ယေဇကျေလ 44:11 - မြန်မာ့စံမီသမ္မာကျမ်း
သူတို့သည် ငါ၏သန့်ရှင်းရာဌာနတော်တွင် အိမ်တော်တံခါးစောင့်များ၊ အိမ်တော်အမှုကိုဆောင်ရွက်သူများ စသော အမှုထမ်းများဖြစ်ရမည်။ သူတို့သည် လူတို့အဖို့ မီးရှို့ရာယဇ်ကောင်ကိုသတ်၍ ပူဇော်ပေးရမည်။ လူတို့ရှေ့တွင်ရပ်၍ သူတို့၏အမှုကို ဆောင်ရွက်ပေးရမည်။
အခန်းကိုကြည့်ပါ။
သူတို့သည်ဗိမာန်တော်တံခါးမှူးများအဖြစ် ဖြင့်လည်းကောင်း၊ ဗိမာန်တော်၏ဝေယျာဝစ္စကို ဆောင်ရွက်သူများအဖြစ်ဖြင့်လည်းကောင်းငါ ၏အမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိကြ၏။ သူ တို့သည်မီးရှို့ရာပူဇော်သကာနှင့်ယဇ်ပူဇော်ရန် အတွက်လူတို့ပေးအပ်ကြသည့်တိရစ္ဆာန်များ သတ်နိုင်ခွင့်ရှိ၏။ ထိုမှတစ်ပါးလည်းသူတို့ သည်အကူအညီပေးရန်အတွက်ဗိမာန် တော်တွင်ရှိနေရကြမည်။-
အခန်းကိုကြည့်ပါ။
ငါ့ သန့် ရှင်း ရာ ဌာ န တွင် ကံ ကျွေး အ ဖြစ်၊ ဗိ မာန် တော် တံ ခါး စောင့် ခြင်း၊ ဗိ မာန် တော် မှု ဆောင် ရွက် ခြင်း၊ လူ ပ ရိတ် သတ် အ ဖို့ မီး ရှို့ ရာ သ က္ကာ မှ စ သော၊ သ က္ကာ အ မျိုး မျိုး ကို စီ ရင် ခြင်း၊ ၎င်း တို့ ရှေ့ ခ စား၍ အ မှု ထမ်း ခြင်း များ ကို ပြု ရ ကြ လ တ္တံ့။
အခန်းကိုကြည့်ပါ။
သို့ရာတွင်၊ ငါ၏သန့်ရှင်းရာဌာနနှင့်ဆိုင်သောအမှုစောင့်ဖြစ်၍၊ ဗိမာန်တော်၌တံခါးတို့ကို စောင့်လျက်၊ အမှုတော်ကို ဆောင်ရွက်လျက် နေရကြမည်။ မီးရှို့ရာယဇ်နှင့် လူများပူဇော်သော ယဇ်ကောင်တို့ကိုသတ်၍၊ လူများကိုယ်စား အမှုတော်ကို ဆောင်ရွက်ရကြမည်။
အခန်းကိုကြည့်ပါ။