မုခ်ဆောင်တိုင်များကိုတိုင်းရာ အမြင့်အတောင်ခြောက်ဆယ်စီရှိ၏။ မုခ်ဆောင်တံတိုင်းပတ်ပတ်လည်သည် မုခ်ဆောင်တိုင်အထိမြင့်၏။
ယေဇကျေလ 42:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါ့အား မြောက်ဘက်ထွက်ပေါက်လမ်းမှ အပြင်ဝင်းသို့ ခေါ်ဆောင်သွားပြီး မြေကွက်လပ်ဘက် မျက်နှာမူထားသော မြောက်ဘက်အဆောက်အအုံနှင့်မျက်နှာချင်းဆိုင် အခန်းများသို့ ခေါ်ဆောင်သွား၏။ Common Language Bible ထိုလူသည်ငါ့အားတံတိုင်းအပြင်ဝင်း အတွင်းသို့ခေါ်ဆောင်ကာဗိမာန်တော်မြောက် ဘက်၌ရှိသောအဆောက်အအုံသို့ခေါ် ဆောင်သွား၏။ ထိုအဆောက်အအုံသည် အလျားတစ်ရာခုနစ်ဆယ်ပေ၊ အနံရှစ် ဆယ့်ငါးပေရှိ၍ဗိမာန်တော်အနောက် ဘက်၌ရှိသည့်အဆောက်အအုံနှင့် မဝေးချေ။- Garrad Bible ထို့ နောက်၊ မြောက် ဘက် အ ပြင် တံ တိုင်း သို့ ငါ့ ကို ခေါ် ဆောင် ပြီး လျှင်၊ မ ဟာ ရံ နှင့် မြောက် တံ တိုင်း ရိုး ကြား တွင် လည်း ကောင်း၊ အ တွင်း တံ တိုင်း ရှိ အ တောင် နှစ် ဆယ် ကျယ် ရာ ကွက် လပ် နှင့် အ ပြင် တံ တိုင်း ကျောက် သ မံ တ လင်း ကြား တွင် လည်း ကောင်း၊ မြောက် တံ ခါး များ ရှိ လျက်၊ အ လျား အ တောင် တစ် ရာ၊ အ နံ အ တောင် ငါး ဆယ် ရှိ သော၊ တ တိ ယ အ ဆင့်၌၊ မျက် နှာ ချင်း ဆိုင် စင်္ကြံ များ နှင့် ပြည့် စုံ သည့် အ ခန်း စဉ် ရှေ့ သို့၊ ငါ့ ကို ခေါ် သွား လေ ၏။ Judson Bible ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တံတိုင်းထဲသို့ ခေါ်သွား၍၊ အိမ်တော်မြောက်ဘက်၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ၏။ |
မုခ်ဆောင်တိုင်များကိုတိုင်းရာ အမြင့်အတောင်ခြောက်ဆယ်စီရှိ၏။ မုခ်ဆောင်တံတိုင်းပတ်ပတ်လည်သည် မုခ်ဆောင်တိုင်အထိမြင့်၏။
ထို့နောက် သူသည် ငါ့ကို အပြင်ဝင်းသို့ ခေါ်ဆောင်သွား၏။ ဝင်းပတ်ပတ်လည်တွင် အခန်းများနှင့်ကျောက်ခင်းစင်္ကြံရှိ၏။ ထိုကျောက်ခင်းစင်္ကြံပေါ်တွင် အခန်းပေါင်းသုံးဆယ်ရှိ၏။
အပြင်ဝင်းတွင် မြောက်ဘက်သို့မျက်နှာမူသော မုခ်ဆောင်ရှိ၏။ ထိုမုခ်ဆောင်၏အလျားအနံကိုလည်း တိုင်းတာ၏။
ထို့နောက် သူသည် ငါ့ကို တောင်ဘက်သို့ခေါ်ဆောင်သွားရာ တောင်ဘက်တွင်လည်း မုခ်ဆောင်တစ်ခုရှိသည်ကို တွေ့ရ၏။ ထိုမုခ်ဆောင်၏တိုင်၊ ဆင်ဝင်တို့ကိုတိုင်းရာ အခြားမုခ်ဆောင်တို့နှင့် အတူတူပင်ဖြစ်၏။
တောင်မုခ်ဆောင်ကိုဖြတ်၍ အတွင်းဝင်းသို့ ငါ့ကိုခေါ်ဆောင်သွားပြီး အတွင်းဝင်းရှိ တောင်မုခ်ဆောင်ကိုတိုင်းရာ အခြားမုခ်ဆောင်တို့နှင့် အတိုင်းအတာ အတူတူဖြစ်၏။
ထို့နောက် ငါ့ကို ဗိမာန်တော်သို့ ခေါ်ဆောင်သွား၍ ကိန်းဝပ်တော်မူရာဌာနအဝင်ဝ တစ်ဖက်တစ်ချက်ရှိ တံခါးတိုင်များကိုတိုင်းရာ ထုခြောက်တောင်ရှိ၏။
အိမ်တော်ပတ်ပတ်လည်တွင် အဆောင်ခန်းများရှိ၏။ အိမ်တော်နှင့် ထိုအခန်းများ၏အကွာအဝေးမှာ အတောင်နှစ်ဆယ်ရှိ၏။
အခန်းငယ်များ၏အပြင်ဘက် အုတ်တံတိုင်းအကျယ်မှာ ငါးတောင်ရှိ၏။ အိမ်တော်အခန်းငယ်အပြင်ဘက်တွင် မြေကွက်လပ်တစ်ခုရှိ၏။
တောင်ဘက်တွင်လည်း ဝင်းတံတိုင်းအရှည်တစ်လျှောက် မြေကွက်လပ်ဘက်မျက်နှာမူထားသော တောင်ဘက်အဆောက်အအုံနှင့် မျက်နှာချင်းဆိုင်တွင် အဆောင်ခန်းများရှိ၏။
သူက ငါ့အား “နေရာလွတ်နှင့်မျက်နှာချင်းဆိုင် မြောက်ဘက်ရှိအခန်းများနှင့် တောင်ဘက်ရှိအခန်းများသည် သန့်ရှင်းသောအခန်းများဖြစ်၏။ ထာဝရဘုရားထံချဉ်းကပ်ရသော ယဇ်ပုရောဟိတ်တို့သည် ထိုအခန်းတို့တွင် အထူးသန့်ရှင်းသောအစာကိုစားရ၏။ ထိုအခန်းတို့သည် သန့်ရှင်းသောကြောင့် ထိုနေရာတွင် အထူးသန့်ရှင်းသောပူဇော်သက္ကာများဖြစ်သည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်တို့ကို ထားရှိ၏။
အဆောင်ခန်းများ၏မျက်နှာစာတွင် အလျားအတောင်တစ်ရာရှည်၍ အနံဆယ်တောင်ကျယ်သောလမ်းရှိ၏။ အခန်းတံခါးပေါက်များကား မြောက်ဘက်တွင်ရှိ၏။
သို့သော် ဗိမာန်တော်၏အပြင်ဘက်၌ရှိသည့်တံတိုင်းသည် လူမျိုးခြားတို့အားပေးထားသည်ဖြစ်၍ ၎င်းကိုမတိုင်းဘဲချန်ထားလော့။ ထိုသူတို့သည် သန့်ရှင်းသောမြို့တော်ကို လေးဆယ့်နှစ်လတိုင်တိုင် နင်းချေကြလိမ့်မည်။