အသီးဦး၊ စပျစ်ရည်ဦးတို့ကို မယူထားဘဲ ငါ့အား ဆက်ကပ်ရမည်။ သင်တို့၏သားဦးများကိုလည်း ဆက်ကပ်ရမည်။
ယေဇကျေလ 48:14 - မြန်မာ့စံမီသမ္မာကျမ်း ဤမြေသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောမြေဖြစ်သောကြောင့် သူတို့သည် ဤအကောင်းဆုံးမြေကို မရောင်းရ၊ အလဲအလှယ်မလုပ်ရ၊ အခြားသူလက်သို့ မလွှဲပြောင်းရ။ Common Language Bible ထာဝရဘုရားအားဆက်ကပ်ထားသည့်နယ်မြေသည်အကောင်းဆုံးဖြစ်၍ထိုမြေ၏တစ်စိတ်တစ်ဒေသကိုမျှရောင်းချခြင်း၊ သို့မဟုတ်လဲလှယ်ခြင်း၊ အခြားသူတစ်စုံတစ်ယောက်၏နာမည်သို့ပြောင်းပေးခြင်းတို့ကိုမပြုရ။ ထိုမြေသည်သန့်ရှင်းမြင့်မြတ်၍ထာဝရဘုရားပိုင်တော်မူသောမြေဖြစ်သတည်း။ Garrad Bible ထာ ဝ ရ ဘု ရား အ ဘို့ သီး သန့် ပြီး ဖြစ် သော ကြောင့်။ ရောင်း စား ခြင်း၊ လဲ လှယ် ခြင်း၊ အ ဦး မှည့် သော အ သီး အ နှံ လွှဲ အပ် ခြင်း များ ကို မ ပြု ကြ စေ လင့်။ Judson Bible ထိုမြေသည် ထာဝရဘုရားအဖို့သန့်ရှင်းသောကြောင့်၊ လေဝိလူတို့သည် မြေကို မရောင်းရ။ အဦးသီးသော အသီးကို အခြားသောဥစ္စာနှင့် မဖယ်လှယ်ရ။ အဖိုးနှင့် မရောင်းရ။ |
အသီးဦး၊ စပျစ်ရည်ဦးတို့ကို မယူထားဘဲ ငါ့အား ဆက်ကပ်ရမည်။ သင်တို့၏သားဦးများကိုလည်း ဆက်ကပ်ရမည်။
သင့်မြေမှထွက်သောအဦးဆုံးသီးနှံထဲမှအကောင်းဆုံးကို သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာရမည်။ ဆိတ်သငယ်ကို မိခင်၏နို့ရည်ဖြင့် မပြုတ်ရ။
အထူးသန့်ရှင်းသောအလှူမြေထဲမှ လေဝိနယ်နိမိတ်နှင့်ကပ်လျက်ရှိသောမြေသည် ယဇ်ပုရောဟိတ်တို့အဖို့ သီးသန့်ဝေစုဖြစ်ရမည်။
ယဇ်ပုရောဟိတ်တို့၏မြေနှင့်ကပ်လျက် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်းရှိသောမြေသည် လေဝိအမျိုးတို့အဖို့ ဖြစ်ရမည်။ ထိုမြေသည် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်းရှိရမည်။
ယဇ်ပုရောဟိတ်သည် သိုးသငယ်နှစ်ကောင်ကို အဦးဆုံးသီးနှံ၏မုန့်နှင့်အတူ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။ ထိုအရာတို့သည် ယဇ်ပုရောဟိတ်အတွက် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။
လေဝိအမျိုးတို့ပိုင်သောမြို့များရှိ သူတို့၏အိမ်များကိုကား လေဝိအမျိုးတို့သည် ရွေးနုတ်ခွင့်အစဉ်အမြဲရှိ၏။
သူတို့၏မြို့များရှိစားကျက်မြေသည် သူတို့အစဉ်အမြဲပိုင်သောမြေဖြစ်သောကြောင့် မရောင်းရ။
တစ်စုံတစ်ယောက်သည် မိမိပိုင်ဆိုင်သမျှတို့တွင် လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ၊ လယ်ယာကိုဖြစ်စေ ထာဝရဘုရားအား ဆက်ကပ်ထားသောအရာရှိသမျှတို့ကို ရောင်းခွင့်မရှိ။ ရွေးနုတ်ခွင့်လည်းမရှိ။ ဆက်ကပ်ထားသောအရာရှိသမျှတို့သည် ထာဝရဘုရားအဖို့ အလွန်သန့်ရှင်းသောအရာများဖြစ်၏။
ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။