ယာကုပ်မှ သားမြေးများကိုထွန်းကားစေ၍ ယုဒအမျိုးအနွယ်မှ ငါ့တောင်များပိုင်ဆိုင်မည့်သူကို ငါထွက်ပေါ်စေမည်။ ငါရွေးချယ်သောသူများသည် အမွေဆက်ခံ၍ ငါ၏အစေအပါးများသည် ထိုအရပ်၌နေကြလိမ့်မည်။
ယေဇကျေလ 36:12 - မြန်မာ့စံမီသမ္မာကျမ်း ငါ့လူမျိုးတော်အစ္စရေးကို သင်တို့ပေါ်တွင် သွားလာစေမည်။ သူတို့သည် သင့်ကို အမွေမြေအဖြစ် အပိုင်သိမ်းကြလိမ့်မည်။ သူတို့၏သားသမီးတို့ကို သင်တို့ဆုံးရှုံးစေတော့မည်မဟုတ်’ဟု မိန့်တော်မူ၏။ Common Language Bible ငါ၏လူမျိုးတော်ဖြစ်သောဣသရေလ အမျိုးသားတို့ ငါသည်သင်တို့အားပြည် တော်တွင်တစ်ဖန်နေထိုင်နိုင်ကြစေရန်ငါ ခေါ်ဆောင်ခဲ့မည်။ ထိုပြည်သည်သင်တို့ပိုင် သောပြည်ဖြစ်လိမ့်မည်။ ယင်းသည်သင်တို့ ၏သားသမီးများအား နောင်အဘယ် အခါ၌မျှမဆုံးပါးစေရ။ Garrad Bible သင် တို့ အ ပေါ် တွင် သွား လာ ခွင့် ရ လျက်၊ ပိုင် ရ မည့် ဣ သ ရေ လ လူ မျိုး တော့် ဘိုး ဘ ပိုင် ဖြစ် မည့် အ လျောက်၊ သား ဆုံး ပါး စေ တော့ မည် မ ဟုတ် ဟု မိန့် တော် မူ ကြောင်း၊ Judson Bible သင်တို့အပေါ်မှာ လူများတည်းဟူသော ငါ၏လူဣသရေလအမျိုးသားတို့သည် သွားလာမည်အကြောင်း ငါပြုမည်။ သူတို့သည် သင်တို့ကိုသိမ်းယူ၍ အမွေခံရသဖြင့်၊ နောက်တစ်ဖန် သင်တို့ကြောင့် သားမဆုံးရှုံးရကြ။ |
ယာကုပ်မှ သားမြေးများကိုထွန်းကားစေ၍ ယုဒအမျိုးအနွယ်မှ ငါ့တောင်များပိုင်ဆိုင်မည့်သူကို ငါထွက်ပေါ်စေမည်။ ငါရွေးချယ်သောသူများသည် အမွေဆက်ခံ၍ ငါ၏အစေအပါးများသည် ထိုအရပ်၌နေကြလိမ့်မည်။
ငါသည် သူတို့ကို ဤပြည်ရှိမြို့တံခါးများ၌ ဆန်ကောဖြင့်လှေ့မည်။ သူတို့၏သားသမီးများကို ဆုံးပါးစေမည်။ ငါ့လူမျိုးသည် လမ်းလွဲရာမှ ပြန်မလာသောကြောင့် သူတို့ကို ငါဖျက်ဆီးမည်။
အကြောင်းမူကား အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက နောင်တွင် ဤပြည်၌ အိမ်များ၊ လယ်ယာများ၊ စပျစ်ခြံများကို ဝယ်ကြလိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ငါပြော၏။
ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောသူတို့ကို ငါပြန်လာစေသဖြင့် ဗင်္ယာမိန်ပြည်၊ ယုဒပြည်၊ ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ မြေနိမ့်ဒေသ၊ တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၌ လယ်တို့ကို အသိသက်သေများခေါ်၍ စာချုပ်တွင် လက်မှတ်ရေးထိုးတံဆိပ်ခတ်ပြီး ငွေဖြင့်ဝယ်ယူကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သူတို့သည် တံစိုးလက်ဆောင်ယူ၍ လူအသက်ကို သတ်ကြ၏။ သင်သည် အတိုးအမြတ်ယူ၍ အိမ်နီးချင်း၏ပစ္စည်းကို အနိုင်အထက်လုယူ၏။ ငါ့ကိုလည်း မေ့လျော့လေပြီ’ဟု မိန့်တော်မူ၏။
မြို့၌ရှိသောအကြီးအကဲတို့သည်လည်း သားကောင်ကိုကိုက်ဖဲ့သောဝံပုလွေကဲ့သို့ လူကို သတ်ဖြတ်ဖျက်ဆီးကြ၍ ဥစ္စာပစ္စည်းတို့ကို လုယူကြ၏။
သူတို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာမည်။ အရပ်ရပ်တို့မှ ပြန်လည်စုစည်း၍ နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။ အစ္စရေးတောင်တန်းများအပေါ်၊ မြစ်ချောင်းများအနားမှစ၍ သူတို့နေထိုင်ရာအရပ်ရပ်တို့တွင် သူတို့ကို ကျွေးမွေးမည်။
ကောင်းသောစားကျက်မြေတွင် သူတို့ကို ကျွေးမွေးမည်။ မြင့်မားသောအစ္စရေးတောင်တန်းများသည် သူတို့ကျက်စားရာနေရာဖြစ်လိမ့်မည်။ ကောင်းသောစားကျက်မြေတွင်နေရ၍ စိမ်းလန်းသောကျက်စားရာ အစ္စရေးတောင်တန်းများပေါ်တွင် သူတို့ကျက်စားရကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘လူတို့က သင်တို့အား သင်သည် လူကိုဝါးမျိုသောသူ၊ သင့်လူမျိုး၏သားသမီးတို့ကို ဆုံးပါးစေသောသူဖြစ်၏ဟူ၍ ဆိုကြ၏’ဟု မိန့်တော်မူ၏။
သင်တို့၏ဘိုးဘေးတို့အား ဤပြည်ကိုပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း သင်တို့သည် ညီအစ်ကိုချင်းတို့နှင့် အမွေကို အညီအမျှခွဲဝေကြရမည်။ ဤမြေသည် သင်တို့အမွေခံရာမြေ ဖြစ်ရမည်။
သူတို့သည် အစ္စရေးအမျိုးသားတို့အလယ်၌ မိမိတို့စူးစမ်းခဲ့သောပြည်၏မကောင်းသတင်းကို ဖြန့်ကြ၏။ သူတို့က “ငါတို့သွား၍စူးစမ်းခဲ့သောပြည်သည် မိမိပြည်သားတို့ကိုဝါးမျိုသောပြည်ဖြစ်ပြီး ထိုပြည်၌ ငါတို့တွေ့ခဲ့သောလူအားလုံးတို့သည် ထွားကျိုင်းကြ၏။