``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ပူ​ပင်​သော​က​ဖြစ်​လျက် ရှိ​သည်​ကို​လည်းကောင်း၊ ကျွန်​တော်​မျိုး​၏​စိတ်​ဝိ​ညာဉ်​သည်​ပြင်း​စွာ ဒုက္ခ​ရောက်​လျက်​နေ​သည်​ကို​လည်း​ကောင်း ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​မိ​မိ​အ​ပြစ်​များ​ကြောင့် စိတ်​နှ​လုံး​ကြေ​ကွဲ​လျက်​နေ​ပါ​၏။ လမ်း​ပေါ်​တွင်​လူ​သတ်​မှု​ကို​တွေ့​ရ​ပါ​၏။ အိမ်​တွင်း​၌​ပင်​သေ​မင်း​ကို​တွေ့​ရှိ​ရ​ပါ​၏။''


စစ်​ပွဲ​တွင်​ကျ​ဆုံး​သေ​ကြေ​ရ​သူ​တို့​သည် အ​စာ​ရေ​စာ​ပြတ်​၍ ဆက်​လက်​အ​သက်​မ​ရှင်​နိုင်​တော့​ဘဲ တ​ဖြည်း​ဖြည်း​ငတ်​မွတ်​သေ​ဆုံး​သူ​များ​ထက် သာ​၍​ကောင်း​သေး​သည်။


သူ​တို့​အ​နက်​အ​နည်း​ငယ်​အား​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အနာ​ရော​ဂါ ဘေး​တို့​မှ​ငါ​ချမ်း​သာ​ပေး​မည်။ သို့​မှ​သာ လျှင်​လူ​မျိုး​တ​ကာ​တို့​တွင်​ရောက်​ရှိ​နေ​သော သူ​တို့​သည် မိ​မိ​တို့​ပြု​ခဲ့​သော​အ​မှု​များ​ကို စက်​ဆုပ်​ဖွယ်​ဖြစ်​ကြောင်း​နား​လည်​သ​ဘော ပေါက်​၍​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​ကို​သိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။


သင်​တို့​အ​နက်​သုံး​ပုံ​တစ်​ပုံ​သော​လူ​တို့ မြို့​တွင်း​၌​အ​နာ​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခြင်း ဘေး​တို့​ဖြင့်​သေ​ကြ​လိမ့်​မည်။ အ​ခြား​သုံး ပုံ​တစ်​ပုံ​မှာ​မြို့​ပြင်​၌​ဋ္ဌား​ဘေး​သင့်​၍​သေ ကြ​လိမ့်​မည်။ ကျန်​သုံး​ပုံ​တစ်​ပုံ​ကို​မူ​လေ တွင်​လွင့်​စင်​သွား​စေ​လျက်​ငါ​သည်​ဋ္ဌား​ဖြင့် လိုက်​လံ​တိုက်​ခိုက်​မည်။


အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သင်​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ပြု​ခဲ့​သည့်​ဆိုး​ညစ် စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​တို့​ကြောင့် လက်​နှစ်​ဘက် ကို​ရိုက်​၍​ခြေ​ကို​ဆောင့်​ကာ​ဝမ်း​နည်း​ပူ​ဆွေး လျက်​ငို​ကြွေး​ကြ​လော့။ သူ​တို့​သည်​စစ်​ပွဲ​တွင် လည်း​ကောင်း၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​ဖြင့်​လည်း​ကောင်း သေ​ရ​ကြ​လိမ့်​မည်။-


ရပ်​ဝေး​သို့​ရောက်​နေ​သူ​များ​သည်​ဖျား​နာ​၍ သေ​ရ​ကြ​လျက် အ​နီး​၌​ရှိ​နေ​သူ​တို့​မူ​ကား စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ မ​သေ​ဘဲ ကျန်​ရစ်​သူ​တို့​သည်​အ​စာ​ငတ်​၍​သေ​ရ ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ​၏​အ​မျက်​တော် ဒဏ်​ကို​အ​ပြည့်​အ​ဝ​ခံ​ရ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ