အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌ “ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
ယေဇကျေလ 35:5 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ရှေးယခင်ကပင် အငြိုးထားခဲ့၏။ အစ္စရေးအမျိုးသားတို့ ဘေးဒုက္ခရောက်ချိန်၊ အပြီးသတ်ဒဏ်ခတ်ခံရချိန်တွင် သင်သည် သူတို့ကို ဓားလက်သို့အပ်လိုက်၏။ Common Language Bible ``သင်သည်ဣသရေလပြည်အားအစဉ်ရန် ငြိုးဖွဲ့၏။ ထိုပြည်သည်မိမိ၏ဒုစရိုက်များ ကြောင့်အပြစ်ဒဏ်သင့်၍ ဘေးအန္တရာယ်ရောက် သောအခါသင်သည်ထိုပြည်သူတို့အား သတ်ဖြတ်စေခဲ့၏။- Garrad Bible သင် သည် အ စဉ် ရန် ညိုး ဖွဲ့၍၊ အ ပြီး သတ် ပြစ် ဒဏ် ခံ ရာ ဘေး ဥ ပဒ် သင့် သော ကာ လ၌၊ ဣ သ ရေ လ အ မျိုး သား တို့ ကို၊ ဓား ဘေး သို့ အပ် နှင်း ခဲ့ သော ကြောင့်၊ Judson Bible သင်သည် အစဉ်ရန်ငြိုးဖွဲ့၍ ဣသရေလအမျိုးသားတို့၌ အမှုရောက်သောကာလ၊ အပြစ်ကြောင့် ခံရသောကာလအဆုံး၌၊ သူတို့အသက်ကို ဓားနှင့် သတ်သောကြောင့်၊ |
အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌ “ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
ထို့ကြောင့် သူတို့၏သားသမီးများကို ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ကြုံတွေ့စေပါ၊ ဓားဖြင့်ကျဆုံးစေပါ။ သူတို့၏မိန်းမများကို သားသမီးများဆုံးပါးစေပါ၊ မုဆိုးမဖြစ်စေပါ။ ယောက်ျားတို့ကို သေမင်းလက်သို့ရောက်စေပါ။ လူပျိုတို့ကို တိုက်ပွဲ၌ ဓားဖြင့်သေစေပါ။
အို သေဒဏ်ခံရမည့်ဆိုးယုတ်သောအစ္စရေး၏ခေါင်းဆောင်၊ သင်အပြီးသတ်ဒဏ်ခတ်ခံရမည့် နေ့ရက်အချိန်ရောက်လာပြီ’ဟု မိန့်တော်မူ၏။
သင်တို့သည် မဟုတ်မမှန်သည်ကိုမြင်ပြီး အလိမ်အညာဗေဒင်များကို ဟောပြောနေစဉ်တွင် အပြီးသတ်ဒဏ်ခတ်မည့်နေ့ရက်သည် ရောက်လာပြီး ဓားတော်သည် သေဒဏ်ခံရမည့် ဆိုးယုတ်သူတို့၏လည်ပင်းပေါ်တွင် တင်ထားလျက်ရှိလေပြီ။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ဧဒုံလူမျိုးသည် ယုဒအမျိုးကို ရက်ရက်စက်စက်လက်တုံ့ပြန်ခဲ့၏။ ထိုသို့လက်တုံ့ပြန်ခြင်းဖြင့် ကြီးလေးသောအပြစ်ကို ပြုလေပြီ’ဟု မိန့်တော်မူ၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ဖိလိတ္တိလူမျိုးတို့သည် ရှေးယခင်ကပင်အငြိုးထားလျက် မလိုတမာစိတ်ဖြင့် ရက်ရက်စက်စက်လက်တုံ့ပြန်လေပြီ’ဟု မိန့်တော်မူ၏။
သင်သည် အစ္စရေးတောင်တန်းကို အရှက်ခွဲလျက် ထိုတောင်တန်းပျက်စီးပြီ၊ ငါတို့အစာဖြစ်လေပြီဟု ပြောဆိုသောစကားအလုံးစုံကို ငါကြားကြောင်း သင်သိရလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါ့ပြည်ကို ဝမ်းသာအားရအပိုင်သိမ်းယူခဲ့သော၊ စားကျက်မြေများကိုပါလုယူခဲ့သော အခြားတိုင်းပြည်များနှင့် ဧဒုံပြည်တစ်ပြည်လုံးကို စိတ်အားကြီးစွာဖြင့် ငါမိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
“အချင်းလူသား၊ အစ္စရေးပြည်အား ဘုရားရှင်ထာဝရဘုရားက ‘သူ၏နိဂုံးချုပ်ချိန်သည် ရောက်လာပြီ။ ပြည်တစ်ပြည်လုံး နိဂုံးချုပ်ချိန်ရောက်လေပြီ။
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။
တစ်ဖန် ထာဝရဘုရားက “ဧဒုံပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းကို သနားညှာတာစိတ်မထား၊ ဓားနှင့်လိုက်လံညှဉ်းဆဲတတ်၏။ အမျက်မပြေ၊ ဒေါသထွက်လျက် ကိုက်ဖဲ့တတ်၏။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ “ဂါဇမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ပြည်သူတစ်ရပ်လုံးကိုဖမ်းခေါ်သွားပြီး ဧဒုံပြည်သို့ အပ်လိုက်လေပြီ။