Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 32:19 - Common Language Bible

19 သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ သင်​တို့​သည်​သူ​တစ်​ပါး​ထက်​ပို​၍ တင့်​တယ်​ကြ​သ​လော။ လူ​သေ​တို့​၏​ကမ္ဘာ​သို့​ဆင်း​၍​အ​ရေ​ဖျား လှီး​မင်္ဂ​လာ မ​ခံ​သူ​တို့​နှင့်​အ​တူ​အိပ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 သင် တို့ သည် မည် သူ ထက် တင့် တယ် သ နည်း။ ဆင်း သွား၍ လှီး ဖြတ် ခြင်း မဲ့ သူ တို့ နှင့် အ တူ အိပ် လဲ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သင်​သည် သူ​တစ်​ပါး​ထက်​သာ၍ လှ​သ​လော။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​နှင့်​အ​တူ ဆင်း​သက်၍ နေ​ရာ​ကျ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ‘သင်​သည် မည်သူ​ထက်​သာ၍ ချစ်ဖွယ်​ကောင်း​သနည်း​။ အရေဖျားလှီး​ခြင်း​ကို​မခံ​သော​သူ​တို့​ရှိ​ရာ​သို့ ဆင်းသွား​၍ သူ​တို့​နှင့်အတူ လဲလျောင်း​လော့’​ဟု ဆင့်ဆို​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 32:19
13 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​လူ​မျိုး​ခြား​တို့​၏​လက်​တွင်​အ​ရေ ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ရ​သေး​သူ​ကဲ့​သို့ သေ ရ​ပေ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ပင်​တည်း'' ဟု​မိန့်​တော် မူ​၏။


အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အာ​ရစ်​ပင်​ကား အီ​ဂျစ်​ဘု​ရင်​နှင့်​သူ​၏​ပြည်​သူ​တို့​ဖြစ်​၏။ ဧ​ဒင်​ဥ​ယျာဉ်​ထဲ​မှ​သစ်​ပင်​များ​ပင်​လျှင် ထို အ​ပင်​လောက်​မ​မြင့်​မား​မ​ခန့်​ညား​ကြ။ သို့ ရာ​တွင်​ထို​အ​ပင်​သည်​ဧ​ဒင်​ဥ​ယျာဉ်​မှ သစ်​ပင်​များ​ကဲ့​သို့​ပင် မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​ကာ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ခံ​ရ​သူ​များ၊ စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ များ​နှင့်​ပေါင်း​ဆုံ​ရ​ပေ​တော့​အံ့။ ဤ​ကား ငါ​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ဘု​ရင် နှင့်​သူ​၏​ပြည်​သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ သင်​တို့​သည်​လွန်​စွာ​တန်​ခိုး​ကြီး​ကြ​ပါ ပေ​သည်။ သင်​တို့​အား​အ​ဘယ်​သို့​နှိုင်း​ယှဉ်​၍​ပြ​ရ မည်​နည်း။


အ​ပြောင်​မြောက်​ဆုံး​သူ​ရဲ​ကောင်း​များ​က အီ​ဂျစ်​ပြည်​သား​တို့​နှင့်​သူ​တို့​ဘက်​မှ​တိုက် ခိုက်​သူ​များ​ကို မ​ရ​ဏာ​နိုင်​ငံ​မှ​ကြို​ဆို ကြ​လိမ့်​မည်။ သူ​တို့​က`စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့ ကြ​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ တို့​သည် ဤ​အ​ရပ်​သို့​ဆင်း​သက်​ကာ​အိပ် ကြ​ပြီ' ဟု​အော်​ဟစ်​ကြ​၏။''


``ဧ​လံ​သည်​မိ​မိ​စစ်​သူ​ရဲ​တို့​၏​သင်္ချိုင်း​များ ခြံ​ရံ​လျက် ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့​အား လုံး​ပင်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သူ​များ​ဖြစ်​၍ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ဘဲ​မ​ရ​ဏာ နိုင်​ငံ​သို့​ဆင်း​သက်​သွား​သူ​များ​ဖြစ်​ကြ​၏။ အ​သက်​ရှင်​စဉ်​အ​ခါ​က​သူ​တို့​သည်​သူ တစ်​ပါး​တို့​အား ထိတ်​လန့်​တုန်​လှုပ်​အောင် ပြု​ခဲ့​ကြ​သော်​လည်း​ယ​ခု​အ​ခါ​၌​မူ မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​သူ​များ နှင့်​အ​တူ​အ​သ​ရေ​ပျက်​၍​သေ​ရ​ကြ လေ​ပြီ။-


``မေ​ရှက်​နှင့်​တု​ဗ​လ​တို့​သည်​မိ​မိ​တို့​၏ စစ်​သူ​ရဲ​သင်္ချိုင်း​များ​ခြံ​ရံ​လျက်​ထို​အ​ရပ် တွင်​ရှိ​ကြ​၏။ သူ​တို့​အား​လုံး​သည်​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​မ​ခံ​ဘဲ​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​၍ မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​ရ​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​သည်​အ​ခါ​တစ်​ပါး​က အ​သက်​ရှင်​သူ​တို့​ကို​ထိတ်​လန့်​တုန်​လှုပ် စေ​ခဲ့​သူ​များ​ဖြစ်​ကြ​၏။-


ဒါ​ဝိဒ်​သည်​အ​နီး​၌​ရှိ​သော​လူ​တို့​အား``ဤ ဖိလိတ္တိ​အ​မျိုး​သား​ကို​သတ်​၍​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​အ​သ​ရေ​ကို​ဆယ်​နိုင်​သူ သည် အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​ရ​ပါ​မည် နည်း။ အ​ကယ်​စင်​စစ်​ဤ​ဘုရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တပ်​မ​တော်​ကို​အံ​တု​၍​နေ​ပါ​သ​နည်း'' ဟု​ဆို​၏။-


အ​ကျွန်ုပ်​သည်​ခြင်္သေ့​နှင့်​ဝက်​ဝံ​တို့​ကို​သတ်​ခဲ့​သူ ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ တပ်​မ​တော်​ကို​အံ​တု​သူ၊ ဤ​ဘု​ရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​အား​လည်း​သတ်​ဖြတ်​နိုင်​ပါ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ