Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 41:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ဆင်ဝင်​ရှိ​နံရံ​များ​တွင်​လည်းကောင်း​၊ အိမ်​တော်​အခန်းငယ်​များ​တွင်​လည်းကောင်း​၊ အမိုး​များ​တွင်​လည်းကောင်း ပြတင်းပေါက်ငယ်​များ​နှင့် စွန်ပလွံပင်ပုံ​များ​ပါရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ထို​အ​ခန်း​တွင်​ဘေး​ပြူ​တင်း​ပေါက်​များ​ရှိ​၍ နံ​ရံ​များ​၌​လည်း​စွန်​ပ​လွံ​ပင်​ပုံ​များ​ထု လုပ်​ထား​လေ​သည်။ ဗိ​မာန်​တော်​၏​ဘေး​ခန်း တွင်​လည်း သစ်​သား​ဖောင်း​ရစ်​များ​ရှိ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 မုတ် ဆောင် ဝဲ ယာ များ၌ လည်း၊ ရာ ဇ မတ် ပေါက် များ ရှိ သည့် ပြင်၊ စွန် ပ လွံ ပင် ပုံ ထု ပြီး ရှိ၏။ အ ခန်း ငယ် များ နှင့် စ မြင် လည်း ထို သို့ ထု လျက် ရှိ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 မုခ်​နံ​ရံ၊ အိမ်​တော်​အ​ခန်း​ထ​ရံ​တို့​သည် ထုပ်​များ၊ ကျဉ်း​သော ပြတင်း​ပေါက်​များ၊ စွန်​ပ​လွံ​ပင်​များ​နှင့် ပြည့်​စုံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 41:26
7 ပူးပေါင်းရင်းမြစ်များ  

ပြတင်းပေါက်​သုံး​တန်း​ပါရှိ​ပြီး တစ်တန်း​နှင့်​တစ်တန်း မျက်နှာချင်းဆိုင်​လျက်​ရှိ​၏​။


တိုင်လုံး​များ​ပါရှိ​သည့် အလျား​အတောင်​ငါးဆယ်​၊ အနံ​အတောင်​သုံးဆယ်​ရှိ​သော နန်းတော်​ခန်းမဆောင်​ကို​လည်း ဆောက်လုပ်​၏​။ ထို​တိုင်လုံး​များ​၏​မျက်နှာစာ​တွင် တိုင်​များ​နှင့်​အမိုး​ပါ​သော​ဆင်ဝင်ဆောင်​လည်း ရှိ​၏​။


မုခ်ဆောင်​အတွင်း​ပတ်ပတ်လည်​တွင် ပြတင်းပေါက်​ငယ်​များ​ပါရှိ​၏​။ မုခ်ဆောင်​အတွင်း​ဘက်​ရှိ အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​တို့​တွင် ပြတင်းပေါက်​ငယ်​များ​ပါရှိ​၏​။ တိုင်​များ​တွင် စွန်ပလွံပင်​ပုံ ဖော်​ထား​၏​။


ထို့နောက် ငါ့​အား အိမ်​တော်​၏​ဆင်ဝင်​သို့​ခေါ်ဆောင်​သွား​ပြီး ဆင်ဝင်​တိုင်​ကို​တိုင်း​ရာ ဆင်ဝင်​တစ်ဖက်​တွင် ထု​ငါး​တောင်​၊ အခြား​တစ်ဖက်​တွင် ထု​ငါး​တောင်​ရှိ​၏​။ တံခါးပေါက်​တစ်ဖက်​တွင် ထု​သုံး​တောင်​၊ အခြား​တစ်ဖက်​တွင် ထု​သုံး​တောင်​ရှိ​၏​။


ထို့နောက် မုခ်ဆောင်​ဆင်ဝင်​ကို​တိုင်း​ရာ အကျယ်​မှာ ရှစ်​တောင်​ရှိ​၍ ဆင်ဝင်​ရှိ​တိုင်​များ​၏​ထု​မှာ နှစ်​တောင်​စီ​ထူ​၏​။ မုခ်ဆောင်​ဆင်ဝင်​သည် အိမ်​တော်​ဘက်​သို့​မျက်နှာမူ​၏​။


တံခါးခုံ​များ​၊ ရာဇမတ်ကွက်​ပြတင်းပေါက်ငယ်​များ​နှင့် တံခါးခုံ​ရှေ့​ရှိ သုံးဘက်သုံးတန်​မှ​လျှောက်လမ်း​များ​ကို သစ်သား​ဖြင့် အလှဆင်​ထား​၏​။ ကြမ်းပြင်​မှ​ပြတင်းပေါက်​အထိ​နံရံ​များ​၊ ပြတင်းပေါက်​များ​ကို​လည်း သစ်သား​ဖြင့် အလှဆင်​ထား​၏​။


ထို့နောက် အိမ်​တော်​နံရံ​ကို​တိုင်း​ရာ​ထု​မှာ ခြောက်​တောင်​ရှိ​၏​။ အိမ်​တော်​နှင့်​ကပ်​လျက် အိမ်​တော်​ပတ်ပတ်လည်​ရှိ အခန်းငယ်​များ​မှာ တစ်ခန်း​လျှင်​လေး​တောင်​စီ အကျယ်​ရှိ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ