အရေဖျားလှီးခြင်းမခံသောသူတို့ကဲ့သို့ သင်သည် တစ်ပါးအမျိုးသားတို့လက်တွင် သေရမည်’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူပြီ”ဟု မိန့်ဆို၏။
ယေဇကျေလ 32:19 - မြန်မာ့စံမီသမ္မာကျမ်း ‘သင်သည် မည်သူထက်သာ၍ ချစ်ဖွယ်ကောင်းသနည်း။ အရေဖျားလှီးခြင်းကိုမခံသောသူတို့ရှိရာသို့ ဆင်းသွား၍ သူတို့နှင့်အတူ လဲလျောင်းလော့’ဟု ဆင့်ဆိုလော့။ Common Language Bible သူတို့အားဆင့်ဆိုရမည်မှာ သင်တို့သည်သူတစ်ပါးထက်ပို၍ တင့်တယ်ကြသလော။ လူသေတို့၏ကမ္ဘာသို့ဆင်း၍အရေဖျား လှီးမင်္ဂလာ မခံသူတို့နှင့်အတူအိပ်ကြလော့။ Garrad Bible သင် တို့ သည် မည် သူ ထက် တင့် တယ် သ နည်း။ ဆင်း သွား၍ လှီး ဖြတ် ခြင်း မဲ့ သူ တို့ နှင့် အ တူ အိပ် လဲ ကြ လော့။ Judson Bible သင်သည် သူတစ်ပါးထက်သာ၍ လှသလော။ အရေဖျားလှီးခြင်းကို မခံသောလူတို့နှင့်အတူ ဆင်းသက်၍ နေရာကျလော့။ |
အရေဖျားလှီးခြင်းမခံသောသူတို့ကဲ့သို့ သင်သည် တစ်ပါးအမျိုးသားတို့လက်တွင် သေရမည်’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူပြီ”ဟု မိန့်ဆို၏။
ဧဒင်ဥယျာဉ်ရှိအပင်တို့တွင် မည်သည့်အပင်သည် သင်ကဲ့သို့ ဂုဏ်သရေရှိသနည်း၊ ဘုန်းတန်ခိုးရှိသနည်း။ သို့သော် သင်သည် ဧဒင်ဥယျာဉ်ရှိအပင်များနှင့်အတူ တွင်းနက်ထဲသို့ ကျသွားရလိမ့်မည်။ ဓားဖြင့်အသတ်ခံရသောသူများနှင့်အတူ အရေဖျားလှီးခြင်းမခံသောသူများကြားတွင် သင်အိပ်ရလိမ့်မည်။ ဤကား ဖာရောမင်းကြီးနှင့်တကွ သူ၏လူတို့ကို ဆိုလိုသတည်း’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် သူ၏ပြည်သူပြည်သားတို့အား ‘သင်ကဲ့သို့ မည်သူကြီးမြတ်သနည်း။
မရဏာနိုင်ငံသို့ရောက်နှင့်နေသော အားကြီးသောသူရဲကောင်းတို့သည် အီဂျစ်နှင့်သူ၏မဟာမိတ်တို့အား ‘သူတို့သည် ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူတို့ရှိရာသို့ ဆင်း၍ သူတို့နှင့်အတူ လဲလျောင်းရပါပြီ’ဟု ဆိုကြလိမ့်မည်။
ထိုအရပ်တွင် ဧလံဘုရင်ရှိ၏။ သူ့လူအလုံးအရင်းတို့သည် သူ၏သင်္ချိုင်းပတ်ပတ်လည်တွင်ရှိ၏။ သူတို့သည် အသက်ရှင်စဉ် လောကလူသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၍ ဓားဖြင့်အသတ်ခံရသူများ ဖြစ်ကြ၏။ ယခုမူ မြေကြီးအောက်ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ သူတို့သည် အသရေပျက်လျက် တွင်းနက်ထဲသို့ကျသွားကြလေပြီ။
ထိုအရပ်တွင် မေရှက်အမျိုးသား၊ တုဗလအမျိုးသားနှင့် သူတို့၏ပြည်သူပြည်သားအားလုံးတို့လည်း ရှိကြ၏။ သူတို့ပတ်ပတ်လည်တွင် သင်္ချိုင်းဂူများ ဝိုင်းရံလျက်ရှိ၏။ သူတို့သည် ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူများဖြစ်ကြ၏။ သူတို့သည် မြေကြီးသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့သူများ ဖြစ်ကြ၏။
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။
ထိုသို့ ခြင်္သေ့နှင့် ဝက်ဝံတို့ကို အရှင့်အစေအပါး သတ်ခဲ့ပါ၏။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားနေသည့် အရေဖျားလှီးခြင်းမခံသော ဤဖိလိတ္တိပြည်သားသည်လည်း ထိုအကောင်ထဲမှတစ်ကောင်ကဲ့သို့သာ ဖြစ်ပါသည်”ဟု လျှောက်တင်၏။