မြေပေါ်ရှိ အောက်ခြေအဆင့်မှ နောက်အဆင့်ငယ်တစ်ဆင့်မှာ နှစ်တောင်မြင့်၍ တစ်တောင်ကျယ်ရမည်။ ထိုအဆင့်ငယ်မှ ပို၍မြင့်သောအဆင့်မှာ လေးတောင်မြင့်၍ တစ်တောင်ကျယ်ရမည်။
ယေဇကျေလ 45:19 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်၏သွေးအချို့ကိုယူ၍ အိမ်တော်၏တံခါးတိုင်၊ ယဇ်ပလ္လင်၏ထောင့်လေးထောင့်နှင့် အတွင်းဝင်းတံခါးတိုင်တွင် သုတ်ရမည်။ Common Language Bible ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် ကောင်၏သွေးအနည်းငယ်ကိုယူ၍ ဗိမာန် တော်တံခါးတိုင်များ၊ ယဇ်ပလ္လင်၏ထောင့် လေးထောင့်နှင့် တံတိုင်းအတွင်းရှိဝင်းသို့ ဝင်ရာတံခါးတိုင်များကိုသုတ်ရမည်။- Garrad Bible ပ ရော ဟိတ် သည်၊ အ ပြစ် ဖြေ ရာ ထို သ က္ကာ၏ အ သွေး ကို ယူ၍၊ ဗိ မာန် တော် တံ ခါး တိုင်၊ ပူ ဇော် ရာ ပ လ္လင် တော် အ ဆင့် လေး ထောင့်၊ အ တွင်း တံ တိုင်း တံ ခါး တိုင် များ၌၊ သုတ် ရ မည်။ Judson Bible ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင် အသွေးအချို့ကိုယူ၍ အိမ်တော်တိုင်၌လည်းကောင်း၊ ယဇ်ပလ္လင် အောက်ထစ် လေးထောင့်၌လည်းကောင်း၊ အတွင်းတံတိုင်း တံခါးတိုင်၌လည်းကောင်း ထည့်ရမည်။ |
မြေပေါ်ရှိ အောက်ခြေအဆင့်မှ နောက်အဆင့်ငယ်တစ်ဆင့်မှာ နှစ်တောင်မြင့်၍ တစ်တောင်ကျယ်ရမည်။ ထိုအဆင့်ငယ်မှ ပို၍မြင့်သောအဆင့်မှာ လေးတောင်မြင့်၍ တစ်တောင်ကျယ်ရမည်။
ကိုယ်ထည်၏အောက်ခြေသည် စတုရန်းပုံဖြစ်၍ အလျားတစ်ဆယ့်လေးတောင်၊ အနံတစ်ဆယ့်လေးတောင် ရှိရမည်။ အနားကွပ်မှာ တစ်ထွာရှိရမည်။ အောက်ခြေပတ်ပတ်လည်မှာ တစ်တောင်ကျယ်ရမည်။ ယဇ်ပလ္လင်လှေကားထစ်များသည် အရှေ့ဘက်သို့မျက်နှာမူရမည်”ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘ငါ့ထံသို့ဆည်းကပ်၍ အမှုတော်ထမ်းဆောင်သောယဇ်ပုရောဟိတ် လေဝိအမျိုးဇာဒုတ်၏သားစဉ်မြေးဆက်တို့အား သင်သည် အပြစ်ဖြေရာယဇ်အဖြစ် နွားထီးပျိုတစ်ကောင်ကို ပေးရမည်’ဟု မိန့်တော်မူ၏။
‘နွားထီးပျို၏သွေးအချို့ကိုယူ၍ ယဇ်ပလ္လင်၏ချိုလေးခု၊ အဆင့်၏ထောင့်လေးထောင့်နှင့် အကွပ်ပတ်လည်တို့၌ သုတ်လိမ်းရမည်။ ဤသို့ဖြင့် ယဇ်ပလ္လင်ကို စင်ကြယ်စေရမည်။ ယဇ်ပလ္လင်အဖို့ အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။
ဘုရားရှင်ထာဝရဘုရားက ‘အလုပ်လုပ်နေသောခြောက်ရက်အတွင်းတွင် အရှေ့ဘက်ရှိ အတွင်းဝင်းတံခါးကို ပိတ်ထားရမည်။ သို့သော် ဥပုသ်နေ့တွင် ဖွင့်ထားရမည်။ လဆန်းနေ့တွင်လည်း ဖွင့်ထားရမည်။
မင်းသားသည် အပြင်မုခ်ဆောင်၏ဆင်ဝင်မှဝင်၍ တံခါးတိုင်နားတွင် ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားပေးသော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ရမည်။ မင်းသားသည် တံခါးခုံနားတွင် ပျပ်ဝပ်ရှိခိုးပြီးမှ ထွက်သွားရမည်။ တံခါးကို နေဝင်ချိန်ထိ ဖွင့်ထားရမည်။
ဤသို့ဖြင့် သူသည် အစ္စရေးအမျိုးသားတို့၏မစင်ကြယ်ခြင်းကြောင့်၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကြောင့် သန့်ရှင်းရာဌာနအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ ထိုနည်းတူ သူတို့နှင့်အတူ သူတို့၏မစင်ကြယ်ခြင်းအလယ်၌ တည်နေသော တွေ့ဆုံစည်းဝေးရာတဲတော်အတွက်လည်း ပြုရမည်။