ထာဝရအရှင်ဘုရားသခင်သည် ရှုချင်စဖွယ်ကောင်းသော၊ စားဖွယ်ကောင်းသောအပင်အမျိုးမျိုးကို မြေမှပေါက်စေတော်မူ၏။ ဥယျာဉ်အလယ်၌ အသက်ပင်နှင့် အကောင်းအဆိုးသိကျွမ်းရာအပင်ရှိ၏။
ယေဇကျေလ 47:12 - မြန်မာ့စံမီသမ္မာကျမ်း မြစ်ကမ်းဘေးတစ်ဖက်တစ်ချက်တွင် သီးပင်စားပင်အမျိုးမျိုး ပေါက်ရောက်လိမ့်မည်။ သန့်ရှင်းရာဌာနမှစီးလာသော မြစ်ရေကို ရရှိသောကြောင့် အပင်တို့သည် အရွက်မညှိုးနွမ်း၊ အသီးလည်း မပြတ်။ လစဉ်အသီးသီးလိမ့်မည်။ အသီးသည် စားဖို့၊ အရွက်သည် အနာရောဂါပျောက်ကင်းဖို့ ဖြစ်လိမ့်မည်”ဟု ဆို၏။ Common Language Bible ထိုချောင်းကမ်းနှစ်ဘက်တို့တွင်စားစရာ အပင်အမျိုးမျိုးပေါက်လိမ့်မည်။ ထိုသစ်ပင် များသည်အဘယ်အခါမျှအရွက်ညှိုး နွမ်းကြလိမ့်မည်မဟုတ်။ အသီးလည်း အဘယ်အခါမျှပြတ်လပ်ကြလိမ့်မည် မဟုတ်။ ထိုအပင်တို့သည်ဗိမာန်တော်မှ စီးဆင်းလာသည့်ချောင်းမှရေကိုရရှိ ကြသဖြင့်လစဉ်လတိုင်းအသီးသစ် များကိုသီးကြလိမ့်မည်။ ထိုအပင်များ ၏အသီးသည်စားဖွယ်ဖြစ်၍ယင်း တို့၏အရွက်များကိုလူတို့၏အနာ ပျောက်ကင်းစေရန်အသုံးပြုလိမ့်မည်'' ဟုငါ့အားပြော၏။ Garrad Bible မြစ် ကမ်း နှစ် ဖက်၌ အ ရွက် မ ညှိုး၊ အ သီး မ တုံး၊ စား ဖွယ် ကောင်း သော အ ပင် အ မျိုး မျိုး ပေါက် လိမ့် မည်။ သန့် ရှင်း ရာ ဌာ န တော် မှ မြစ် ရေ စီး ထွက် သော ကြောင့်၊ အ နာ ပျောက် စေ သော အ ရွက် ပေါက်၍၊ စား ဖွယ် ကောင်း သော အ သီး ကို၊ ဆယ့် နှစ် ရာ သီ သီး လိမ့် မည့် မည် ဟု ဆို၏။ Judson Bible မြစ်ကမ်းနားနှစ်ဖက်၌ စားစရာကောင်းသော အပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ အရွက်လည်း မညှိုးမနွမ်းရ။ အသီးလည်း မပြတ်ရ။ လတိုင်းအစဉ် နုသောအသီးကို သီးလိမ့်မည်။ အကြောင်းမူကား၊ သန့်ရှင်းရာဌာနထဲကထွက်သတည်း။ အသီးသည် စားစရာဖို့ဖြစ်၏။ အရွက်သည် အနာရောဂါငြိမ်းစရာဖို့ ဖြစ်သည်ဟု ငါ့အားပြောဆို၏။ |
ထာဝရအရှင်ဘုရားသခင်သည် ရှုချင်စဖွယ်ကောင်းသော၊ စားဖွယ်ကောင်းသောအပင်အမျိုးမျိုးကို မြေမှပေါက်စေတော်မူ၏။ ဥယျာဉ်အလယ်၌ အသက်ပင်နှင့် အကောင်းအဆိုးသိကျွမ်းရာအပင်ရှိ၏။
ထိုသူကား ရေစီးသောချောင်းနားမှာ စိုက်ထား၍ မိမိအချိန်တန်သောအခါအသီးသီးပြီး အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်တူ၏။ ပြုလေသမျှတို့၌အောင်မြင်တတ်၏။
ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ လက်ဘနွန်တောင်မှ သစ်ကတိုးပင်ကဲ့သို့ကြီးထွားလိမ့်မည်။
ဦးခေါင်းမှ ခြေဖျားတိုင်အောင် အနာနှင့်ကင်းသည်ဟူ၍ မရှိ။ ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ၊ သွေးစိမ်းထွက်သောအနာတို့ဖြင့်သာပြည့်နေ၏။ အနာကိုမဆေးကြော၊ မပတ်စည်း၊ ဆီနှင့်မလူးကြပါတကား။
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်ကြလိမ့်မည်။ ပြည်တော်ကို အစဉ်အမြဲပိုင်ဆိုင်ကြရလိမ့်မည်။ ငါစိုက်သောအကိုင်း၊ ငါ့လက်ဖြင့်ပြုသောအရာဖြစ်၍ ငါ၏ဘုန်းကိုထင်ရှားစေကြလိမ့်မည်။
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
ထိုသူသည် ရေရှိရာတွင်စိုက်ထား၍ မြစ်နားအထိအမြစ်ဖြာသောအပင်ကဲ့သို့ဖြစ်မည်။ နေအပူဒဏ်ကို မကြောက်၊ မိုးခေါင်သောနှစ်တွင်လည်း မစိုးရိမ်။ အရွက်များ စိမ်းလန်းလျက်ရှိ၏၊ အသီးလည်း ပြတ်မည်မဟုတ်။
ဂိလဒ်ပြည်၌ လိမ်းဆေး မရှိသလော၊ ဆေးဆရာ မရှိသလော။ ငါ့လူမျိုး၏သမီးပျိုသည် အဘယ်ကြောင့် အနာမပျောက်ရသနည်း။
မြစ်ကမ်းသို့ ပြန်ရောက်သောအခါ ကမ်းတစ်ဖက်တစ်ချက်တွင် သစ်ပင်များစွာ ပေါက်နေသည်ကို တွေ့ရ၏။
မြို့၏လမ်းမအလယ်တစ်လျှောက် စီးဆင်းနေ၏။ မြစ်၏တစ်ဖက်တစ်ချက်စီ၌ကား အသီးတစ်ဆယ့်နှစ်မျိုးသီး၍ မိမိအသီးကို လစဉ်ပေးတတ်သည့်အသက်ပင်ရှိ၏။ ထိုအပင်မှ အရွက်များသည်လည်း လူမျိုးတကာတို့၏ကျန်းမာခြင်းအတွက်ဖြစ်၏။