Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 46:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထို​သူ​က ငါ့​အား “ဤ​နေရာ​သည် လူ​တို့​ပေးလှူ​သော​ယဇ်ကောင်​ကို အိမ်​တော်​အမှုထမ်း​တို့ ချက်ပြုတ်​ပေး​ရ​သော မီးဖိုဆောင်​ဖြစ်​၏​”​ဟု ပြောပြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ထို​လူ​က``ဤ​မီး​ဖို​တို့​ကား လူ​တို့​ပူဇော်​သည့် ယဇ်​ကောင်​များ​ကို​ဗိ​မာန်​တော်​အ​စေ​ခံ​တို့ ပြုတ်​သည့်​မီး​ဖို​များ​ဖြစ်​၏'' ဟု​ငါ့​အား ပြော​ပြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 လူ ပ ရိ သတ် ပူ ဇော် သ က္ကာ များ ကို၊ ဗိ မာန် တော် ကံ ကျွေး တို့ ချက် ပြုတ် ကြ ရ သော မီး ဖို များ တည်း ဟု ဆို ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ဤ​အ​ရပ်​တို့​ကား အိမ်​တော်​အ​မှု​စောင့်​တို့​သည် လူ​များ​ပူ​ဇော်​သော​ယဇ်​ကောင်​တို့​ကို ပြုတ်​ရ​သော​အ​ရပ်​ဖြစ်​ကြ​သည်​ဟု ငါ့​အား​ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 46:24
8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ငါ​၏​သန့်ရှင်းရာဌာန​တော်​တွင် အိမ်​တော်​တံခါးစောင့်​များ​၊ အိမ်​တော်​အမှု​ကို​ဆောင်ရွက်​သူ​များ စသော အမှုထမ်း​များ​ဖြစ်​ရ​မည်​။ သူ​တို့​သည် လူ​တို့​အဖို့ မီးရှို့​ရာ​ယဇ်ကောင်​ကို​သတ်​၍ ပူဇော်​ပေး​ရ​မည်​။ လူ​တို့​ရှေ့​တွင်​ရပ်​၍ သူ​တို့​၏​အမှု​ကို ဆောင်ရွက်​ပေး​ရ​မည်​။


တစ်ဖန် အိမ်​တော်​ကို​ထိန်းသိမ်း​ဖို့​၊ အိမ်​တော်​အမှု​ကို ထမ်းဆောင်​ဖို့​နှင့် အိမ်​တော်​နှင့်​ပတ်သက်၍ လုပ်ဆောင်စရာအမှု​အလုံးစုံ​တို့​ကို လုပ်ဆောင်​ဖို့ သူ​တို့​ကို ငါ​ပြန်ခန့်​ထား​မည်’​ဟု မိန့်​တော်မူ​၏​။


ထို​သူ​က ငါ့​အား “​ဤ​နေရာ​သည် ယဇ်ပုရောဟိတ်​တို့​က အပြစ်ဒဏ်ဖြေရာယဇ်​နှင့် အပြစ်ဖြေရာယဇ်​တို့​ကို ပြုတ်​ရ​သော​နေရာ​၊ ဘောဇဉ်ပူဇော်သက္ကာ​ကို ဖုတ်​ရာ​နေရာ​ဖြစ်​၏​။ လူ​တို့​ထံ သန့်ရှင်း​ခြင်း​ကူး​မ​သွား​စေရန် ထို​ယဇ်​တို့​ကို အပြင်​ဝင်း​သို့ ယူဆောင်​မ​သွား​ရ”​ဟု ဆို​၏​။


ထို​ဝင်းငယ်​လေး​ခု​၏​အတွင်းဘက်​ပတ်ပတ်လည်​တွင် စင်​ရှိ​၏​။ ထို​စင်​အောက်​ပတ်ပတ်လည်​တွင် မီးဖို​ဆောက်​ထား​၏​။


ထို​သူ​သည် ငါ့​အား အိမ်​တော်​ဝင်ပေါက်​သို့ ပြန်လည်​ခေါ်ဆောင်​လာ​ရာ အိမ်​တော်​တံခါးခုံ​အောက်​မှ အိမ်​တော်​မျက်နှာမူ​ရာ​အရှေ့ဘက်​သို့ ရေ​စီးထွက်​သွား​သည်​ကို တွေ့​ရ​၏​။ ထို​ရေ​တို့​သည် အိမ်​တော်​လက်ယာ​ဘက်​အောက်​၊ ယဇ်ပလ္လင်​တော်​တောင်ဘက်​မှ စီးဆင်း​သွား​၏​။


မိမိ​၏​အိမ်သူအိမ်သား​များ​အား အချိန်​တန်​သောအခါ အစားအစာ​ကို​စီစဉ်​ပေး​ရန် သူ​တို့​အပေါ်​သခင်​ခန့်ထား​သည့် သစ္စာ​နှင့်​ပညာ​သတိ​ရှိ​သော​အစေအပါး​ကား မည်သူ​နည်း။


သင်​တို့​၌​ရှိ​သည့် ဘုရားသခင်​၏​သိုးစု​ကို အုပ်ထိန်း​ကြ​လော့။ မလုပ်မဖြစ်​လုပ်​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ဘုရားသခင်​၏​အလို​တော်​နှင့်အညီ စေတနာ​စိတ်​ဖြင့်​လည်းကောင်း၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ စိတ်အား​ထက်သန်​စွာ​ဖြင့်​လည်းကောင်း ကြည့်ရှု​အုပ်ထိန်း​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ