Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 47:12 - Common Language Bible

12 ထို​ချောင်း​ကမ်း​နှစ်​ဘက်​တို့​တွင်​စား​စ​ရာ အ​ပင်​အ​မျိုး​မျိုး​ပေါက်​လိမ့်​မည်။ ထို​သစ်​ပင် များ​သည်​အ​ဘယ်​အ​ခါ​မျှ​အ​ရွက်​ညှိုး နွမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​သီး​လည်း အ​ဘယ်​အ​ခါ​မျှ​ပြတ်​လပ်​ကြ​လိမ့်​မည် မ​ဟုတ်။ ထို​အ​ပင်​တို့​သည်​ဗိ​မာန်​တော်​မှ စီး​ဆင်း​လာ​သည့်​ချောင်း​မှ​ရေ​ကို​ရ​ရှိ ကြ​သ​ဖြင့်​လ​စဉ်​လတိုင်း​အ​သီး​သစ် များ​ကို​သီး​ကြ​လိမ့်​မည်။ ထို​အ​ပင်​များ ၏​အ​သီး​သည်​စား​ဖွယ်​ဖြစ်​၍​ယင်း တို့​၏​အ​ရွက်​များ​ကို​လူ​တို့​၏​အ​နာ ပျောက်​ကင်း​စေ​ရန်​အ​သုံး​ပြု​လိမ့်​မည်'' ဟု​ငါ့​အား​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 မြစ် ကမ်း နှစ် ဖက်၌ အ ရွက် မ ညှိုး၊ အ သီး မ တုံး၊ စား ဖွယ် ကောင်း သော အ ပင် အ မျိုး မျိုး ပေါက် လိမ့် မည်။ သန့် ရှင်း ရာ ဌာ န တော် မှ မြစ် ရေ စီး ထွက် သော ကြောင့်၊ အ နာ ပျောက် စေ သော အ ရွက် ပေါက်၍၊ စား ဖွယ် ကောင်း သော အ သီး ကို၊ ဆယ့် နှစ် ရာ သီ သီး လိမ့် မည့် မည် ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 မြစ်​ကမ်း​နား​နှစ်​ဖက်၌ စား​စ​ရာ​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ အ​ရွက်​လည်း မ​ညှိုး​မ​နွမ်း​ရ။ အ​သီး​လည်း မ​ပြတ်​ရ။ လ​တိုင်း​အ​စဉ် နု​သော​အ​သီး​ကို သီး​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က​ထွက်​သ​တည်း။ အ​သီး​သည် စား​စ​ရာ​ဖို့​ဖြစ်၏။ အ​ရွက်​သည် အ​နာ​ရော​ဂါ​ငြိမ်း​စ​ရာ​ဖို့ ဖြစ်​သည်​ဟု ငါ့​အား​ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 မြစ်​ကမ်းဘေး​တစ်ဖက်တစ်ချက်​တွင် သီးပင်စားပင်​အမျိုးမျိုး ပေါက်ရောက်​လိမ့်မည်​။ သန့်ရှင်းရာဌာန​မှ​စီးလာ​သော မြစ်ရေ​ကို ရ​ရှိ​သောကြောင့် အပင်​တို့​သည် အရွက်​မ​ညှိုးနွမ်း​၊ အသီး​လည်း မ​ပြတ်​။ လစဉ်​အသီး​သီး​လိမ့်မည်​။ အသီး​သည် စား​ဖို့​၊ အရွက်​သည် အနာရောဂါ​ပျောက်ကင်း​ဖို့ ဖြစ်​လိမ့်မည်​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 47:12
11 ပူးပေါင်းရင်းမြစ်များ  

ထို​ဥ​ယျာဉ်​တွင်​ရှု​ချင်​ဖွယ်​ကောင်း​၍ စား​ဖွယ် ကောင်း​သော​အ​သီး​ပင်​အ​မျိုး​မျိုး​ကို​ပေါက် စေ​တော်​မူ​၏။ ဥ​ယျာဉ်​အ​လယ်​တွင်​အ​သက် ရှင်​စေ​သော​အ​ပင်​ရှိ​၏။ အ​ကောင်း​နှင့်​အ​ဆိုး ကို​ပိုင်း​ခြား​သိ​မြင်​စေ​သော​အ​ပင်​လည်း​ရှိ ၏။


သူသည် နေပူမှာစိမ်းလန်းလျက်၊အခက်အလက် အားဖြင့် မိမိဥယျာဉ်ကို နှံ့ပြားလျက်၊


ထို​သူ​တို့​သည်​ချောင်း​အ​နီး​တွင်​ပေါက်​၍​လျော်​ကန်​သင့်​မြတ်​ချိန်​၌ အ​သီး​သီး​လျက်​အ​ရွက်​မ​ညှိုး​မ​နွမ်း​တတ်​သော​အ​ပင်​များ​နှင့်​တူ​၏။ သူ​တို့​သည်​ပြု​လေ​သ​မျှ​အ​မှု​ကိစ္စ​တို့​တွင်​အောင်​မြင်​တတ်​၏။


သူ​တော်​ကောင်း​တို့​သည်​စွန်​ပ​လွံ​ပင်​များ​ကဲ့​သို့ စိမ်း​လန်း​စို​ပြေ​လျက်​ရှိ​လိမ့်​မည်။ သူ​တို့​သည်​လေ​ဗ​နုန်​တောင်​မှ​အာ​ရဇ်​ပင်​များ ကဲ့​သို့ ကြီး​ပွား​တိုး​တက်​ကြ​လိမ့်​မည်။


ခြေ​ဖ​ဝါး​မှ​ဦး​ခေါင်း​တိုင်​အောင် သင်​တို့​ကိုယ်​တစ်​ခု​လုံး​သည်​အ​နာ​နှင့်​ကင်း​သည်​ဟူ​၍​မ​ရှိ။ ပွန်း​ပဲ့​ကွဲ​ရှ​နာ​များ၊ ဒဏ်​ရာ​သစ်​ဒဏ်​ရာ​ဟောင်း​များ​နှင့်​ပြည့်​လျက်​နေ​ပေ​သည်။ ထို​ဒဏ်​ရာ​များ​ကို​ဆေး​ကြော​ကာ၊ အ​ဝတ်​ဖြင့်​မ​ပတ်​မ​စည်း​ရ​ကြ​သေး။ ဆေး​လည်း​မ​ထည့်​ရ​ကြ​သေး။


သင်​၏​လူ​အ​ပေါင်း​တို့​သည်​မှန်​ရာ​ကို​ပြု​ကျင့် ကြ​လျက်၊ ပြည်​တော်​ကို​အ​စဉ်​အ​မြဲ​ပိုင်​ဆိုင်​ရ​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့​ရှေ့​တွင်​ငါ​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​ရန်၊ ငါ​သည်​သူ​တို့​ကို​ပြု​စု​ပျိုး​ထောင်​ခဲ့​ပြီ။


ဇိ​အုန်​မြို့​တွင်​ပူ​ဆွေး​ဝမ်း​နည်း​နေ​သူ​တို့​အား ပူ​ဆွေး​ခြင်း​အ​စား ဝမ်း​မြောက်​ခြင်း​ကို​လည်း​ကောင်း၊ ဝမ်း​နည်း​ခြင်း​အ​စား​ထော​မ​နာ​သီ​ချင်း ကို​လည်း​ကောင်း ပေး​ရန်​ကိုယ်​တော်​သည်​ငါ့​အား​စေ​လွှတ်​တော်​မူ​ပြီ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထင်​ရှား​စေ​ရန် ကိုယ်​တော်​တိုင်​စိုက်​တော်​မူ​သော​ဖြောင့်​မတ်​ခြင်း တည်း​ဟူ​သော ဝက်​သစ်​ချ​ပင်​များ​သ​ဖွယ်​စို​ပြေ​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။


ထို​သူ​သည်​ရေ​အ​နီး​တွင်​စိုက်​သ​ဖြင့်​ရေ​ရှိ​ရာ​သို့ အ​မြစ်​ထိုး​၍​သွား​သည့်​သစ်​ပင်​နှင့်​တူ​၏။ ထို​အ​ပင်​သည်​အ​ရွက်​များ​စိမ်း​လန်း​လျက်​ရှိ သ​ဖြင့် ပူ​ပြင်း​သည့်​ရာ​သီ​ကို​မ​ကြောက်။ မိုး​ခေါင်​သော​အ​ခါ​၌​လည်း​စိုး​ရိမ်​စ​ရာ မ​ရှိ​ဘဲ အ​သီး​များ​သီး​မြဲ​သီး​၍​နေ​တတ်​၏။''


ဂိ​လဒ်​ပြည် ၌​ဆေး​ဝါး​မ​ရှိ​တော့​ပြီ​လော။ ဆေး​သ​မား​လည်း​မ​ရှိ​တော့​ပြီ​လော။ အ​ဘယ်​ကြောင့်​ငါ့​အ​မျိုး​သား​များ​၏ အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​အောင်​မ​ကု​သ​ကြ​ပါ​သ​နည်း။


မြစ်​ကမ်း​ပါး​သို့​ရောက်​သော​အ​ခါ​ငါ သည်​မြစ်​ကမ်း​နှစ်​ဖက်​တွင်​သစ်​ပင်​များ စွာ​ပေါက်​လျက်​နေ​သည်​ကို​မြင်​ရ​၏။-


ထို​အ​သက်​ပင်​သည်​တစ်​လ​တစ်​ကြိမ်၊ တစ်​နှစ် လျှင်​တစ်​ဆယ့်​နှစ်​ကြိမ်​အ​သီး​သီး​၏။ ထို​အ​ပင် ၏​အ​ရွက်​များ​သည်​လူ​မျိုး​တ​ကာ​တို့​၏​အ​နာ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​ရန်​အ​တွက်​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ