သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ နန်းတော်တွင်သာ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူနေပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။
ယေဇကျေလ 28:5 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ကုန်သွယ်ရာ၌ ကျွမ်းကျင်လွန်း၍ ဥစ္စာပစ္စည်းတိုးပွားလာ၏။ သင်၏ဥစ္စာပစ္စည်းကြောင့် ဘဝင်မြင့်၏’ဟု မိန့်တော်မူ၏။ Common Language Bible ကုန်သွယ်မှုတွင်လည်းကျွမ်းကျင်သည့် အတွက်အမြတ်အစွန်းများကိုဆက်ကာ ဆက်ကာရရှိနေခဲ့၏။ သင်သည်မိမိ၏ စည်းစိမ်ချမ်းသာကိုဂုဏ်ယူဝါကြွားပါ သည်တကား။'' Garrad Bible ပ ညာ လွန် ကဲ လျက်၊ ဖောက် ကား ရေး ဖြင့် စည်း စိမ် တိုး ပွား ခြင်း၊ စည်း စိမ် ရှိ လျက် စိတ် နေ မြင့် ခြင်း များ နှင့် ပြည့် သော သင် သည်၊ Judson Bible ထူးဆန်းသော ပညာနှင့် ကုန်စလယ်များအားဖြင့် စည်းစိမ်ကြီး၍၊ ထိုစည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ။ |
သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ နန်းတော်တွင်သာ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူနေပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။
သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ ကိုယ့်နန်းတော်၌သာ ကိုယ်စံမြန်းပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။
“ဘုရားသခင်ကို မိမိ၏မှီခိုရာမဖြစ်စေဘဲ မိမိ၏ဓနဥစ္စာကြွယ်ဝမှုကိုယုံကြည်ကိုးစားသောသူကို ကြည့်ကြလော့။ သူသည် မိမိ၏ယုတ်မာစဉ်းလဲမှုအားဖြင့် အားကြီးလာ၏”ဟု ဆိုလျက် သူ့ကိုရယ်မောကြလိမ့်မည်။
ဖိနှိပ်ချုပ်ချယ်မှုကို ယုံကြည်ကိုးစားခြင်းမပြုကြနှင့်။ လုယက်မှုအပေါ်၌လည်း အချည်းနှီးမမျှော်လင့်ကြနှင့်။ ဥစ္စာပစ္စည်းတိုးပွားလျှင်လည်း ထိုအရာတို့ကို စိတ်စွဲလမ်းခြင်းမရှိကြနှင့်။
ဘုရားသခင်က တစ်ကြိမ်မိန့်တော်မူပြီး နှစ်ကြိမ် ငါကြားရသောအရာဟူမူကား အစွမ်းသတ္တိကို ဘုရားသခင်ပိုင်တော်မူ၏။
မိမိ၏ဓနဥစ္စာကို ကိုးစားသောသူသည် ကျဆုံးလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သစ်ရွက်ကဲ့သို့ ပွင့်လန်းဝေဆာလိမ့်မည်။
မိမိကိုယ်ကို ပညာရှိဟု ထင်မြင်သောသူကို သင်တွေ့မြင်သလော။ ထိုသူထက် မိုက်မဲသောသူ၌ ပို၍မျှော်လင့်ချက်ရှိ၏။
သို့မဟုတ်လျှင် အကျွန်ုပ်သည် ပြည့်စုံကြွယ်ဝ၍ “ထာဝရဘုရားသည် မည်သူနည်း”ဟု ဆိုလျက် ကိုယ်တော်ကိုငြင်းပယ်မိပါလိမ့်မည်။ သို့တည်းမဟုတ် အကျွန်ုပ်သည် ဆင်းရဲ၍ခိုးယူကာ အကျွန်ုပ်ဘုရားသခင်၏နာမတော်ကို ထိခိုက်မိစေပါလိမ့်မည်။
ပင်လယ်လမ်းမှဝင်ရောက်လာသော ရှိဟောရမြစ်၏မျိုးစေ့၊ နိုင်းမြစ်၏အသီးအနှံသည် တိုင်ရာမြို့အတွက် အမြတ်အစွန်းဖြစ်၏။ ထိုမြို့သည် တိုင်းနိုင်ငံတို့ကူသန်းရောင်းဝယ်ရာအရပ်ဖြစ်၏။
တိုင်ရာမြို့သည် အခြားမြို့များကို သရဖူဆောင်းပေးတတ်သောမြို့ဖြစ်၏။ ထိုမြို့၏ကုန်သည်တို့သည် မှူးမတ်များ၊ ကူးသန်းရောင်းဝယ်သူတို့သည် မြေကြီးပေါ်တွင် ချီးမြှောက်ခံရသူများဖြစ်ကြ၏။ ထိုမြို့ကို ထိုသို့ဖြစ်အောင် မည်သူကြံစည်သနည်း။
မိမိကိုယ်မိမိပညာရှိသူ၊ အသိဉာဏ်ရှိသူဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
အို ဖောက်ပြန်သောသမီးပျို၊ သင်သည် ဥစ္စာဘဏ္ဍာကို ကိုးစား၍ ‘ငါ့ကို မည်သူဆန့်ကျင်ဝံ့သနည်း’ဟု ဆိုလျက် အဘယ်ကြောင့် ချိုင့်ဝှမ်းတို့၌ ဝါကြွားသနည်း။ ထိုချိုင့်ဝှမ်းတို့ ယိုယွင်းပျက်စီးလေပြီ။
ကြည့်လော့။ ဤသည်မှာ သင့်ညီမသောဒုံ၏အပြစ်ဖြစ်၏။ သူနှင့်သူ့သမီးတို့သည် မာနကြီး၏။ စားစရာအလျှံအပယ်ရှိ၏။ အပူအပင်ကင်းလျက် စိတ်အေးလက်အေး နေထိုင်ရ၏။ သို့သော် ဆင်းရဲနွမ်းပါးသူတို့ကို ထောက်ပံ့ကူညီခြင်းမရှိ။
သင့်အလှကြောင့် သင်ဘဝင်မြင့်လေပြီ။ သင့်ခန့်ညားထည်ဝါမှုကြောင့် ပညာမဲ့ဖြစ်လေပြီ။ ငါသည် သင့်ကိုမြေပေါ်သို့ပစ်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကိုကြည့်၍ လှောင်ပြောင်ကြလိမ့်မည်။
“အချင်းလူသား၊ တိုင်ရာမင်းကြီးအား ဤသို့ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဘဝင်မြင့်၍ ငါသည် ဘုရားဖြစ်၏။ သမုဒ္ဒရာအလယ် ဘုရားတို့၏ပလ္လင်တော်၌ စံမြန်း၏ဟု သင်ဆို၏။ သင်သည် ဘုရားမဟုတ် လူသားဖြစ်လျက်နှင့် သင့်စိတ်ထဲတွင် သင့်ကိုယ်သင် ဘုရားဟုထင်မှတ်၏။
တောင်ဘုရင်သည် ထိုစစ်သည်အလုံးအရင်းကို သိမ်းသွားနိုင်သဖြင့် ဘဝင်မြင့်လာလိမ့်မည်။ သူသည် လူထောင်ပေါင်းများစွာကို ချေမှုန်းနိုင်သော်လည်း သူ့အာဏာတည်လိမ့်မည်မဟုတ်။
“ဤဘေဘီလုံမြို့ကြီးသည် ငါ၏ခန့်ညားသောဂုဏ်သရေကို ထင်ဟပ်ပြရာ မင်းမြို့တော်အဖြစ် ငါ့အစွမ်းသတ္တိ၊ ငါ့တန်ခိုးအာဏာဖြင့် တည်ဆောက်ခဲ့သောမြို့ကြီးဖြစ်သည် မဟုတ်လော”ဟု မြွက်ဆို၏။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
သူတို့ကို ဝလင်စွာကျွေးမွေးခဲ့၏။ သူတို့ဝလင်လာသောအခါ ထောင်လွှားသောစိတ်ဝင်၍ ငါ့ကို မေ့လျော့လာကြ၏။
တိုင်ရာမြို့သည် ခံတပ်ကိုတည်၍ ငွေတို့ကိုမြေမှုန့်ကဲ့သို့လည်းကောင်း၊ ရွှေတို့ကိုလမ်းပေါ်မှရွှံ့ကဲ့သို့လည်းကောင်း စုပုံထားကြ၏။
အချင်းချင်းတစ်စိတ်တစ်သဘောတည်းရှိကြလော့။ ထောင်လွှားသောသဘောမရှိဘဲ အခြေအနေနိမ့်ပါးသောသူတို့နှင့် ပေါင်းသင်းဆက်ဆံကြလော့။ မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍ မထင်မှတ်ကြနှင့်။
ထိုအခါ သင့်စိတ်ထဲ၌ ‘ဤဥစ္စာပစ္စည်းကို ငါ့အစွမ်း၊ ငါ့ခွန်အားဖြင့် ငါရရှိခဲ့၏’ဟု ဆိုမိလိမ့်မည်။
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊