Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 45:19 - Common Language Bible

19 ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် ကောင်​၏​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ ဗိ​မာန် တော်​တံ​ခါး​တိုင်​များ၊ ယဇ်​ပလ္လင်​၏​ထောင့် လေး​ထောင့်​နှင့် တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း​သို့ ဝင်​ရာ​တံ​ခါး​တိုင်​များ​ကို​သုတ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ပ ရော ဟိတ် သည်၊ အ ပြစ် ဖြေ ရာ ထို သ က္ကာ၏ အ သွေး ကို ယူ၍၊ ဗိ မာန် တော် တံ ခါး တိုင်၊ ပူ ဇော် ရာ ပ လ္လင် တော် အ ဆင့် လေး ထောင့်၊ အ တွင်း တံ တိုင်း တံ ခါး တိုင် များ၌၊ သုတ် ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် အ​သွေး​အ​ချို့​ကို​ယူ၍ အိမ်​တော်​တိုင်၌​လည်း​ကောင်း၊ ယဇ်​ပ​လ္လင် အောက်​ထစ် လေး​ထောင့်၌​လည်း​ကောင်း၊ အ​တွင်း​တံ​တိုင်း တံ​ခါး​တိုင်၌​လည်း​ကောင်း ထည့်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေရာယဇ်​၏​သွေး​အချို့​ကို​ယူ​၍ အိမ်​တော်​၏​တံခါးတိုင်​၊ ယဇ်ပလ္လင်​၏​ထောင့်​လေး​ထောင့်​နှင့် အတွင်း​ဝင်း​တံခါး​တိုင်​တွင် သုတ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 45:19
8 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပလ္လင်​၏​အ​နိမ့်​ဆုံး​အ​ဆင့်​သည်​လေး​ပေ မြင့်​၏။ နောက်​တစ်​ဆင့်​မှာ​ပ​ထ​မ​ဆင့်​၏​အ​နား လေး​ဘက်​စ​လုံး​မှ​လက်​မ​နှစ်​ဆယ်​ခွာ​၍​ထား ပြီး​လျှင်​အမြင့်​ခု​နစ်​ပေ​ရှိ​လေ​သည်။ နောက် တစ်​ဆင့်​သည်​လည်း​ထို​နည်း​တူ​ဒု​တိ​ယ အ​ဆင့်​အ​နား​လေး​ဘက်​စ​လုံး​မှ​လက်​မ နှစ်​ဆယ်​ခွာ​၍​ထား​လေ​၏။-


အ​လယ်​ဆင့်​သည်​လည်း​စ​တု​ရန်း​ပုံ​သဏ္ဌာန် ပင်​ဖြစ်​၍​အ​လျား​အ​နံ​နှစ်​ဆယ့်​လေး​ပေ​စီ ရှိ​၏။ ယင်း​အ​ဆင့်​ပတ်​လည်​အ​နား​တွင်​အ​နက် ဆယ်​ပေ​ရှိ​သော​ဘောင်​ရှိ​၏။ (ရေ​စီး​မြောင်း​သည် လက်​မ​နှစ်​ဆယ်​ကျယ်​သ​တည်း။) ယဇ်​ပလ္လင်​သို့ တက်​ရန်​လှေ​ကား​မှာ​အ​ရှေ့​ဘက်​၌​ရှိ​၏။


ငါ​၏​ရှေ့​တော်​သို့​ဝင်​၍​အ​မှု​တော်​ဆောင်​သူ များ​မှာ​ဇာ​ဒုတ်​၏​သား​မြေး၊ လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ရ​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စကား​ဖြစ်​၏။ သင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရန်​အ​တွက်​နွား​ထီး​ပျို​တစ်​ကောင် ကို​သူ​တို့​အား​ပေး​ရ​မည်။-


သင်​သည်​ထို​နွား​၏​သွေး​အ​နည်း​ငယ်​ကို​ယူ ၍​ယဇ်​ပလ္လင်​ထိပ်​ထောင့်​ချွန်​များ၊ အ​လယ်​ဆင့် ထောင့်​များ​နှင့်​ယဇ်​ပလ္လင်​ပတ်​လည်​အ​နား​တို့ အ​ပေါ်​မှာ​တင်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင် သည်​ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​၍​ဆက်​ကပ် ရ​မည်။-


အ​ရှင်​ထာ​ဝရ​ဘု​ရား​က``တံ​တိုင်း​အ​တွင်း ဝင်း​သို့​ဝင်​ရာ​အ​ရှေ့​မုခ်​ပေါက်​ကို​အ​လုပ် လုပ်​သော​ရက်​ခြောက်​ရက်​ပတ်​လုံး​ပိတ်​ထား ရ​မည်။ သို့​ရာ​တွင်​ထို​မုခ်​ပေါက်​ကို​ဥ​ပုသ် နေ့​နှင့်​လ​ဆန်း​နေ့​၌​ဖွင့်​ထား​ရ​မည်။-


နန်း​စံ​နေ​ဆဲ​မင်း​သား​သည်​ထို​တံ​ခါး​ဖြင့် တံ​တိုင်း​အ​ပြင်​ဝင်း​က​နေ​၍ မုခ်​ပေါက်​အ​တွင်း ၌​ရှိ​သော​အ​ခန်း​ထဲ​သို့​ဝင်​ရ​မည်။ သူ​သည် မိ​မိ​၏​မီး​ရှို့​ရာ​ယဇ်​များ​နှင့်​မိတ်​သ​ဟာ ယဇ်​များ​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​ပူ​ဇော်​နေ ကြ​စဉ် မုခ်​ပေါက်​တိုင်​များ​အ​နီး​တွင်​ရပ်​၍ နေ​ရ​မည်။ သူ​သည်​တံ​ခါး​ဝ​တွင်​ရှိ​ခိုး​ဝတ် ပြု​ပြီး​နောက်​အ​ပြင်​သို့​ပြန်​၍​ထွက်​ရ​မည်။ တံ​ခါး​ကို​မူ​ည​နေ​အ​ထိ​မ​ပိတ်​ဘဲ​ထား ရ​မည်။-


ဤ​နည်း​အား​ဖြင့်​အာ​ရုန်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မ​သန့်​စင်​ခြင်း​နှင့်​အ​ပြစ် အ​မျိုး​မျိုး​တို့​ကြောင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ မည်။ တဲ​တော်​သည်​မ​သန့်​စင်​သော​စ​ခန်း​အ​လယ် တွင်​တည်​ရှိ​သ​ဖြင့် တဲ​တော်​အ​တွက်​သန့်​စင် ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ