Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 35:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ဘုရားရှင်​ထာဝရဘုရား​က ‘အို စိရ​တောင်​၊ သင့်​ကို​ငါ​ဆန့်ကျင်​မည်​။ ငါ့​လက်​ကို​ဆန့်​၍ သင့်​ကို​ဆန့်ကျင်​မည်​။ သင့်​ကို လူသူကင်းမဲ့​ရာ​၊ ဆိတ်ညံ​ရာ ဖြစ်​စေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 လူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ``စိ​ရ​တောင်​တို့၊ငါ​သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ ငါ​၏​လက်​ကို​ဆန့်​၍​ငါ​သည်​သင့်​အား​လူ​သူ ဆိတ်​ငြိမ်​ရာ​မြေ​ရိုင်း​ဒေ​သ​ဖြစ်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 အ ရှင် ထာ ဝ ရ ဘု ရား က၊ အို စိ ရ တောင်၊ သင့် ဆန့် ကျင် ဘက် ဖြစ် သော ငါ သည်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့်၊ ဆိတ် ညံ ရာ ဖုန်း ဆိုး ကုန်း ထား ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 အို စိ​ရ​တောင်၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​ကို ငါ​တိုက်၍ သုတ်​သင်​ပယ်​ရှင်း​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 35:3
18 ပူးပေါင်းရင်းမြစ်များ  

တစ်ဖန် ထာဝရဘုရား​က “​သင်​သည် ငါ့​ကို ပစ်ပယ်​လေ​ပြီ​။ ငါ့​ကို ကျောခိုင်း​သွား​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် လက်​ကို​ဆန့်​၍ သင့်​ကို ဖျက်ဆီး​မည်​။ သင့်​ကို သက်ညှာ​ရ​သည်​မှာ ငါ​ပင်ပန်း​လှ​ပြီ​။


“မည်သူ​သည် ငါ​တို့​ရှိ​ရာ​သို့​ဆင်းလာ​နိုင်​သနည်း​။ မည်သူ​သည် ငါ​တို့​၏​ခိုလှုံ​ရာ​အရပ်​သို့​ဝင်​နိုင်​သနည်း”​ဟု ပြောဆို​တတ်​သော “အို ချိုင့်ဝှမ်း​၌​နေ​သော​သူ​၊ အို ကျောက်​ကုန်းရိုး​၌​နေ​သော​သူ​၊ ကြည့်ရှု​လော့​။ သင့်​ကို ငါ​စီရင်​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​ဗောဇရ​ပြည်​သည် ထိတ်လန့်စရာ​၊ ကဲ့ရဲ့စရာ​၊ လူသူကင်းမဲ့​ရာ​၊ ကျိန်ဆဲစရာ ဖြစ်​ရ​လိမ့်မည်​။ ထို​ပြည်​ထဲရှိ​မြို့​များ​သည် ပြိုပျက်​ရာ​အစဉ်​ဖြစ်​ရ​မည်​ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်​၍​ကျိန်ဆို​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​ဧဒုံ​ပြည်​သည် ထိတ်လန့်စရာ​ဖြစ်​မည်​။ ဤ​ပြည်​ခံရ​သော​ဘေးဒဏ်​များ​ကြောင့် ဤ​ပြည်​နား ဖြတ်သန်းသွား​သော​သူ​တိုင်း အံ့ဩ​ကြ​လိမ့်မည်​၊ ကဲ့ရဲ့​ကြ​လိမ့်မည်​။


ထာဝရဘုရား​က “​အို ဖျက်ဆီး​တတ်​သော​တောင်​၊ မြေကြီး​တစ်ပြင်လုံး​ကို ဖျက်ဆီး​သော​တောင်​၊ ကြည့်ရှု​လော့​။ သင့်​ကို ငါ​စီရင်​မည်​။ ငါ​သည် လက်​ကို​ဆန့်​၍ သင့်​ကို ချောက်ကမ်းပါး​ပေါ်မှ လှိမ့်ချ​ပစ်​မည်​။ သင့်​အား မီးကျွမ်း​တောင်​ဖြစ်စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို​ပြည်သား​တို့​အပေါ် ငါ​၏​လက်​ကို​ဆန့်​မည်​ဖြစ်၍ သူ​တို့​၏​မယား​များ​နှင့်တကွ အိမ်​များ​၊ လယ်ယာ​များ​သည် အခြား​သူ​များ​လက်​ထဲသို့ ရောက်သွား​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


အစ္စရေး​ပြည်​အား ‘​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​သည် သင့်​ကို ဆန့်ကျင်​မည်​။ ဓားအိမ်​ထဲမှ​ဓား​ကို ဆွဲထုတ်​၍ သင့်​အထဲ​မှ လူဆိုး​လူကောင်း​မ​ကျန် သုတ်သင်​ပစ်​မည်​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် လက်​တော်​ကို​ဆန့်​၍ ဧဒုံ​ပြည်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်​ပစ်​မည်​။ ဆိတ်ညံ​ရာ​ဖြစ်​စေ​မည်​။ တေမန်​မြို့​မှစ၍ ဒေဒန်​မြို့​တိုင်အောင် ဓားဘေး​ကျရောက်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။


ကြည့်ရှု​လော့​။ ငါ​သည် သင်​နှင့် မြစ်ချောင်း​တို့​ကို ဖျက်ဆီး​မည်​။ မိဂဒေါလ​ပြည်​၊ သုဏေ​ပြည်​မှ အီသီယိုးပီးယား​ပြည်​၏​နယ်နိမိတ်​တိုင်အောင် အီဂျစ်​ပြည်​ကို ပြိုပျက်​ရာ​၊ တိတ်ဆိတ်​ခြောက်ကပ်​ရာ ဖြစ်​စေ​မည်​။


ဘုရားရှင်​ထာဝရဘုရား​က ‘​အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၊ နိုင်း​မြစ်​ကို​ငါ​ပိုင်​၏​၊ ငါ့​အဖို့ ငါ​ဖန်ဆင်း​ပြီ​ဟု ဆို​လျက် မြစ်ချောင်း​ထဲ​တွင် လဲလျောင်း​နေ​သော​သတ္တဝါကြီး​၊ သင့်​ကို ငါ​ဆန့်ကျင်​မည်​။


အစ္စရေး​အမွေမြေ​သည် လူသူကင်းမဲ့​ရာ​ဖြစ်​သောအခါ သင်​ဝမ်းမြောက်​သကဲ့သို့ သင့်​ကို ထိုသို့​ဖြစ်​စေ​မည်​။ အို စိရ​တောင်​၊ သင်​နှင့်တကွ ဧဒုံ​ပြည်​တစ်ပြည်လုံး လူသူကင်းမဲ့​ရာ ဖြစ်​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ငါ​သည် စိရ​တောင်​ကို ဆိတ်ညံ​ရာ​၊ လူသူကင်းမဲ့​ရာ ဖြစ်​စေ​မည်​။ ထို​တောင်​သို့ ဝင်ထွက်သွားလာ​သူ​မ​ရှိ​အောင် ငါ​လုပ်​မည်​။


ငါ​သည် အမျက်​ဒေါသ​ပြင်းစွာ​ဖြင့် သင့်​ကို​ဆုံးမ​၍ အပြစ်ဒဏ်​ပေး​သောအခါ သင့်​ဝန်းကျင်​ရှိ လူမျိုးတကာ​တို့​တွင် သင်​သည် ကဲ့ရဲ့စရာ​၊ ပုတ်ခတ်စရာ​၊ ခိုင်းနှိုင်းစရာ​၊ လူသူကင်းမဲ့​ရာ ဖြစ်​လိမ့်မည်​ဟု ငါ​ထာဝရဘုရား မိန့်​တော်မူ​ပြီ​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​ကိုယ်တိုင် သင့်​ကို​စီရင်​မည်​။ လူမျိုးတကာ​တို့​ရှေ့​တွင် သင့်​ကို​စီရင်​မည်​။


ငါ့​လက်​ကို​ဆန့်​၍ သူ​တို့​ကို ဆန့်ကျင်​မည်​။ ဒိဗလတ်​ကန္တာရ​မှစ၍ သူ​တို့​နေလေရာ​အရပ်ရပ်​တို့​ကို လူသူကင်းမဲ့​ရာ​၊ ဆိတ်ညံ​ရာ ဖြစ်​စေ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် သင့်​ကို တိုက်ခိုက်​မည်​။ သင့်​စစ်ရထား​ကို မီးရှို့​ပစ်​မည်​။ သင့်​ခြင်္သေ့ပျို​တို့​ကို ဓား​ဖြင့်​ဖျက်ဆီး​မည်​။ သင့်​သားကောင်​ကို မြေကြီး​ပေါ်မှ ဖယ်ရှား​ပစ်​မည်​။ စေတမန်​တို့​၏​အသံ​ကို​လည်း နောက်တစ်ဖန် ကြား​ရ​တော့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် သင့်​ကို​ဆန့်ကျင်​၍ သင့်​အဝတ်​ကို သင့်​မျက်နှာ​အုပ်​သွား​သည်​အထိ လှန်​ပစ်​မည်​။ ငါ​သည် သင် အဝတ်အချည်းစည်း​ရှိ​သည်​ကို လူမျိုးတကာ​တို့​အား ပြ​၍ သင်​အရှက်ကွဲ​သည်​ကို​လည်း တိုင်းနိုင်ငံ​တို့​အား ပြ​မည်​။


ဧသော​ကို​ကား ငါ​မုန်း​၏​။ ငါ​သည် သူ့​နေရာ​တောင်​တို့​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​၍ သူ့​အမွေမြေ​ကို​လည်း တောကန္တာရ​ခွေးအ​တို့​၌ အပ်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ