ယေဇကျေလ 35:4 - မြန်မာ့စံမီသမ္မာကျမ်း4 သင့်မြို့တို့ကိုလည်း ဖျက်ဆီးသဖြင့် သင်သည် လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible4 သင်၏မြို့တို့ကိုယိုယွင်းပျက်စီးစေ၍ သင့်ကို လူသူဆိတ်ငြိမ်ရာအရပ်ဖြစ်စေမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်း သင်သိရှိလိမ့်မည်။'' အခန်းကိုကြည့်ပါ။Garrad Bible4 မြို့ ရွာ များ ကို လည်း၊ မြို့ ဆိုး ကုန်း ရောက် စေ သော ကြောင့်၊ ဆိတ် ညံ သော သင် သည်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် ကြောင်း သိ ရ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible4 သင်၏မြို့တို့ကို ငါဖျက်ဆီးသဖြင့် သင်သည် လူဆိတ်ညံလျက် ရှိ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်လိမ့်မည်။ ဖာရောမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့အားဖြင့် ငါ၏ဘုန်းထင်ရှားလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်ဆိုတော်မူ၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
ထိုအခါ မိက္ခာယက ရှင်ဘုရင်အား “အစ္စရေးလူမျိုးအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ တောင်များပေါ်တွင် ကွဲလွင့်နေကြသည်ကို အကျွန်ုပ်တွေ့ပါ၏။ ထာဝရဘုရားကလည်း ‘ဤသူတို့၌ သခင်မရှိ။ သူတို့သည် ကိုယ့်အိမ်သို့အေးချမ်းစွာပြန်ကြပါစေ’ဟူ၍ မိန့်တော်မူပြီ”ဟု လျှောက်ပြန်၏။