ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
ယေဇကျေလ 3:19 - မြန်မာ့စံမီသမ္မာကျမ်း အကယ်၍ ဆိုးယုတ်သောသူကို သင်သတိပေးသော်လည်း သူသည် ဆိုးယုတ်သောအပြစ်လမ်းမှ ပြန်မလှည့်လျှင် သူ့အပြစ်အတွက် သူသေရမည်။ သင်မူကား အသက်ချမ်းသာရာရလိမ့်မည်။ Common Language Bible သင်သည်အပြစ်ကူးလွန်သူတစ်စုံတစ် ယောက်အားအမှန်ပင်သတိပေးသော်လည်း သူသည်မိမိ၏ဒုစရိုက်ကိုမရပ်မစဲဘဲနေ ခဲ့သော် မိမိကူးလွန်သည့်အပြစ်အတွက် သေရလိမ့်မည်။ ထိုအခါငါသည်သင့်အား အသက်ချမ်းသာပေးမည်။'' Garrad Bible သင် သ တိ ပေး သော လူ ဆိုး သည်၊ မ ကောင်း မှု နှင့် ဆိုး သွမ်း သော အ လေ့ အ လာ မှ မ ကြဉ် ရှောင် လျှင်၊ ကိုယ့် ဒု စ ရိုက် ကြောင့် သေ ဒဏ် ခံ ရ လျက် ပင် သင် မူ ကား၊ ကိုယ့် အ သက် ကို ကယ် လေ ပြီ။ Judson Bible သို့မဟုတ်၊ သင်သည် လူဆိုးကို သတိပေးလျက်နှင့် သူသည် မိမိပြုသော ဒုစရိုက်ကိုလည်းကောင်း၊ မိမိလိုက်သော အဓမ္မလမ်းကိုလည်းကောင်း မရှောင်ဘဲနေလျှင်၊ မိမိအပြစ်၌ သေလိမ့်မည်။ သင်မူကား၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နုတ်လေပြီ။ |
ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
ထိုပြည်တွင် နောဧ၊ ဒံယေလ၊ ယောဘ စသော ပုဂ္ဂိုလ်သုံးဦးရှိနေလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာသူတို့ ကယ်တင်နိုင်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါအသက်ရှင်သည်နှင့်အညီ ထိုပြည်ထဲတွင် နောဧ၊ ဒံယေလ၊ ယောဘတို့ရှိလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာ သူတို့ကယ်တင်နိုင်မည်။ သူတို့သားသမီးကို ကယ်တင်နိုင်မည်မဟုတ်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဆိုးယုတ်သောသူအား ‘သင်မုချသေရမည်’ဟု ငါဆိုလျက်နှင့် သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရရန် သင်သည် သူ့ကို သတိမပေး၊ မပြောပြဘဲနေလျှင် ထိုဆိုးယုတ်သောသူသည် သူ့အပြစ်ကြောင့် သေရမည်။ သို့သော် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။
အကယ်၍ ဖြောင့်မတ်သောသူအား အပြစ်မပြုရန် သင်သတိပေးသဖြင့် သူသည် အပြစ်မပြုဘဲနေလျှင် ထိုသို့သတိပေးသည်ကို ခံယူသောကြောင့် သူသည် မုချအသက်ရှင်မည်။ သင်သည်လည်း အသက်ချမ်းသာရာရလိမ့်မည်”ဟု မိန့်ဆို၏။
ထိုသူသည် ပြည်သို့ ဓားဘေးကျရောက်သည်ကို သိမြင်ပြီး တံပိုးမှုတ်လျက် ပြည်သားတို့ကို သတိပေးသောအခါ
တံပိုးမှုတ်သံကိုကြားသော်လည်း သတိမထားသောကြောင့် အသက်သေသွားလျှင် ကိုယ်နှင့်သာဆိုင်၏။ သတိထားသောသူမူကား အသက်ချမ်းသာရာရမည်။
အကယ်၍ ဆိုးယုတ်သောသူအား ဆိုးယုတ်သောလမ်းမှပြန်လှည့်စေရန် သင်သတိပေးသော်လည်း သူသည် ပြန်မလှည့်ဘဲနေလျှင် သူ့အပြစ်ကြောင့် သူသေရမည်။ သင်မူကား အသက်ချမ်းသာရာရမည်။
သို့ဖြစ်၍ ငါသည် အားလုံး၏သွေးနှင့်ကင်းရှင်းကြောင်း ယနေ့ပင် သင်တို့အား ငါသက်သေခံ၏။
ထိုအမှုအရာမျိုး၌ မိမိညီအစ်ကိုအပေါ်စည်းဖောက်၍ အခွင့်ကောင်းမယူကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သင်တို့ကို သတိပေး၍ ကြိုတင်ပြောထားခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးအတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။
သင့်ကိုယ်သင်သော်လည်းကောင်း၊ သင်၏သွန်သင်ချက်ကိုသော်လည်းကောင်း ဂရုစိုက်၍ ထိုသွန်သင်ချက်တို့၌ အမြဲတည်နေလော့။ အကြောင်းမူကား သင်သည် ထိုသို့ပြုခြင်းဖြင့် သင့်ကိုယ်သင်နှင့် သင့်ကိုနားထောင်သောသူတို့ကို ကယ်တင်လိမ့်မည်။
သင်တို့သည် မိန့်တော်မူသောအရှင်ကို မငြင်းပယ်မိစေရန် သတိပြုကြလော့။ အကြောင်းမူကား မြေကြီးပေါ်တွင် ဗျာဒိတ်တော်ပေးသောသူကို ငြင်းပယ်သောသူတို့သည် အပြစ်ဒဏ်မှမလွတ်ပါက ကောင်းကင်ဘုံမှဗျာဒိတ်တော်ပေးသောသူကို ငါတို့ငြင်းပယ်လျှင် ပို၍ပင် လွတ်စရာအကြောင်းမရှိ။