သို့သော် ထိုစကားတို့ အမှန်ဖြစ်လာသောအခါမှ သူတို့တွင် ပရောဖက်ရှိကြောင်းကို သူတို့သိကြလိမ့်မည်”ဟု မိန့်ဆို၏။
သို့ရာတွင်သင်၏ဟောကြားချက်မှန်သမျှ သည်မှန်ကန်လာရမည်ဖြစ်သည့်အတိုင်း အကောင်အထည်ပေါ်လာသောအခါ မိမိ တို့အလယ်တွင်ပရောဖက်တစ်ပါးရောက် ရှိနေကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ ရာ တွင်၊ အ တည် ဖြစ် မည့် ထို ဗျာ ဒိတ် အ တိုင်း ဖြစ် ပျက် သည့် ကာ လ၊ ချင်း တို့ ဘောင် တွင် ပ ရော ဖက် တစ် ပါး ပေါ် ထွန်း သည် ကို၊ သိ မှတ် ရ ကြ လ တ္တံ့ ဟူ ၍ တည်း။
သို့ရာတွင်၊ အမှုရောက်လိမ့်မည်။ အမှုရောက်သောအခါ သူတို့တွင်ပရောဖက်ရှိဖူးသည်ကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ထိုသို့ အစ္စရေးဘုရင်သည် မိမိအဝတ်ကိုဆုတ်ဖြဲကြောင်း ဘုရားသခင်၏လူဧလိရှဲကြားလျှင် ရှင်ဘုရင်ထံလူလွှတ်၍ “အဘယ်ကြောင့် ကိုယ့်အဝတ်ကိုဆုတ်ဖြဲရသနည်း။ ထိုသူကို အကျွန်ုပ်ထံသို့ လွှတ်လိုက်ပါ။ အစ္စရေးပြည်တွင် ပရောဖက်ရှိကြောင်းကို သူသိရလိမ့်မည်”ဟု မှာလိုက်၏။
ပရောဖက်တစ်ဦးက ငြိမ်းချမ်းခြင်းအကြောင်းကို ပရောဖက်ပြုဟောပြော၍ သူဟောသည့်အတိုင်းဖြစ်လာလျှင် သူသည် ထာဝရဘုရားစေလွှတ်တော်မူသောပရောဖက်ဖြစ်ကြောင်း သိရမည်”ဟု ဆို၏။
သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ သူတို့တွင် ပရောဖက်ရှိကြောင်းကို သူတို့သိရလိမ့်မည်။
ထိုနေ့တွင် ငါသည် တမန်တို့ကို သင်္ဘောဖြင့်စေလွှတ်၍ သူတို့သည် စိတ်အေးလက်အေးနေသော အီသီယိုးပီးယားပြည်သားတို့အား ခြောက်လှန့်မည်။ အီဂျစ်ပြည်ကြောင့် ထိတ်ထိတ်ပျာပျာဖြစ်သောနေ့ကဲ့သို့ဖြစ်ရမည့်နေ့ အမှန်ရောက်လာမည်’ဟု မိန့်တော်မူ၏။
သူတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် ထိုပြည်ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာဖြစ်စေသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏’ဟု ဆင့်ဆိုလော့။
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
ကြည့်ရှုလော့။ ငါမိန့်ဆိုခဲ့သောနေ့ရက်သည် အမှန်ပင်ရောက်ရှိဖြစ်ပျက်လာလိမ့်မည်’ဟု မိန့်တော်မူ၏။
‘ငါတို့ခြေတွင်ကပ်နေသည့် သင်တို့မြို့မှ မြေမှုန့်ကိုပင် ငါတို့ခါချခဲ့၏။ သို့သော် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ပေါ်ထွန်းလုနီးပြီဖြစ်ကြောင်း သိမှတ်ကြလော့’ဟု ဟောပြောကြလော့။