ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍
ယေဇကျေလ 35:2 - မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ စိရတောင်သို့မျက်နှာမူပြီး ထိုတောင်ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။ Common Language Bible ကိုယ်တော်က``စိရတောင်သို့လှည့်၍ထိုပြည် ကိုရှုတ်ချလော့။- Garrad Bible အ ချင်း လူ့ သား၊ စိ ရ တောင် ကို မျက် နှာ မူ လျက် ဟော ပြော ဆင့် ဆို ရ မည် မှာ၊ Judson Bible အချင်းလူသား၊ သင်သည် စိရတောင်တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ |
ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍
အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှထွက်လာခဲ့စဉ်က ကိုယ်တော်သည် အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ စိရတောင်ပေါ်သားတို့၏နယ်မြေကို အစ္စရေးလူမျိုးတို့အား ကျူးကျော်ခွင့်မပေး။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် သူတို့ပြည်ကို မဖျက်ဆီးဘဲ ရှောင်သွားခဲ့ပါ၏။
အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌ “ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
ဘုရားရှင်ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူသောကြောင့် ငါသည် အသရေမပျက်ရ။ ကိုယ့်မျက်နှာကို မီးခတ်ကျောက်ကဲ့သို့ထား၏။ အရှက်ကွဲရလိမ့်မည်မဟုတ်ကြောင်း ငါသိ၏။
“အချင်းလူသား၊ တောင်ဘက်သို့ မျက်နှာမူပြီး တောင်ဘက်အရပ်ကို ဆန့်ကျင်ဟောပြောလော့။ တောင်ဘက်ရှိတောအုပ်ကို ဆန့်ကျင်၍ ပရောဖက်ပြုလော့။
“အချင်းလူသား၊ ဂျေရုဆလင်မြို့သို့ မျက်နှာမူပြီး သန့်ရှင်းရာဌာနများကို ဆန့်ကျင်၍ ဟောပြောလော့။ အစ္စရေးပြည်ကို ဆန့်ကျင်၍ ပရောဖက်ပြုလော့။
“အချင်းလူသား၊ အမ္မုန်အမျိုးသားတို့ဘက်သို့ မျက်နှာမူပြီး သူတို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မောဘပြည်နှင့် စိရပြည်တို့က ယုဒအမျိုးသည် လူမျိုးခြားတို့နှင့် အတူတူပင်ဖြစ်၏ဟု ဆိုကြသောကြောင့်
ထိုနေရာတွင် ဧဒုံပြည်နှင့်တကွ သူ၏ဘုရင်များ၊ သူ၏ခေါင်းဆောင်များ အားလုံးရှိ၏။ သူတို့သည် အရှိန်အဝါကြီးခဲ့သော်လည်း ဓားဖြင့်အသတ်ခံရသောသူတို့နှင့်အတူ သေရ၏။ တွင်းနက်ထဲသို့ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ လဲလျောင်းရကြ၏။
ဘုရားရှင်ထာဝရဘုရားက ‘ငါ့ပြည်ကို ဝမ်းသာအားရအပိုင်သိမ်းယူခဲ့သော၊ စားကျက်မြေများကိုပါလုယူခဲ့သော အခြားတိုင်းပြည်များနှင့် ဧဒုံပြည်တစ်ပြည်လုံးကို စိတ်အားကြီးစွာဖြင့် ငါမိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
ဩဗဒိမြင်ရသောဗျာဒိတ်နိမိတ်ကား ဤသို့တည်း။ ဧဒုံပြည်နှင့်ပတ်သက်၍ ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ ထာဝရဘုရားသည် လူမျိုးခြားတို့ထံသို့ သံတမန်ကို စေလွှတ်၍ “ထကြ၊ ဧဒုံပြည်ကို သွားတိုက်ကြစို့”ဟု ဆင့်ဆိုစေသောသတင်းစကားကို ငါတို့ကြားရပြီ။
ငါသည် နှုတ်ကိုဖွင့်သောအခါ ပြောရမည့်စကားကို ငါ့အားပေးတော်မူ၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို ရဲရင့်စွာပြောပြနိုင်ရန် ငါ့အတွက်လည်း ဆုတောင်းပေးကြလော့။
သူတို့ကိုရန်မစနှင့်။ စိရတောင်ကို ဧသောအား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏ပြည်ကို ခြေတစ်ဖဝါးစာမျှ သင်တို့အားငါမပေး။
ဣဇက်အား သားယာကုပ်နှင့်ဧသောကို ငါပေး၏။ ဧသောအား စိရတောင်ကို ငါအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကား အီဂျစ်ပြည်သို့ဆင်းသွားကြ၏။