အကျွန်ုပ်သေဆုံးခြင်းအားဖြင့်၊ သေတွင်းသို့အကျွန်ုပ်ဆင်းသွားခြင်းအားဖြင့် မည်သည့်အကျိုးရှိပါမည်နည်း။ မြေမှုန့်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်လော။ ကိုယ်တော်၏သမ္မာတရားကို ပြောကြားပါမည်လော။
ယေဇကျေလ 32:18 - မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ အီဂျစ်လူအုပ်ကြီးအတွက် ငိုကြွေးမြည်တမ်းလော့။ အီဂျစ်ပြည်နှင့် အင်အားကြီးသောလူမျိုးတို့၏သမီးပျိုတို့ကို တွင်းထဲကျသွားသောသူတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ပစ်ချလျက် Common Language Bible ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ပြည်မှ မြောက်မြားစွာသောလူအပေါင်းတို့အတွက် ငိုကြွေးမြည်တမ်းလော့။ သူမကိုအခြားတန် ခိုးကြီးသူလူမျိုးများ၏သမီးပျိုများ နှင့်အတူ မရဏာနိုင်ငံသို့ပို့ဆောင်လော့။ Garrad Bible အ ချင်း လူ့ သား၊ အိ ဂျစ် ပြည် သူ ပြည် သား တို့ နှင့်၊ လူ မျိုး ကြီး လူ မျိုး မြတ် တို့၏ သ မီး များ ကို၊ သင်္ချိုင်း တွင်း ဆင်း ရ သူ တို့ နှင့် တ ကွ၊ မြေ ပ ထ ဝီ နက် ရှိုင်း ရာ သို့ ချ အပ် လျက်၊ မြည် တမ်း ချက် ဖွဲ့ ဆို ရ မည် မှာ၊ Judson Bible အချင်းလူသား၊ အဲဂုတ္တုပြည်သားအလုံးအရင်းအတွက် မြည်တမ်းခြင်းကို ပြုလော့။ မြေတွင်းထဲသို့ ဆင်းသွားသော သူတို့နေရာ မြေအောက်အရပ်သို့ တိုင်အောင်၊ ကျော်စောသောလူမျိုး သတို့သမီးတို့နှင့်တကွ နှိမ့်ချလျက် မြွက်ဆိုရမည်မှာ၊ |
အကျွန်ုပ်သေဆုံးခြင်းအားဖြင့်၊ သေတွင်းသို့အကျွန်ုပ်ဆင်းသွားခြင်းအားဖြင့် မည်သည့်အကျိုးရှိပါမည်နည်း။ မြေမှုန့်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်လော။ ကိုယ်တော်၏သမ္မာတရားကို ပြောကြားပါမည်လော။
အကျွန်ုပ်၏အသက်ကိုပျက်စီးဆုံးပါးစေရန် ရှာကြံသောသူတို့သည် မြေကြီး၏နက်သောအရပ်သို့ ရောက်သွားကြလိမ့်မည်။
ထို့ကြောင့် ယာဇာမြို့အတွက် ငိုကြွေးသကဲ့သို့ စိဗမာစပျစ်ပင်အတွက်လည်း ငါငိုကြွေး၏။ အို ဟေရှဘုန်မြို့၊ အို ဧလာလေမြို့၊ သင့်ကို ငါ့မျက်ရည်ဖြင့် ရွှဲရွှဲစိုစေမည်။ အကြောင်းမူကား သင်၏နွေရာသီသီးနှံအတွက်၊ သင်၏သီးနှံရိတ်သိမ်းခြင်းအတွက် ကြွေးကြော်သံ ငြိမ်းလေပြီ။
လူမျိုးခြားများနှင့် တိုင်းနိုင်ငံများကို နုတ်ပယ်ဖြိုချရန်၊ ဖျက်ဆီးမှောက်လှန်ရန်၊ တည်ထောင်ပြုစုရန် ယနေ့ သင့်အား ငါခန့်ထားပြီ”ဟု မိန့်တော်မူ၏။
ရှေးလူတို့ရောက်သွားရာ တွင်းထဲသို့ သင့်ကိုရောက်သွားစေမည်။ ရှေးကာလကတည်းကပြိုပျက်ရာ မြေကြီးအောက်တွင်းနက်ထဲတွင် ထိုသူတို့နှင့်အတူ သင့်ကိုနေထိုင်စေမည်။ သင်ပြန်လာရမည်မဟုတ်။ အသက်ရှင်သူတို့၏ပြည်၌ကား ဂုဏ်သရေရှိစေမည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ရေနားမှာရှိသောအပင်တို့သည် မြင့်နိုင်တော့မည်မဟုတ်။ အပင်ထိပ်ဖျားသည် မိုးတိမ်ထိအောင် မြင့်နိုင်တော့မည်မဟုတ်။ ရေအလုံအလောက်ရသောအပင်အားလုံးတို့လည်း မြင့်နိုင်တော့မည်မဟုတ်။ အကြောင်းမူကား ထိုအပင်ရှိသမျှတို့ကို သေခြင်းလက်သို့ ပေးအပ်ထားပြီဖြစ်၍ လူသားတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ဆင်းသွားရမည်’ဟု မိန့်တော်မူ၏။
တွင်းထဲကျသွားသူတို့နှင့်အတူ သူ့ကိုမရဏာနိုင်ငံထဲသို့ ကျသွားစေသောအခါ သူကျသွားသောအသံကြောင့် လူမျိုးတကာတို့လည်း တုန်လှုပ်ကြ၏။ ထိုအခါ ဧဒင်ဥယျာဉ်မှ အပင်များ၊ လက်ဘနွန်တောင်မှ အကောင်းတကာ့အကောင်းဆုံးအပင်များ၊ ရေဝသောအပင်များလည်း မြေကြီးအောက်အရပ်၌ စိတ်သက်သာရာရလိမ့်မည်။
သင်၏လူအလုံးအရင်းကို ခွန်အားကြီးသောစစ်သူရဲတို့၏ဓားဖြင့် ကျဆုံးစေမည်။ အကြမ်းကြုတ်ဆုံးလူမျိုးအပေါင်းတို့သည် အီဂျစ်ပြည်၏မာနကို ချိုးပစ်လိမ့်မည်။ သူ၏လူအလုံးအရင်းတို့သည် ပျက်စီးသွားရလိမ့်မည်’ဟု မိန့်တော်မူ၏။
လူမျိုးတကာတို့မှ ငိုချင်းသည်မိန်းမတို့က ငိုချင်းဆိုကြလိမ့်မည်။ အီဂျစ်ပြည်နှင့် သူ၏လူအလုံးအရင်းတို့ကြောင့် ငိုချင်းဆိုကြလိမ့်မည်။ ဤသည်ကား အီဂျစ်ပြည်အတွက် ငိုချင်းဖြစ်၏’ဟူ၍ ဘုရားရှင်ထာဝရဘုရား မိန့်တော်မူသည်”ဟု မိန့်ဆို၏။
“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးအတွက် ငိုကြွေးမြည်တမ်းလျက် ‘သင်သည် လူမျိုးတကာတို့တွင် ခြင်္သေ့ပျိုနှင့်တူ၏။ မြစ်ချောင်းတို့တွင် ကူးခတ်သွားလာပြီး ထိုမြစ်ချောင်းတို့ကို ခြေဖြင့်မွှေနှောက်ကာ နောက်ကျိစေသော ပင်လယ်မြွေနဂါးနှင့်တူ၏’ဟု သူ့အား ဆင့်ဆိုလော့။
မရဏာနိုင်ငံသို့ရောက်နှင့်နေသော အားကြီးသောသူရဲကောင်းတို့သည် အီဂျစ်နှင့်သူ၏မဟာမိတ်တို့အား ‘သူတို့သည် ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူတို့ရှိရာသို့ ဆင်း၍ သူတို့နှင့်အတူ လဲလျောင်းရပါပြီ’ဟု ဆိုကြလိမ့်မည်။
ငါမြင်ရသောဗျာဒိတ်အာရုံသည် ဘုရားသခင်က မြို့ကိုလာဖျက်ဆီးမည်ဟု မိန့်ဆိုခဲ့စဉ်က မြင်ခဲ့ရသော ဗျာဒိတ်အာရုံနှင့်တူ၏။ ထိုဗျာဒိတ်အာရုံသည် ခေဗာမြစ်နား၌ ငါမြင်ခဲ့သော နိမိတ်အာရုံနှင့်လည်းတူ၏။ ထိုအခါ ငါပျပ်ဝပ်လေ၏။
ထို့ကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ချိုင်ပစ်ပြီ။ ငါ့နှုတ်ထွက်စကားများအားဖြင့် ကွပ်မျက်ပစ်ပြီ။ ငါ၏စီရင်ချက်တို့သည် နေ့အလင်းကဲ့သို့ ထွန်းလင်းတောက်ပ၏။
ထို့အတွက်ကြောင့် အကျွန်ုပ်ငိုကြွေးမြည်တမ်းမည်။ ဖိနပ်မစီး၊ အဝတ်မဝတ်ဘဲ သွားလာမည်။ ခွေးအကဲ့သို့အူပြီး ငှက်ကုလားအုတ်ကဲ့သို့ အော်မြည်မည်။
ကပေရနောင်မြို့၊ သင်သည် ကောင်းကင်အထိ ချီးမြှောက်ခြင်းကိုခံရပါမည်လော။ သင်သည် မရဏာနိုင်ငံတိုင်အောင် ကျဆင်းရလိမ့်မည်။ အကြောင်းမူကား သင်၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို သောဒုံမြို့၌ ပြုခဲ့လျှင် ထိုမြို့သည် ယနေ့တိုင်အောင် တည်ရှိခဲ့ပေလိမ့်မည်။
ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာ၍ ထိုမြို့ကိုမြင်တော်မူလျှင် ၎င်းအတွက် ငိုကြွေးလျက်
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။