Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 63:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 အကျွန်ုပ်​၏​အသက်​ကို​ပျက်စီးဆုံးပါး​စေရန် ရှာကြံ​သော​သူ​တို့​သည် မြေကြီး​၏​နက်သောအရပ်​သို့ ရောက်သွား​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ကြ​သူ တို့​သည် မ​ရ​ဏာ​နိုင်​ငံ​သို့​သက်​ဆင်း​ကြ​ရ​ပါ​လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အ ကျွန်ုပ် အ သက် ကို ဖျက် ဆီး ရန် ရှာ ကြံ သူ တို့ မူ ကား၊ မြေ ပ ထ ဝီ နက် ရှိုင်း ရာ သို့ ဆင်း ရ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အ​ကျွန်ုပ်​အ​သက်​ကို ဖျက်​ဆီး​ခြင်း​ငှာ​ရှာ​သော​သူ​တို့​သည် မြေ​ကြီး​အောက်​အ​ရပ်​သို့ ဆင်း​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 63:9
20 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ကို မြေမှုန့်​ထဲမှာ အတူ​မြှုပ်​ပစ်​လိုက်​ပါ​။ မှောင်မိုက်​ထဲ၌ သူ​တို့​မျက်နှာ​ကို စည်းထား​လိုက်​ပါ​။


ကိုယ်တော်​သည် အကျွန်ုပ်​ခြေလှမ်းစရာလမ်း​ကို ကျယ်ပြန့်​စေ​တော်မူ​သောကြောင့် အကျွန်ုပ်​ခြေ​မ​ချော်​ခဲ့​ပါ​။


အကျွန်ုပ်​ဒုက္ခ​ရောက်​သည်​ကို ဝမ်းမြောက်​သော​သူ​တို့​သည် အတူတကွ​အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​နှင့်ယှဉ်၍ မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တို့​သည် အရှက်ကွဲ​ခြင်း​နှင့် အသရေပျက်​ခြင်း​ကို ဝတ်ဆင်​ကြ​ရ​ပါစေသော​။


အကျွန်ုပ်​အသက်​ကို​ရန်ရှာ​သော​သူ​တို့​သည် အရှက်ကွဲ​၍ အသရေပျက်​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​ဒုက္ခ​ရောက်​ရန်​ကြံစည်​သော​သူ​တို့​သည် နောက်​သို့​ပြန်ဆုတ်​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။


အကျွန်ုပ်​အသက်​ကို​ရန်ရှာ​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ထောင်ဖမ်း​ကြ​ပါ​၏​။ အကျွန်ုပ်​ဒုက္ခ​ရောက်​ရန်​ရှာကြံ​သော​သူ​တို့​သည် ပျက်စီး​ခြင်း​အကြောင်း​များ​ပြောဆို​၍ လိမ်လည်လှည့်ဖြားမှု​များ​ကို တစ်နေ့လုံး​ကြံစည်​ကြ​ပါ​၏​။


အကျွန်ုပ်​အသက်​ကို​ဖျက်ဆီး​ရန် ရှာကြံ​သော​သူ​တို့​သည် အတူတကွ​အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​ကို​ဒုက္ခရောက်​စေ​လို​သော​သူ​တို့​သည် နောက်​သို့​ပြန်ဆုတ်​၍ အသရေပျက်​ကြ​ရ​ပါစေသော​။


သေ​ခြင်း​သည် သူ​တို့​ကို ရုတ်တရက်​ဖမ်း​ပါစေ​။ သူ​တို့​သည် မရဏာနိုင်ငံ​သို့ အရှင်လတ်လတ်​ဆင်းသွား​ကြ​ရ​ပါစေ​။ အကြောင်းမူကား မကောင်းမှု​တို့​သည် သူ​တို့​တည်းခိုနေထိုင်​ရာ​နေရာ သူ​တို့​အလယ်​၌​ရှိ​ကြ​၏​။


သို့သော် အို ဘုရားသခင်​၊ ကိုယ်တော်​သည် ထို​သူ​တို့​ကို ပုပ်ပျက်ရာ​တွင်း​ထဲသို့​ဆင်းသွား​စေ​တော်မူ​၏​။ သွေးဆာ​သော​သူ​နှင့် လိမ်လည်လှည့်ဖြား​သော သူ​တို့​သည် မိမိ​တို့​နေ့ရက်​ကာလ​၏​ထက်ဝက်​မျှပင် အသက်ရှင်​ရ​မည်​မ​ဟုတ်​။ အကျွန်ုပ်​မူကား ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ပါ​မည်​။


အကျွန်ုပ်​အသက်​ကို ရန်ရှာ​သော​သူ​တို့​သည် အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​ကို ဒုက္ခရောက်​စေ​လို​သော​သူ​တို့​သည် နောက်​သို့​ပြန်ဆုတ်​၍ အသရေပျက်​ကြ​ရ​ပါစေသော​။


အကြောင်းမူကား အကျွန်ုပ်​အပေါ်​ထားရှိ​သော ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကြီးမား​လှ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို နက်ရှိုင်း​သော​မရဏာနိုင်ငံ​မှ ကယ်နုတ်​တော်မူ​ပြီ​။


ဆိုးယုတ်​သော​သူ​တို့​နှင့် ဘုရားသခင်​ကို​မေ့လျော့​သော​လူမျိုး​အပေါင်း​တို့​သည် မရဏာနိုင်ငံ​သို့​လှည့်သွား​ကြ​ရ​လိမ့်မည်​။


“ကိုယ့်​ချစ်သူ​ကို​မှီ​၍ တောကန္တာရ​မှ​လာ​သော​သူ​ကား မည်သူ​နည်း​။” “ပန်းသီးပင်​အောက်​တွင် အရှင့်​ကို အကျွန်ုပ်​နှိုး​ခဲ့​ပြီ​။ ထို​အရပ်​တွင် အရှင့်​မိခင်​သည် အရှင့်​ကို​သန္ဓေတည်​ခဲ့​ပါ​၏​။ အရှင့်​ကို သန္ဓေလွယ်​၍ ဖွားမြင်​ခဲ့​ပါ​၏​။


သို့သော် သင်​သည် မရဏာနိုင်ငံ​၊ တွင်း​၏​အနက်ဆုံး​နေရာ​သို့ ကျသွား​လိမ့်မည်​။


သင်​မူကား သင်​၏​သင်္ချိုင်းဂူ​နှင့်​ဝေး​ရာ​၌ ဆွေးမြည့်​သော​သစ်ကိုင်း​ကဲ့သို့ လွှင့်ပစ်​ခြင်း​ခံရ​၏​။ အသတ်​ခံရ​သော​သူ​၊ ဓား​ထိုး​ခံရ​သော​သူ​၊ ကျောက်​တွင်း​ထဲသို့​ကျ​သော​သူ​တို့​၏​အသေကောင်​များ​ဖြင့် ဖုံးအုပ်​ခြင်း​ခံရ​လျက် အနင်း​ခံရ​သော အလောင်းကောင်​ကဲ့သို့​ဖြစ်​၏​။


သင်​ရောက်လာ​မည်​ဖြစ်၍ အောက်​အရပ်​ရှိ​မရဏာနိုင်ငံ​သည် စိတ်လှုပ်ရှား​စွာ​ဖြင့်​ကြိုဆို​နေ​၏​။ သေလွန်​ပြီး​သော ကမ္ဘာမြေကြီး​၏​ခေါင်းဆောင်​အပေါင်း​တို့​ကို လှုံ့ဆော်​၏​။ တိုင်းနိုင်ငံ​တို့​၏​ရှင်ဘုရင်​အပေါင်း​တို့​ကို ရာဇပလ္လင်​မှ​ထ​စေ​၏​။


ယုဒ​သည် မိမိ​နေရာ​သို့​သွား​ရန် တမန်တော်​အရိုက်အရာ​မှ ရွေ့လျော​ဖောက်ပြန်​သွား​သည်​ဖြစ်၍ ဤ​အမှု​တော်​လုပ်ငန်း​နှင့် တမန်တော်​အရိုက်အရာ​ကို​ဆက်ခံ​ရန် ဤ​သူ​နှစ်​ဦး​ထဲမှ ကိုယ်တော်​ရွေးကောက်​သော​သူ​ကို ဖော်ပြ​တော်မူ​ပါ”​ဟု ဆုတောင်း​ကြ​၏။


တစ်စုံတစ်ယောက်​သည် ထ​၍ သခင့်​ကို​လိုက်​ပြီး သခင့်​အသက်​ကို ရန်ရှာ​မည်​ဆို​လျှင် သခင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​သခင်​၏​အသက်​ကို အသက်​အိတ်​ထဲ၌​လုံခြုံ​စွာ ထုပ်​ထား​တော်မူ​ပါစေသော​။ သခင့်​ရန်သူ​တို့​၏​အသက်​ကို​ကား လောက်လွှဲ​ထဲမှ​လောက်စာလုံး​ကို လွှဲပစ်​သကဲ့သို့ လွှဲပစ်​တော်မူ​ပါစေသော​။


ထာဝရဘုရား​သည် သင်​နှင့်​အစ္စရေး​လူမျိုး​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​မည်​။ မနက်ဖြန်​နေ့​တွင် သင်​နှင့် သင့်​သား​တို့​သည် ငါ​နှင့်အတူ​ရှိ​လိမ့်မည်​။ ထာဝရဘုရား​သည် အစ္စရေး​စစ်သည်​တို့​ကို​လည်း ဖိလိတ္တိ​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​မည်​”​ဟု သူ့​အား ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ